စစ်တွေမြို့တွင်းကသစ်ပင်တွေကို အလွန်အကျွံမခုတ်ဖို့ လူမှုအဖွဲ့အစည်းတွေက အစိုးရကိုတောင်းဆို

စ်တွေ၊ ဧပြီ ၂၃-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်စစ်တွေမြို့ပေါ်မှာ ထိန်းသိမ်းထားတဲ့ သစ်ပင်တွေကို မြို့နယ်လျှပ်စစ်ဌာနကနေ အခုရက်ပိုင်းအတွင်းမှာ ခုတ်လှဲရှင်းလင်းမှုတွေ ပြုလုပ်ရာမှာ ပင်စည်တွေကိုပါ ခုတ်ယူပြီး ထင်းလောင်စာအဖြစ်ထုတ်လုပ်ရောင်းချနေတဲ့အတွက် တချို့နှစ်ရှည်သစ်ပင်ကြီးတွေ ဆုံးရှုံးနေရတာကြောင့် ဆက်လက်ပြီးတော့ လိုအပ်တာထက် အလွန်အကျွံမခုတ်ဖို့ လူမှုအဖွဲ့ အစည်းတွေက အစိုးရကိုတောင်းဆိုနိုင်ရေးအတွက် ဆွေးနွေးမှုတစ်ခုကို ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

စစ်တွေမြို့မှာ လျှပ်စစ်ဌာနနဲ့ လမ်းဖောက်လုပ်တဲ့အဖွဲ့အစည်းတွေက သစ်ပင်တွေကိုခုတ်လှဲတာတွေ ပြုလုပ်ခဲ့တဲ့အတွက် သစ်ပင်တွေအများအပြားဆုံးရှုံးခဲ့ရကြောင်းနဲ့ အခုလိုမျိုး ဆက်လက်ပြုလုပ်နေမယ်ဆိုပါက မြို့ရွာလှပသာယာရေးနဲ့ သဘာဝပတ်ဝန်းကျင်တွေကိုပါ ထိခိုက်လာနိုင်တာကြောင့် သစ်ပင်တွေခုတ်လှဲမခံရဖို့အတွက် တားဆီးကာကွယ်မှုတွေ ပြုလုပ်ဖို့ အဲ့ဒီလူမှုအဖွဲ့အစည်းတွေက ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ စိတ်ပါဝင်စားတဲ့အဖွဲ့အစည်း ၉ ဖွဲ့ကတက်ရောက် ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်အစိုးရဖွဲ့ကို စာပို့တောင်းဆိုမှုတွေပြုလုပ်သွားမှာဖြစ်သလို သစ်ပင်တွေကို ထိန်းသိမ်း ကာကွယ်ဖို့အတွက် အသိပညာပေးလှုရှားမှုတွေကိုလည်း တိုးချဲ့ပြုလုပ်သွားဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်တွေ #သဘာဝပတ်ဝန်းကျင်

 

Related posts

Leave a Comment

VOM News

FREE
VIEW