တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးကောက်ရင် အမေရိကန်ကို တရုတ်လက်တုံ့ပြန်မယ်

ဝါရှင်တန်၊ မေ-၉-၂၀၁၉
မျိုးဆက် (VOM)
တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန်တိုးမြင့်ကောက်ခံမယ်ဆိုရင် လိုအပ်တဲ့ တန်ပြန်အစီအမံတွေနဲ့အတူ လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။
မေ ၁၀ ရက်မှာ ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်နှစ်ဆကျော် ကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က ပြောဆိုပြီး မကြာမီ တရုတ်နိုင်ငံက ဒီလိုတုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံက သဘောတူညီချက်ကိုချိုးဖောက်နေပြီး နှစ်နိုင်ငံအကြားရှေ့ဆက်မယ့် ဆွေးနွေးပွဲတွေမတိုင်မီ ရန်လိုမုန်းတီးမှုတွေဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲပြောဆိုပါတယ်။
ဒီိလိုမျိုး ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေရှိနေပေမယ့်လည်း နှစ်နိုင်ငံအနေနဲ့ မေ ၉ရက်ကျရင် အမေရိကန်မှာ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမတိုင်မီ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့အရင်က ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေကို တရုတ်တာဝန်ရှိသူတွေက ချိုးဖောက်နေတယ်လို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။
မကြာသေးမီကာလအတွင်းကတော့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်မယ့် သဘောတူညီချက်ရရှိဖို့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံအကြား အလွန်နီးစပ်ခဲ့ပါတယ်။
Ref : BBC Photo: Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW