Prison riots under control, Shwe Bo prison has causalities

Mandalay-May-9-2019   Prison riot in Shwe Bo, Sagaing division, which claims 4 lives and injured inmates was under control after the prison authorities and police used force to disperse the protesting inmates.     The prison riot in Shwe Bo was begun on May 8, where the inmates protest for amnesty. The inmates confront with the prison authorities that the…

Read More

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်တစ်ဦးစီးလာတဲ့ ကားကို ထောင်ထဲဆွဲသွားပြီး လူကိုဖမ်းဆီး

ကရာကတ်၊ မေ-၉-၂၀၁၉ မျိုးဆက် (VOM)     နိုင်ငံရေးအကြပ်အတည်းတွေဖြစ်ပေါ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုရဲ့ လက်ထောက်ဖြစ်သူကို ဗင်နီဇွဲလား ထောက်လှမ်းရေးအဖွဲ့က  ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။     ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ရဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဂါဇမ်ဘရာနိုဟာ ထောက်လှမ်းရေးအဖွဲ့က ၀ိုင်းထားချိန်မှာ ကားအတွင်းကနေထွက်ပြီး အဖမ်းခံဖို့ ငြင်းဆန်ခဲ့တာကြောင့် ထောက်လှမ်းရေးအဖွဲ့က သူစီးနှင်းလိုက်ပါလာတဲ့ ကားကို ထရပ်ကားတစ်စီးနဲ့ အကျဉ်းထောင်ဆီဆွဲယူသွားပြီး လူကိုဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။     ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ မာဒူရိုကိုဆန့်ကျင်ပြီး စစ်တပ်ကပုန်ကန်ဖို့အတွက် စည်းရုံးလှုံ့ဆော် အားထုတ်မှုတွေပြီးတဲ့နေနာက်ပိုင်း အတိုက်အခံ ခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် ဖမ်းဆီးလိုက်တာပါ။     အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုကိုတော့ ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတအဖြစ် နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ်ပြုထားပါတယ်။ မစ္စတာဇမ်ဘရာနိုကို  ဗင်နီဇွဲလားထောက်လှမ်းရေးအဖွဲ့က မဖမ်းခင်မှာ သူဟာ  ကရာကတ်ရှိ ပါတီရဲ့…

Read More

တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးကောက်ရင် အမေရိကန်ကို တရုတ်လက်တုံ့ပြန်မယ်

ဝါရှင်တန်၊ မေ-၉-၂၀၁၉ မျိုးဆက် (VOM) တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန်တိုးမြင့်ကောက်ခံမယ်ဆိုရင် လိုအပ်တဲ့ တန်ပြန်အစီအမံတွေနဲ့အတူ လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ မေ ၁၀ ရက်မှာ ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်နှစ်ဆကျော် ကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က ပြောဆိုပြီး မကြာမီ တရုတ်နိုင်ငံက ဒီလိုတုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံက သဘောတူညီချက်ကိုချိုးဖောက်နေပြီး နှစ်နိုင်ငံအကြားရှေ့ဆက်မယ့် ဆွေးနွေးပွဲတွေမတိုင်မီ ရန်လိုမုန်းတီးမှုတွေဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲပြောဆိုပါတယ်။ ဒီိလိုမျိုး ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေရှိနေပေမယ့်လည်း နှစ်နိုင်ငံအနေနဲ့ မေ ၉ရက်ကျရင် အမေရိကန်မှာ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမတိုင်မီ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့အရင်က ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေကို တရုတ်တာဝန်ရှိသူတွေက ချိုးဖောက်နေတယ်လို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။ မကြာသေးမီကာလအတွင်းကတော့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်မယ့် သဘောတူညီချက်ရရှိဖို့ အမေရိကန်နဲ့…

Read More

အယ်ဒီတာ့အာဘော်

သင်္ကြန်အပြီး နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်နဲ့ လွတ်ငြိမ်းသက်သာခွင့်အရလွှတ်တာမှာ ပထမအကြိမ် အကျဉ်းသား ၉၅၃၅ ဦး၊ ဒုတိယအကြိမ်မှာ အကျဉ်းသား ၆၉၄၈ နဲ့ တတိယအကြိမ်မှာ အကျဉ်းသား ၆၅၂၀ ဦး စုစုပေါင်း ၂သောင်း၃ထောင်ကျော်လွတ်ထားပြီးဖြစ်ပါတယ်။   အရင်တုန်းက လွတ်ငြိမ်းသက်သာခွင့်နဲ့လွှတ်တာမှာ တပြိုင်တည်း ထောင်အသီးသီးကနေ လွှတ်ပေးခဲ့ပေမယ့် ဧပြီ ၂၆ ဒုတိယအကြိမ်လွှတ်တာမှာ ပြည်နယ်ကထောင်တွေအရင်လွှတ်ပြီး ခုတတိယအကြိမ်မှာ တိုင်းဒေသတွေက ထောင်တွေကို လွှတ်ခဲ့ပါတယ်။   အဲဒီမှာစပြီး အကျဉ်းသားထောင်သားတွေအနေနဲ့  နားလည်မှုတွေလွဲပြီး တခြားထောင်တွေလွှတ်ပြီး ငါတို့ မလွှတ်ရကောင်းလားဆိုတဲ့ အတွေးနဲ့  မေလဆန်းမှာ ထောင်ဆူပူမှုတွေ ထောင်တချို့က စခဲ့ပါတယ်။ ဒီထောင်ဆူပူမှုက မေ၇ရက်နေ့က တတိယအကြိမ်လွှတ်အပြီးမှာ ပိုဆိုးလာခဲ့ပါတယ်။   ဘယ်လို့ကြောင့်ဆိုတာ ထောင်တွင်းဆန္ဒြုပသူတွေပြောစကားအရသိရတာက အကျဉ်းသားလွှတ်တာမှာ ညီမျှမှုမရှိဘူး အမှုချင်း စီရင်ချက်အမိန့်ချင်းတူတာတောင် လွတ်သူလွတ် ကျန်သူကျန်ဖြစ်တော့ သူတို့သည်းမခံနိုင်ဘဲ ဆူပူကြတာဖြစ်တယ်လို့ သိရပါတယ်။…

