ဖုန်းဟန်းဆက်နဲ့ ဖုန်းအပိုပစ္စည်း ဝယ်ယူတဲ့သူတွေဆီက ကုန်သွယ်ခွန် ၅ ရာခိုင်နူန်း ကောက်ခံရင် အဆင်မပြေနိုင်

ရန်ကုန် ၊မေ ၂-၂၀၁၉

သိင်္ဂီ (VOM)

 

ဖုန်းဟန်းဆက်နဲ့ ဖုန်းအပိုပစ္စည်းတွေ ဝယ်ယူတဲ့အခါ ဝယ်ယူသူတွေဆီကနေ  ကုန်သွယ်လုပ်ငန်းခွန် ရာခိုင်နူန်း ကောက်ခံမယ့်ကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေအကြားဝေဖန်ပြောဆိုမှုတွေဖြစ်ပေါ်နေပါတယ်။

 

ပြည်သူတွေအနေနဲ့ ဖုန်းငွေဖြည့်ကတ် သုံးတဲ့အခါမှာလည်း  ကုန်သွယ်ခွန် ရာခိုင်နှုန်းပေးဆောင်နေရပြီး အခု ဟန်းဆက်တွေနဲ့ ဆက်စပ်ပစ္စည်း ဝယ်ယူသူတွေဆီက ကုန်သွယ်လုပ်ငန်းခွန် ရာခိုင်နှုန်းထပ်မံကောက်ခံမယ်ဆိုတာအခြေခံလူတန်းစားတွေအတွက် အခက်အခဲ ဖြစ်လာနိုင်သလို တန်ဘိုးမြင့် ပစ္စည်းဝယ်ယူ သူတွေ အတွက်လည်း အဆင်မပြေမှုတွေဖြစ်လာနိုင်တယ်လို့ ဖုန်းအရောင်းဆိုင်တချို့က သုံးသပ်ပြောဆိုထားပါတယ်။

 

၁သောင်း တန်ပစ္စည်းဝယ်တဲ့အတွက် ရာခိုင်နူန်းဆိုတာ မပြောပလောက်ပေမယ့် ၃သိန်း တန်းဟန်းဆက်တစ်ခုဝယ်မယ်ဆိုရင်တော့ ပြောစရာဖြစ်လာနိုင်တယ်။ဘာကြောင့်ဆို ၃သိန်းမှာ ကုန်သွယ်ခွန်က ၁၅၀၀၀ ပေးရမယ်။ ဒါဝယ်သူဘက်ကပေးရမှာဖြစ်တယ်။ ဘယ်လိုတွေ ဖြစ်မလဲဆိုတာ စကောက်ပြီဆိုတဲ့နေမှ သေချာသိရမယ်လို့ ကမာရွတ်မြို့နယ်ထဲက ဖုန်းအရောင်းဆိုင်တစ်ခုက အရောင်းတာဝန်ခံ ကိုမြင့်ထွန်းကဆိုပါတယ်။

 

ဆိုင်တွေအနေနဲ့လည်း လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းတွေ ရောင်းချတဲ့ အရောင်းပြေစာအပေါ်မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရမှာဖြစ်ပြီး တကယ်လို့  အခွန်အမှတ်တံဆိပ်ကပ်နှိပ်မရောင်းချဘူးဆိုရင် နီးစပ်ရာ အခွန်ရုံးဌာနတွေထံတိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

 

ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းတွေရဲ့ စည်းမျဉ်း ၄၀၊ စည်းမျဉ်းခွဲ(က) စည်းမျဉ်းခွဲငယ် ()မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားတဲ့ ပြေစာနဲ့ ရောင်းရငွေ (ဒါမှ မဟုတ်) ဝန်ဆောင်မှုရငွေနဲ့အတူ ကျသင့်အခွန်ကို ကုန်စည်ဝယ်ယူသူထံကနေ တစ်ပါတည်း ကောက်ခံရမယ်လို့  ပြဋ္ဌာန်းထားပါတယ်။

 

ကုန်သွယ်ခွန်ရဲ့ သဘောသဘာဝက  စားသုံးသူကနေ ကျခံရတါပေါ့။ဆိုင်ကနေရောင်းပြီဆိုရင် ကုန်သွယ်ခွန်နဲ့ပတ်သက်ရင် ဆိုင်ဘက်က တာဝန်ယူရမှာပေါ့ တရားဝင်တင်သွင်းထားတဲ့ ပစ္စည်းတွေအတွက်ကတော့ ကုန်သွယ်ခွန်စည်းမျဉ်းတွေအရ ခုနှိမ်ခွင့်တွေရှိတယ် ။ပစ္စည်းဝယ်တဲ့အခါ ပြေစာမှာ အခွန်တံဆိပ်မကပ်ပေထားရင် တိုင်လို့ရတယ်။ ဆိုင်တွေဘက်က ကပ်ကိုကပ်ပေးရမယ် ၊ မဟုတ်ရင် တရားမဝင်ဘူးလို့ ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန နေပြည်တော်မှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် ကပြောပါတယ်။

 

ဒါကြောင့် ပြဋ္ဌာန်းချက်နှင့်အညီ ပြည်တွင်းအခွန်များဦးစီးဌာန၊  ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းတွေရဲ့ စည်းမျဉ်း ၄၀၊ စည်းမျဉ်းခွဲ () ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး လက်ကိုင်ဖုန်းဟန်းဆက် (Handset)နဲ့ ဆက်စပ်ပစ္စည်း ရောင်းချရာမှာ ပစ္စည်းတန်ဖိုးနဲ့အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားတဲ့ ပြေစာနဲ့ ရောင်းချခြင်းဆိုင်ရာ နည်းလမ်းတွေကိုလည်း ထုတ်ပြန်သတ်မှတ်ထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။

 

လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ အခွန်တံဆိပ်ကပ်ပြီး ကောက်ခံမယ့်ပုံစံနဲ့ပတ်သက်လို့ ပညာပေးလုပ်ငန်းတွေ ၊တွေ့ဆုံဆွေးနွေးမှုတွေလုပ်နေကြောင်း၊ အခွန်စတင်ကောက်ခံမယ့် ဇွန်လ ရက်မတိုင်မီ မေလ ၃၁ ရက်နေ့အထိ လုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ကောက်ခံရရှိလာမယ့် အခွန်ငွေတွေကို တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပညာရေးလုပ်ငန်းတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

#voiceofmyanmar #ဖုန်းနဲ့ဆက်စပ်ပစ္စည်းဝယ်ရင်ကုန်သွယ်ခွန်ကောက်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW