တမူး ၊ မေ ၄ – ၂၀၁၉
သစ်တော်(VOM)
တမူးနယ်စပ်ကနေ ဖြတ်ပြီးမလေးရှားသွားမယ့်ဘင်္ဂါလီလူမျိုး(၃)ဦးကို တမူးခရိုင်ခါမ်းပါတ်မြို့နန်း ကတိတ်ကျေးရွာ၊ အမကကျောင်းအနီးမှာ မေလ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တမူးမြို့ မြို့မ စခန်းက သိရပါတယ်
ဖြစ်စဉ်က ဘင်္ဂါလီ ၃ ဦးကို တမူးမြို့ ကနေ ကလေးမြို့ဘက်ကိုမောင်းနှင်လာတဲ့ တမူးမြို့နယ် မြို့မ(၁၄)ရပ်ကွက်နေ ရန်ခိုလင်း(၂၁)နှစ်နဲ့ လွန်ကျင်ဟောက် (၂၃)တို့ မောင်းနှင်လာတဲ့ ဆိုင်ကယ် နှစ်စီးပေါ်ကနေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလီတွေက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နေ အနာမူရာ(ကျား)(၁၇)နှစ် ၊အာဂျီတန်(မ)(၁၆)နှစ်နဲ့အမ်ဂျူးမာ(မ)(၁၇)နှ စ် တို့ဖြစ်တယ်လို့သိရပါတယ်။
”မြန်မာနိုင်ငံတမူးနယ်စပ်ကနေ ဖြတ်ပြီး မလေးရှားသွားမယ်လို့သိရပါတယ် ၊နယ်စပ်စည်းရိုးမလုံခြုံသေးတော့ ဖမ်းမိတာလဲရှိသလို၊ မသိလိုက်တာလဲရှိနိုင်တယ် ”လို့ တမူးမြို့ မြို့မ စခန်းမှူးကိုဇော်ထွန်းရှင်းက ပြောပါတယ်။
တရားခံတွေကို စစ်ဆေးခဲ့ရာ တစ်ဖက်နိုင်ငံ မိုးရေးမြို့နေသူ ချိန်ပီး(မ)ဆိုသှူ က ဘင်္ဂါလီ တစ်ဦးကို မြန်မာငွေ(၁၅၀၀၀၀)ကျပ်နဲ့ ကလေးဝမြို့ ကို ပို့ဆောင်ခိုင်းတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီလူမျိုး ၃ ဦးကို အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ဖို့အတွက်
သက်ဆိုင်ရာ လဝကရုံးနဲ့ ချိတ်ဆက်ပြီး ခါမ်းပါတ်နမစမှာ ပူးပေါင်းအဖွဲ့နဲ့ အသေးစိတ် စစ်ဆေးဆောင်
ရွက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
#voiceofmyanmar #တမူး #ဘင်္ဂါလီ