အခုပညာသင်နှစ်မှာ ကျောင်းကားစနစ်ကို အစိုးရနဲ့ ပုဂ္ဂလိက ယှဉ်ပြိုင်ပြေးဆွဲမှာ မဟုတ်

ရန်ကုန် မေ ၁၁-၂၀၁၉

သစ်တော်(VOM)

 

အခုပညာသင်နှစ်ဖြစ်တဲ့၂၀၁၈-၂၀၁၉ နှစ်မှာ ပြေးဆွဲမယ့် ကျောင်းကားစနစ်မှာအစိုးရနဲ့  ပုဂ္ဂလိက ယှဉ်ပြိုင်ပြေးဆွဲမှာမဟုတ်ဘူးလို့  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရဲ့  အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

 

 

ဒီနေ့ကျင်းပတဲ့ YRTAရဲ့  ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာနဲ့တွေ့ဆုံပွဲမှာ အဲလိုပြောလိုက်တာဖြစ်ပါတယ်။

 

“ကျွန်တော်တို့က ပုဂ္ဂလိက ကျောင်းကားတွေနဲ့ ယှဉ်ပြိုင်ပြီးတော့ ပြေးဆွဲသွားမှာ မဟုတ်ပါဘူး။ သူတို့ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ ဒါပေမယ့် ပြည်ထောင်စုအဆင့်က သတ်မှတ်ထားတဲ့ အချက် (၁၂) ချက်နဲ့တော့ ကိုက်ညီမှုရှိရမယ်။ ကနဦးအနေနဲ့ အခြေခံပညာစာသင်ကျောင်း (၁၈) ကျောင်းမှာ စတင်မယ်။ အစိုးရက တင်သွင်းထားတဲ့ ကျောင်းကားတွေကိုတော့ စာသင်ကျောင်းတွေက လိုအပ်ချက်အရ တင်ပြလာရင် ပြေးဆွဲပေးသွားမှာပါ”လို့  ဒေါက်တာမောင်အောင်က ပြောပါတယ်။

 

 

ဒါ့အပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကျောင်းကားတင်သွင်းခြင်း၊ ပြေးဆွဲခြင်းနဲ့ ပတ်သက်ပြီး ခရီးသည်(၁ဝ)ဦးနှင့်အထက် တင်ဆောင်နိုင်တဲ့(Micro Bus၊ Mini Bus၊ Bus )ယာဉ်တွေ အသက်ကယ်ထိုင်ခုံခါးပတ်၊ ဘယ်မောင်းယာဉ်နဲ့ ယာဉ်ရဲ့ညာဘက်မှာ အတက်အဆင်းတံခါးပေါက် ပါရှိဖို့်ဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ သော့စနစ်တပ်ဆင်ထားရမယ် ရှေးဦးသူနာပြုသေတ္တာ၊ အနည်းဆုံးမီးသတ်ဆေးဗူး ၂ ဗူး၊ ယာဉ်ရဲ့ ဆေးရောင်ကို အဝါရောင်သတ်မှတ်ပြီး ယာဉ်ရဲ့အရှေ့အနောက်မှာ School Busလို့ ထင်ရှားစွာဖော်ပြရမယ် ကျောင်းအမည်နဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ရေးသားထားဖို့စတဲ့အချက်တွေ ပါဝင်တဲ့ အချက် (၁၂) ချက်ကို ထုတ်ပြန်ကြေညာထားကြောင်းလည်းသိရပါတယ်။

 

ဆက်လက်ပြီးတော့ ကျောင်းကားစနစ်ဖော်ဆောင်ရးကို အများပိုင်စနစ်ဖြစ်စေဖို့အတွက်  ဆောင်ရွက်ပေမယ့်လည်း  အဲဒီလုပ်ငန်းမှာ အရှုံးပေါ်နေတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့ စိတ်ဝင်စားမှုမရှိတာကြောင့် အစိုးရအနေနဲ့  ရာနှုန်းပြည့် တာဝန်ယူဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW