အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အကြမ်းဖက်သမားတွေအဖြစ် အီရန်ကြေညာ

တီဟီရန်၊ မေ-၁-၂၀၁၉

မျိုးဆက် (VOM)

 

အီရန်သမ္မတ ရူဟာနီက အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အကြမ်းဖက်သမားတွေအဖြစ် ကြေညာတဲ့ ဥပဒေတစ်ကြမ်းတစ်ရပ်ကို ဧပြီ ၃၀ ရက်က လက်မှတ်ရေးထိုးလိုက်ပြီး အမေရိကန်အစိုးရဟာ အကြမ်းဖက်သမားတွေကို အားပေးအားမြောက်ပြုနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

 

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တွေကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဧပြီလအတွင်းက သတ်မှတ်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့  ဆုံးဖြတ်ချက်အတွက် လက်တုံ့ပြန်မှုအဖြစ် ဒီဥပဒေကြမ်းကို အီရန်ပါလီမန်က လွန်ခဲ့သည့်အပတ်မှာ အတည်ပြုခဲ့ပါတယ်။

ဒီဥပဒေကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေ ဒါမှမဟုတ် သူတို့ရဲ့ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလာမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

 

သမ္မတ ရူဟာနီဟာ အဲဒီဥပဒေကို အကောင်အထည်ဖော်ရေးအတွက် အီရန်ထောက်လှမ်းရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အမျိုးသားလုံခြုံရေး အထူးကောင်စီတို့ကို ညွှန်ကြားထားတယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

 

ဥပဒေမှာတော့  အထူးသဖြင့် အရှေ့အလယ်ပိုင်းနဲ့ အာဖဂန်နစ္စတန်တို့မှာ အမေရိကန်စစ်ဘက် စစ်ဆင်ရေးတွေကို တာဝန်ခံဆောင်ရွက်နေတဲ့ အမေရိကန်ဗဟိုစစ်ဌာနချုပ်ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

 

Ref & Photo : Reuters

 

#voiceofmyanmar #အီရန် #အမေရိကန် #အကြမ်းဖက်သမား #ရူဟာနီ #အရှေ့အလယ်ပိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW