မဏိပူရ်မြစ် အတွင်းရေဆင်းချိုးသည့် ကလေး (၃) ဦး ရေနစ်သေဆုံး

ဖလမ်း မေ ၁ ၊ ၂၀၁၉

မိုင်ချယ်ရီ (VOM)

 

ချင်းပြည်နယ် ဖလမ်းမြို့ အနီး မဏိပူရ်မြစ်အတွင်း ရေဆင်းချိုးခဲ့တဲ့ ကလေးငယ် ၃ ဦး ရေနစ်သေဆုံးမှု မေလ ၁ ရက်နေ့ မွန်းတည့်ချိန်က ဖြစ်ပွားခဲ့တယ်လို့ ဖလမ်းမြို့မ ရဲစခန်းကနေ သိရပါတယ်။

 

ဖလမ်းမြို့ ဗလိုင်ရပ်ကွက် ဓမ္မဆရာ ဦးလာလ်ဟရွတ် ဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စကားပြော သင်တန်း မှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူ ၂၉ ဦး စုပေါင်းပြီး ဖလမ်းမြို့နယ် ဗာရ်ကျေးရွာ အနီးမှာ ရှိတဲ့ မဏိပူရ်မြစ် ကမ်းဘေးကို ပျော်ပွဲစားထွက်ခဲ့ကြရာကနေ မြစ်အတွင်းရေဆင်းချို့တဲ့ ကလေးငယ် သုံးဦး ရေနစ် သေဆုံးခဲ့တာဖြစ်ပါတယ်။

 

သေဆုံးခဲ့သူတွေကတော့ ဖလမ်းမြို့ ဗလိုင်ရပ်ကွက်နေသူ ဦးဆန်ပြောင် ရဲ့ သား မောင်နိုင်လျန်ဆန် (၉) နှစ် ၊ ဖလမ်းမြို့ ဗလိုင်ရပ်ကွက်နေ ဦးအုပ်ဟရဲ ရဲ့ သား မောင်ဂျိုအဲလ်ငွန်လှယ်ထန် (၁၂) နှစ် နဲ့ ဖလမ်းမြို့ ဗလိုင်းရပ်ကွက်မှာ နေထိုင်တဲ့ ဦးရွာကျဲအို ရဲ့ သား မောင်လာလ်ထကိမ်း(၁၀) နှစ် တို့ ဖြစ်ပါတယ်။

 

“ရေစီးနဲ့ မျောပါပြီး ရေနစ်သေဆုံးခဲ့ကြတာပါ။သေဆုံးသူတွေ ရဲ့ ရုပ်အလောင်းတွေကိုတော့ ဖလမ်းမြို့ ပြည်သူ့ဆေးရုံးကို မနေ့ညနေကပဲ ပို့ထားလိုက်ပါပြီ” လို့ ဖလမ်းမြို့မရဲစခန်း က တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

 

အဲ့ဒီဖြစ်စဉ် နဲ့ ပတ်သက်လို့ ဖလမ်းမြို့မရဲစခန်း မှာ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၉ နဲ့ အမှုဖွင့်လှစ်ထားပြီး အသေးစိတ် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖလမ်းမြို့မရဲစခန်းကနေ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW