မလေးရှားသွားမယ့်ဘင်္ဂါလီလူမျိုး ၃ ဦး တမူးနယ်စပ်မှာ ဖမ်းဆီးရမိ

တမူး ၊ မေ ၄ –  ၂၀၁၉

သစ်တော်(VOM)

 

တမူးနယ်စပ်ကနေ ဖြတ်ပြီးမလေးရှားသွားမယ့်ဘင်္ဂါလီလူမျိုး(၃)ဦးကို တမူးခရိုင်ခါမ်းပါတ်မြို့နန်း ကတိတ်ကျေးရွာ၊ အမကကျောင်းအနီးမှာ မေလ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တမူးမြို့ မြို့မ စခန်းက သိရပါတယ်

 

ဖြစ်စဉ်က ဘင်္ဂါလီ ၃ ဦးကို တမူးမြို့ ကနေ ကလေးမြို့ဘက်ကိုမောင်းနှင်လာတဲ့ တမူးမြို့နယ် မြို့မ(၁၄)ရပ်ကွက်နေ ရန်ခိုလင်း(၂၁)နှစ်နဲ့ လွန်ကျင်ဟောက် (၂၃)တို့ မောင်းနှင်လာတဲ့  ဆိုင်ကယ် နှစ်စီးပေါ်ကနေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလီတွေက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နေ အနာမူရာ(ကျား)(၁၇)နှစ် ၊အာဂျီတန်(မ)(၁၆)နှစ်နဲ့အမ်ဂျူးမာ(မ)(၁၇)နှ စ် တို့ဖြစ်တယ်လို့သိရပါတယ်။

 

”မြန်​မာနိုင်​ငံတမူးနယ်​စပ်​ကနေ ဖြတ်​ပြီး မ​လေးရှားသွားမယ်​လို့သိရပါတယ်​ ၊နယ်​စပ်​စည်းရိုးမလုံခြုံ​သေး​တော့ ဖမ်းမိတာလဲရှိသလို၊ မသိလိုက်​တာလဲရှိနိုင်​တယ်​ ”လို့ တမူးမြို့ မြို့မ စခန်းမှူးကို​ဇော်​ထွန်းရှင်းက​ ပြောပါတယ်​။

 

တရားခံတွေကို စစ်ဆေးခဲ့ရာ တစ်ဖက်နိုင်ငံ မိုးရေးမြို့နေသူ ချိန်ပီး(မ)ဆိုသှူ က ဘင်္ဂါလီ တစ်ဦးကို  မြန်မာငွေ(၁၅၀၀၀၀)ကျပ်နဲ့ ကလေးဝမြို့ ကို ပို့ဆောင်ခိုင်းတာဖြစ်တယ်လို့သိရပါတယ်။

 

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီလူမျိုး ၃ ဦးကို အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ဖို့အတွက်

သက်ဆိုင်ရာ လဝကရုံးနဲ့ ချိတ်ဆက်ပြီး  ခါမ်းပါတ်နမစမှာ  ပူးပေါင်းအဖွဲ့နဲ့  အသေးစိတ် စစ်ဆေးဆောင်

ရွက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

 

#voiceofmyanmar   #တမူး #ဘင်္ဂါလီ

Related posts

Leave a Comment

VOM News

FREE
VIEW