မလေးရှားသွားဖို့ ငါးရက်အငတ်ခံပြီး ပုန်းနေရတဲ့ မြန်မာလုပ်သား ၂၇ ဦး ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ မေ-၁၂-၂၀၁၉

မျိုးဆက် (VOM)

ထိုင်းနိုင်ငံကတစ်ဆင့် မလေးရှားကိုသွားဖို့အတွက် ဟက်ရိုင်ဂေါက်ကွင်းအနီးမှာ ရေကလွဲပြီး ငါးရက်ကြာ အစာမစားရဘဲ ပုန်းအောင်းနေတဲ့ တရားမ၀င် မြန်မာလုပ်သား ၂၇ ဦးကို လူကုန်းကူးသူတဦးနဲ့အတူ မေ ၁၁ ရက်မှာ ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

 

ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ နယ်စပ်ကင်းလှည့်အဖွဲ့၊  လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေနဲ့ စစ်သားတွေဟာ လူကုန်ကူးအဖွဲ့က ဂိုဏ်းသားတစ်ဦးကို ဖမ်းဆီးခဲ့ရာကနေ ပုန်းအောင်းနေတဲ့ မြန်မာလုပ်သားတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

ရဲတွေဖမ်းဆီးထားတဲ့ လူကုန်ကူးသူဟာ ငါးရက်ကြာ အစာမစားရဘဲ ပုန်းအောင်းနေတဲ့ မြန်မာလုပ်သားတွေကို တောထဲကနေ ထွက်လာဖို့ အချက်ပြပြီး ခေါ်တာကြောင့် မြန်မာလုပ်သားက ထွက်လာကြရာမှာ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

မြန်မာလုပ်သားအားလုံးဟာ အမျိုးသားတွေချည်းဖြစ်ကြပြီး ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားဖို့အတွက် ရန်ကုန်ကနေ လာခဲ့ကြတာလို့ ပြောပါတယ်။ သူတို့ကို လူကုန်ကူးဂိုဏ်းက ရနောင်းနယ်စပ်ကနေ ခေါ်ဆောင်လာခဲ့ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

 

လက်ရှိမှာတော့ မြန်မာလုပ်သားတွေကို တရားမ၀င်ဝင်ရောက်လာမှုနဲ့ စွဲချက်တင်ထားပြီး မြန်မာနိုင်ငံတော့ ပြန်ပို့မှာဖြစ်ပါတယ်။ လူကုန်ကူးသူကိုတော့ ထိုင်းရဲတွေက ဖမ်းဆီးထားပြီး လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ သတင်းကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေပါတယ်။

 

Ref : Bangkok

Photo : Assawin Pakkawan

Related posts

Leave a Comment

VOM News

FREE
VIEW