Read More

ထောင်အထွက်ဂိတ်မှာ “အမေ” ကြိုနေမယ် သား

  နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့် အကျဉ်းသားတွေ လွှတ်မယ်ဆိုတဲ့ သတင်းကြောင့် မြစ်ကြီးနား အကျဉ်းထောင်အပေါက်ဝမှာ မေလ ၇ ရက် နံနက် ၉ နာရီ လောက်ကတည်းက လာရောက် စောင့်ဆိုင်းသူများ စည်ကားနေသည်။   တစ်ဦးတည်းသောသားလေး ထောင်ကထွက်လာမလား မျှော်လင့်ချက်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်ရှေ့မှာ လာစောင့်နေသည့် အသက် ၆၀ ခန့်အမျိုးသမီးကြီး ဒေါ်ရွယ်တစ်ယောက် “သားလေးလွတ်လာရင် မြစ်ဆိပ်မှာ ခေါင်းလျှော် ရေချိုးပေးပြီး အိမ်ပြန်ခေါ်သွားမယ်” ဟု ၀မ်းပန်းတသာပြောနေသံကြားရသည်။   အကျဉ်းသားလွှတ်မည့်သတင်း ကြားကတည်းက အေးမြသာယာရပ်ကွက်ကနေ အစောကြီး ဆိုင်ကယ်နှင့် ထွက်လာခဲ့သည်ဟု ဆိုသည်။ “ မနက် ၉ နာရီမထိုးခင်ကတည်းက တကြွကြွ ဖြစ်နေတာလေ မိုးညှင်းနဲ့ မြစ်ကြီးနား အကျဉ်းထောင်က အကျဉ်းသားတွေ လွှတ်မယ်ကြားတော့ သူ့အစား အဒေါ်လည်း ၀မ်းသာမိတာပဲ ” ဒေါ်ရွယ်နှင့်…

Read More

သာယာဝတီထောင်မှာ ဒီမနက်​ ဆန္ဒပြ

မေ-၉ -၂၀၁၉ မိုးယံ   ပဲခူးတိုင်း သာယာဝတီထောင်မှာ ဒီနေ့ မနက် ၈ နာရီ ဝန်းကျင်​က စပြီး ထောင်အတွင်းဆန္ဒပြမှုတွေ ဖြစ်းနေတယ်လို့ ထောင်ပတ်ဝန်းကျင်က ဒေသခံတွေက ပြောစကားအရသိရပါတယ်။   သာယာဝတီခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး ကလည်း ဖြစ်စဉ်မှန်ကန်တယ်လို့ ​ပြောပါတယ်​ ။   အကျဉ်းသား​တွေ ​တောင်းဆိုတဲ့အချက်​​တွေက   ၁။ မီဒီယာနဲ့တွေ့ဆုံရေး ၂။ အကျဉ်းသားများတန်းတူအခွင့်အရေးရရှိရေး ၃။ လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့ဆုံရေး ဆိုတဲ့အချက် ၃ ချက်ကို အိပ်ဆောင်အတွင်းကနေ ဆန္ဒထုတ်ဖော်နေတယ်လို့ သိရှိရပါတယ်။   သာယာဝတီအကျဉ်းထောင်အပြင်ဘက်မှာ့ ဒီကနေ့ ထောင်ဝင်စာလာရောက်တွေ့ဆုံသူ ၂၅ ဦးခန့်ရှိနေပြိး ထောင်ဝင်စာတွေ့ဆုံခွင့် ရမယ်​ မရဘူး မသိနိုင်ဘူးလို့ ထောင်ဝင်စာလာတွေ့သူတဦးက ပြောပါတယ်။   မေလ ၈ ရက်နေ့ကနေစတင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ် မော်လိုက်လေးအကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်နဲ့ ကရင်ပြည်နယ်က…

Read More
VOM News

FREE
VIEW