အောင်မြေသာစံမြို့နယ်မှာ မီးလောင်မှု နေအိမ်သုံးလုံးဆုံးရှုံး

မန္တလေး၊ မေ – ၂၁-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၇လမ်း နဲ့ ၈လမ်းကြား ၈၆လမ်း နဲ့ ၈၇လမ်းကြားရှိ ရွှေပန်းထိမ် လုပ်ကိုင်တဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက နေအိမ်အပေါ်ထပ် ခြင်ဆေးခွေထွန်းထားရာက  အနားရှိ အဝတ်စများကို မီးစွဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။   မီးလောင်မှုကို Level-3 အဆင့် သက်မှတ်ကာ မီးငြိမ်းသတ်ခဲ့ကြပြီး နေအိမ် ၃လုံး နဲ့ တန်ဖိုးငွေ ၂၄၅၀၀၀၀ သိန်း ဆုံးရှုံး ပျက်စီးခဲ့ပါတယ်။   #voiceofmyanmar#မန္တလေး#မီးလောင်မှု#

Read More

မန်းတိုင်းရဲရုံးမှာ မိုင်းရှာဖွေရှင်းလင်းရေး သင်တန်းပို့ချစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ရှစ်ဦးဒဏ်ရာရ

မန္တလေး ၊ မေ – ၂၁ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ဖွင့်လှစ်သင်ကြားနေတဲ့ မိုင်းအမျိုးအစား အမျိုးမျိုးနဲ့  မိုင်းရှာဖွေရှင်းလင်းရေး(ဆင့်ပွား)သင်တန်းမှာ သင်ခန်းစာ လက်တွေ့သရုပ်ပြသင်ကြားနေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သင်တန်းဆရာအပါအဝင် တပ်ဖွဲ့ဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရုံးက သိရပါတယ်။   ဖြစ်စဉ်မှာ ဒီနေ့မနက် ကိုးနာရီကျော်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး သင်တန်းခန်းမရှေ့မှာ  မိုင်ထောင်ခြင်းနဲ့ မိုင်းဖော်ခြင်းသင်ခန်းစာ(ပလပ်စတစ်မိုင်း)ကို လက်တွေ့သရုပ်ပြ သင်ကြားနေစဉ် ရဲတပ်ဖွဲ့ဝင် သင်တန်းသားတစ်ဦးက မိုင်းပေါ်တက်နင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။   “ဒီသင်တန်းကို တပ်ကနေ လာရောက်ပို့ချတာပါ။  ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးနေတုန်း ပလပ်စတစ်နင်းမိုင်းအသေး (M-14) အမျိုးအစား မိုင်းအစစ်နဲ့ မှားယွင်းအသုံးပြုမိတဲ့အတွက် သင်တန်းနည်းပြအပါအဝင်ရှစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အခုတော့ ဒဏ်ရာရတဲ့သူတွေကို မန္တလေး ဆေးရုံကြီးမှာ တင်ပေးထားပါတယ်။…

Read More

ဟွာဝေးရဲ့ အစွမ်းအစကို အမေရိကန် လျှော့တွက်နေတယ်လို့ ကုမ္ပဏီတည်ထောင်သူပြော

ပေကျင်း၊ မေ-၂၁-၂၀၁၉ မျိုးဆက် (VOM)   တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးရဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေကို ပိတ်ဆို့ဖို့ အမေရိကန်ရဲ့ အားထုတ်မှုများကို ကုမ္ပဏီတည်ထောင်သူ ရန်ဇန်ဖိန်က ဝေဖန်ပြောဆိုလိုက်ပြီး ဟွာဝေးကုမ္ပဏီရဲ့ အစွမ်းအစကို အမေရိကန်ကလျှော့တွက်နေတယ်လို့  မေ ၂၁ ရက်က ပြောဆိုလိုက်ပါတယ်။   အမေရိကန်မှာ ဟွာဝေးရဲ့ လုပ်ငန်းတွေကို ဖြတ်တောက်ဖို့ရည်ရွယ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမိန့်တွေထုတ်ပြန်ခဲ့တဲ့နောက် ရက်အနည်းငယ်အကြာမှာ  တရုတ်နိုင်ငံပိုင် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဟွာဝေးတည်ထောင်သူ မစ္စတာရန်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။   အမေရိကန်နိုင်ငံရေးသမားတွေရဲ့ လက်ရှိလုပ်ဆောင်နေမှုတွေက မိမိတို့ရဲ့ အစွမ်းအစကို လျှော့တွက်နေတာဖြစ်တယ်လို့  ၎င်းကပြောဆိုခဲ့တာကို စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။   အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့်  ဟွာဝေးစမတ်ဖုန်းအသုံးပြုသူတွေမှာ သိသိသာသာ သက်ရောက်မှုများရှိလာနိုင်ပြီး ဟွာဝေးကုမ္ပဏီအနေနဲ့ ဂျီမေး၊ ဂူဂဲလ်မြေပုံအပါအ၀င်  ဂူဂဲလ်ရဲ့  ၀န်ဆောင်မှုတွေကို ရရှိနိုင်တော့မှာမဟုတ်ပါဘူး။…

Read More

လောင်ကစားဝိုင်းပြုလုပ်နေကြောင်း စုံစမ်းထောက်လှမ်းသိရှိရပါက တာဝန်ကျနယ်မြေရဲ့ နယ်ထိန်းတွေကိုအရေးယူမယ်

ရန်ကုန် ၊မေ -၂၁ – ၂၀၁၉ သိင်္ဂီ (VOM)   တာဝန်ကျနယ်မြေအတွင်း လောင်းကစားဝိုင်း ပြုလုပ်ဆောင်ရွက်နေကြောင်း စုံစမ်းထောက်လှမ်း ပေါ်ပေါက်ပါက သက်ဆိုင်ရာနယ်မြေရဲစခန်းက နယ်ထိန်းတွေကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူသွားမယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးက သိရပါတယ်။   ” အထက်ဌာန သတင်းအရဖြစ်စေ၊ တိုင်ကြားချက်အရဖြစ်စေ လောင်းကစားဝိုင်းတွေကို ဝင်ရောက် ဖမ်းဆီးရမိခဲ့ရင် သက်ဆိုင်ရာ အပိုင်ရဲစခန်းမှူးအပါအဝင် နယ်ထိန်းခေါင်းဆောင်နဲ့ အပိုင်နယ်ထိန်းတွေကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်တယ်။ ပဲခူးတိုင်းရဲတပ်ဖွဲ့အနေနဲ့လည်း  မြို့နယ်/ရဲစခန်းအလိုက် လစဉ်လောင်းကစားမှုတွေကို ဖမ်းဆီးမှုမရှိတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်တွေကို ခရိုင်ရဲတပ်ဖွဲ့မှူးကနေ ခေါ်ယူပြီး မှတ်တမ်းဝင် သတိပေးလတ်မှတ်ရေးထိုးတာတွေလုပ်တယ်။” လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ပြောပါတယ်။   အဲဒီလို လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး…

Read More

ဆန်သယ်ယူခွင့် ပိတ်ထားတဲ့ ပလက်ဝမြို့ အကန့်အသတ်နဲ့ ပြန်လည်ခွင့်ပြု

ပလက်ဝ၊ မေ – ၂၁ – ၂၀၁၉ မိုင်ချယ်ရီ (VOM)   ဆန်စားသောက်နိုင်ဖို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့တစ်ခုတည်းကိုသာ အားကိုနေရတဲ့ ပလက်ဝမြို့အတွက် ဆန်သယ်ယူခွင့် ပိတ်ထားတာကို ပြန်လည်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပေမဲ့ အကန့်အသတ် နဲ့သာ သယ်ယူခွင့် ပြုထားတာကြောင့် ဆန်ဈေးကြီးမြင့်နေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။   မေလ ပထမပတ်ထဲက စတင်ပိတ်ထားတဲ့ ဆန်သယ်ယူခွင့်ကို မေလ ၁၄ ရက်နေ့ အရောက်မှာတော့ ပြန်လည်ခွင့် ပြုပေးခဲ့တာ ဖြစ်ပါတယ်။   ဒါပေမယ့် တစ်ခါသယ်ရင် ဆန်အိတ် ၂၀ ပဲ တင်ခွင့် ပြုခဲ့တာကြောင့် ယခင်က ဆန်တစ်အိတ်ကို ငွေကျပ် ၄ သောင်းခွဲနှုန်း ရှိခဲ့ရာကနေ အခုအခါမှာတော့  ၅ သောင်း အထိ ရှိနေခဲ့တာ ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။  …

Read More

ဘိလပ်​​မြေစက်​ရုံစီမံကိန်း ကန့်​ကွက်​​နေတဲ့ ​အောင်​သ​ပြေရွာက ​နေအိမ်​အချို့ကို အရပ်​၀တ်​၊ ဒိုင်းကာ​တွေနဲ့ ၀င်​​ရောက်​ရှာ​ဖွေမှု​တွေရှိခဲ့

မန္တ​လေး ​မေ – ၂၁ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တ​လေးတိုင်း ပုသိမ်​ကြီးမြို့နယ်​ ​အောင်​​ပြေ​ကျေးရွာအနီးမှာ တည်​​ဆောက်​​နေတဲ့ ဘိလပ်​​မြေစက်​ရုံ စီမံကိန်းကို ကန့်​ကွက်​တာနဲ့ပတ်​သက်​ပြီး  ဒီ​နေ့မနက်​ ငါးနာရီဝန်းကျင်​က အရပ်​၀တ်​နဲ့ လူသုံးဆယ်​​ကျော်​ဟာ ​အောင်​သ​ပြေ​ကျေးရွာထဲကို ၀င်​​ရောက်​ရှာ​ဖွေတာ​တွေ လုပ်​ခဲ့တယ်​လို့ ​ဒေသခံ​တွေက​ ​ပြောပါတယ်​။   ပုံမှန်​ သွားလာ​နေကျ ရွာလယ်​လမ်းက ၀င်​​ရောက်​လာတာမဟုတ်​ဘဲ ကုမ္ပဏီဘက်​က​နေ ​ကျေးရွာထဲကိုဝင်​လို့ရတဲ့ လမ်းက​နေ အိမ်​စီးကား ၈ စီးနဲ့ ဒိုင်း၊အကာ​တွေ ကိုင်​​ဆောင်​ထားတဲ့ အရပ်​၀တ်​​နဲ့လူ​တွေ ၀င်​​ရောက်​လာတာလို့ ကိုယ်​တိုင်​မြင်​​တွေ့ခဲ့တဲ့ မယဉ်​​အေးက ​ပြောပါတယ်​။   “ကားသံကြားလို့ ဘယ်​ကလဲမသိဘူးဆိုပြီး ထွက်​ကြည့်​တယ်​။ ကားအဖြူ​လေးတစ်​စီး၊ ​နောက်​မှာလည်းကား​တွေ အဆက်​မပြတ်​၀င်​လာတယ်​။ ကားတံခါးလည်းဖွင့်​လိုက်​​ရော ဒိုင်းကာ​တွေနဲ့ ၀င်​လာတယ်​။ ” လို့ မယဉ်​ယဉ်​​အေးက ​ပြောပါတယ်​။   ဦး​ရွှေအုန်း၊ ဦးထွန်းနိုင်​၊…

Read More

ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှု ဆယ်နှစ်အရွယ်ကလေးငယ်နဲ့ ရွာသားတစ်ဦးသေဆုံး

ကျောက်တော်၊ မေ ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းမှာ မနေ့ညနေ ၆ နာရီခန့်ကစတင်ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဆယ်နှစ်အရွယ် ကလေးငယ်နဲ့ ကျေးရွာသားတစ်ဦး သေဆုံးခဲ့ပြီး  တချို့မှာကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။   ကုလားတန်မြစ်အထက်ပိုင်း မျောက်တောင်ကျေးရွာနဲ့ မာလာကျေးရွာ အနီးဝန်းကျင်နေရာတွေမှာ ပစ်ခက်မှုတွေဖြစ်ပေါ်ခဲ့တာပါ။   “ကျွန်တော်တို့နဲ့ဝေးတော့ တိတိကျကျတော့မပြောနိုင်ဘူးဗျ။ ဒါပေမယ့် ဒေသခံတွေပြောတာကတော့ တိုက်ပွဲဖြစ်တာမဟုတ်ဘူးလို့ပြောတယ်။ ပစ်ခတ်မှုတွေဖြစ်ခဲ့တာပေါ့နော်။ အဲဒီမှာ မာလာရွာက ကျည်ထိသွားတဲ့ကလေးတွေကိုတော့ စစ်တွေဆေးရုံကိုပို့ထားပါပြီ။ မာလာရွာက သေဆုံးသွားတဲ့ ဦးအောင်နီရဲ့အလောင်းကတော့ ကျောက်တော်ဆေးရုံ ခွဲရုံကိုရောက်နေပါပြီ။”လို့ ကျောက်တော်မြို့ခံ ဦးဇော်ဝင်းကပြောပါတယ်။   ဒါ့အပြင် မျောက်တောင်ကျေးရွာမှာလည်း အသက်ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး  ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကိုတော့  ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုပြုလုပ်နိုင်ရေးအတွက် သွားရောက်သယ်ဆောင်နေတယ်လို့ ပြောပါတယ်။   “မနေ့ကတောင်မှသီတင်းသုံးနေတဲ့ ဆရာတော်ကို ကျွန်တော်တို့မောင်နှမနှစ်ယောက် အချိုရည်ဗူးသွားလှူပြီး ပြန်လာတဲ့အချိန်မှာ…

Read More

ဇီးကုန်းပြည်သူ့ဆေးရုံမှာ အမွှာကလေးမိခင်သေဆုံးခဲ့မှု အမှန်တရား ပေါ်ပေါက်စေချင်တယ်လို့ မိသားစုဝင်ပြော

ဇီးကုန်း၊ ​မေ – ၂၀ – ၂၀၁၉ မိုးယံ (VOM)   ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ အမွှာကလေးမွေးအပြီး သေဆုံးသွားတဲ့ ကလေးမိခင်နဲ့ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်စေချင်တယ်လို့ သေဆုံးသူမိသားစုဝင်တွေက ပြောပါတယ်။   “အမှန်တရားကို ဖြစ်စေချင်တာပါ။ ကျွန်မယောင်းမက ဆင်းရဲပါတယ်။ အခုလိုမျိုသွားပြတော့လည်း စောသေးတယ်ဆိုပြီးပြန်လွှတ်တယ်။ ညတစ်ချက်ထိုးလို့သွားတော့လည်း နောက်ကျတယ်ဆိုပြီးဆူလွှတ်တယ်။  နစ်နာကြေးလိုချင်လို့မဟုတ်ပါဘူး၊ အမှန်တရားကို သိစေချင်တာပါ။” လို့ ယောင်းမဖြစ်သူ မပုက ပြောပါတယ်။   ဖြစ်စဉ်မှာ မေလ ၁၇ ရက် နံနက်က ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ဒေါ်တင်သန်း ( ၃၅ နှစ်) ဟာ ဗိုက်နာတာကြောင့် နေအိမ်နဲ့ ၇ မိုင်လောက်အကွာက ဇီးကုန်းမြို့နယ်​ ပြည်​သူ့​ဆေးရုံနောက်ကျော ၀န်ထမ်းလိုင်းခန်းမှာ ရှိတဲ့ အဲဒီဆေးရုံရဲ့ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးထံ သွားရောက်ပြသရာမှာ ဒေါက်တာဇော်နိုင်ဦးက…

Read More

ကိုရီးယားသရုပ်ဆောင်နဲ့ တွဲဖက်ရိုက်ကူးမယ် နန်းဆုဦး

ရန်ကုန်၊ မေ -၂၀ – ၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိသတ်အချစ်တော် နန်းဆုဦးကတော့ ကိုရီးယားသရုပ်ဆောင်နဲ့ ဇာတ်ကားတွဲဖက်ရိုက် ကူးမယ်လို့ဆိုပါတယ်။   ”နန်းဆုတို့ မြန်မာရိုးရာယဉ်ကျေးမှုနဲ့ ကိုရီးယား ယဉ်ကျေးမှုတွေရှိတယ်။ တစ်ခုနဲ့ တစ်ခုကတော့ အကုန် မတူနိုင်ဘူး။သူတို့ ကိုရီးယားယဉ်ကျေးမှုပိုင်းကိုလည်း လေ့လာခွင့်ရမယ်။ သရုပ်ဆောင်တွေ အားလုံးက အိုက်တင်ပိုင်းကိုပဲ ဂရုစိုက်ပြီးတော့ ပြင်ဆင်ရမှာပါ။ ”လို့ ဆိုပါတယ်။   အချစ်ဇာတ်ကားဆန်းဆန်းလေး တစ်ခုဖြစ်လာမယ့် ”ရင်ဝှက် အက္ခရာ”ရုပ်ရှင်ကို ဒါရိုက်တာ အောင်ကိုလတ် ၊မီရှဲလ်က ရိုက်ကူးမှာပါ။ ထွန်းကိုကို နဲ့ ကိုရီးယားမင်းသား Mah Won Woo တို့နဲ့ အတူ ဒီနေ့ ပူတာအိုမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ကိုရီးယား ဘန်ကောက် နှင့် ရန်ကုန် တို့မှာ ဆက်လက်ရိုက်ကူးသွားမှာပါ။   ဒီအချစ်ဇာတ်ကားနဲ့ပတ်သက်ပြီး   ”…

Read More

သတင်းမီဒီယာ အမည်ခံကာ ငွေကြေးတောင်းသူများ ဖမ်းဆီးခံရ

မန္တလေး ၊ မေ – ၂၀ – ၂၀၁၉ ဖြူဖြူ (VOM)   သတင်းမီဒီယာ အမည်ခံကာ ငွေကြေးတောင်းခံသူ ရှစ်ဦးကို ဖမ်းဆီးအရေးယူထားပါတယ်လို့ မန္တလေးမြို့ ပုသိမ်ကြီး မြို့မရဲစခန်းက သိရပါတယ်။   “ပထမတစ်ခုဖြတ်ပိုင်းမှာက ရှင်တော်ကုန်းက ဘုန်းကြီးကျောင်းဆောက်လုပ်ရန် ဆိုပြီးတင်ထားတာ။ အဲဒါလည်းအတုပဲ။ သူတို့အဖွဲ့လားဆိုတာတော့ ပြန်စစ်ရမယ်။ ရဲတပ်ဖွဲ့ကတော့ မစွပ်စွဲဘူး၊ ဒါပေမယ့်တရားလိုကတော့ သူတို့ လို့ပဲပြောတယ်။ နောက်တစ်ခါကျတော့ အမိမြေသတင်းစုဆောင်းရေး ဆိုတာနဲ့လာတယ်ပေါ့။ လူကြီးဧည့်ခံဖို့ဆိုပြီး အလှူခံတာပေါ့။  ” လို့ ပုသိမ်ကြီးမြို့မရဲစခန်းမှ တပ်ကြပ်လှခိုင်ကပြောပါတယ်။   ဦးအောင်မြင့်ဆွေ၊ုဦးမြင့်အောင်၊ ဦးတင့်ဇော်၊ ဦးအောင်ကျော်ထွန်း၊ ဦးမောင်ကြည်၊ ဦးလှမြင့်၊ ဦးမျိုးထွေး၊ ဦးဝေလင်းအောင် တို့ရှစ်ဦးဟာ အမိမြေ သတင်းစုံစမ်းစုဆောင်းဖော်ပြရေးအဖွဲ့ရုံးချုပ် အထက်မြန်မာပြည်ရုံးခွဲ ဖွင့်လှစ်ဖို့ လူကြီးဧည့်ခံစားရိတ်အတွက် ဆိုပြီး ငွေကြေးတောင်းခံခဲ့တာ ဖြစ်ပါတယ်။   လူကြီးဧည့်ခံဖို့…

Read More
VOM News

FREE
VIEW