ဘိလပ်​​မြေစက်​ရုံစီမံကိန်း ကန့်​ကွက်​​နေတဲ့ ​အောင်​သ​ပြေရွာက ​နေအိမ်​အချို့ကို အရပ်​၀တ်​၊ ဒိုင်းကာ​တွေနဲ့ ၀င်​​ရောက်​ရှာ​ဖွေမှု​တွေရှိခဲ့

မန္တ​လေး ​မေ – ၂၁ – ၂၀၁၉

ဖြူဖြူ (VOM)

 

မန္တ​လေးတိုင်း ပုသိမ်​ကြီးမြို့နယ်​ ​အောင်​​ပြေ​ကျေးရွာအနီးမှာ တည်​​ဆောက်​​နေတဲ့ ဘိလပ်​​မြေစက်​ရုံ စီမံကိန်းကို ကန့်​ကွက်​တာနဲ့ပတ်​သက်​ပြီး  ဒီ​နေ့မနက်​ ငါးနာရီဝန်းကျင်​က အရပ်​၀တ်​နဲ့ လူသုံးဆယ်​​ကျော်​ဟာ ​အောင်​သ​ပြေ​ကျေးရွာထဲကို ၀င်​​ရောက်​ရှာ​ဖွေတာ​တွေ လုပ်​ခဲ့တယ်​လို့ ​ဒေသခံ​တွေက​ ​ပြောပါတယ်​။

 

ပုံမှန်​ သွားလာ​နေကျ ရွာလယ်​လမ်းက ၀င်​​ရောက်​လာတာမဟုတ်​ဘဲ ကုမ္ပဏီဘက်​က​နေ ​ကျေးရွာထဲကိုဝင်​လို့ရတဲ့ လမ်းက​နေ အိမ်​စီးကား ၈ စီးနဲ့ ဒိုင်း၊အကာ​တွေ ကိုင်​​ဆောင်​ထားတဲ့ အရပ်​၀တ်​​နဲ့လူ​တွေ ၀င်​​ရောက်​လာတာလို့ ကိုယ်​တိုင်​မြင်​​တွေ့ခဲ့တဲ့ မယဉ်​​အေးက ​ပြောပါတယ်​။

 

“ကားသံကြားလို့ ဘယ်​ကလဲမသိဘူးဆိုပြီး ထွက်​ကြည့်​တယ်​။ ကားအဖြူ​လေးတစ်​စီး၊ ​နောက်​မှာလည်းကား​တွေ အဆက်​မပြတ်​၀င်​လာတယ်​။ ကားတံခါးလည်းဖွင့်​လိုက်​​ရော ဒိုင်းကာ​တွေနဲ့ ၀င်​လာတယ်​။ ” လို့ မယဉ်​ယဉ်​​အေးက ​ပြောပါတယ်​။

 

ဦး​ရွှေအုန်း၊ ဦးထွန်းနိုင်​၊ ​ဒေါ်​ဝေ​ဝေလွင်​တို့ရဲ့ ​နေအိမ်​​တွေကို အဓိက၀င်​​ရောက်​ရှာ​ဖွေခဲ့တာပါ။ ရှာ​ဖွေပုံစံဟာ မိနစ်​အနည်းငယ်​မျှသာ ကြာပြီး တာဝန်​ရှိဌာနဆိုင်​ရာ​တွေကလို မဟုတ်​ဘဲ ငှါးရမ်း​ခေါ်​ဆောင်​လာတဲ့ အရပ်​၀တ်​ပြည်​သူ​တွေလို အ​နေအထားမျိုးနဲ့ ကင်​မရာကိုင်​​ဆောင်​ထားတဲ့ အဖွဲ့​တွေလည်းပါဝင်​တာ​ကြောင့်​ မီဒီယာအသွင်​ အမှတ်​မှား​အောင်​ ဥပ​ဒေနဲ့ညီညွတ်​မှု မရှိဝင်​​ရောက်​လာခဲ့ကြတာလို့ ဆိုကြပါတယ်​။

 

“ကား​တွေက ဗိုလ်​မှူး​တွေစီးသလို ကားအ​ကောင်းစား​တွေပဲ။ အဖြူ​ရောင်​​တွေချည်းပဲ။ တံခါး​ပေါက်​​တွေတန်းဖွင့်​၊ ဒိုင်း​တွေနဲ့တန်းဝင်​၊ တခါတည်းဖွင့်​ဖွင့်​ဝင်​၀င်​ အိမ်​ထဲတန်းဝင်​ပြီး ပတ်​ရှာ၊ ပြီး​တော့ တန်းထွက်​တယ်​။ ” ဟု ဦး​ရွှေအုန်းရဲ့ သားဖြစ်​သူ ကိုရန်​မျိုး​အောင်​က ​ပြောပါတယ်​။

 

ဒီနေ့ဝင်ရောက်ရှာဖွေမှုနဲ့ ပတ်သက်ပြီး မန္တလေးခရိုင် ဒုရဲမှူးကြီး စိုင်းလှထူးထံဖုန်းဆက်သွယ်မေးမြန်းရာမှာ “အဲ့ဒါက ရဲလုပ်ငန်း ကာရိုက်တာလေ၊ အသေးစိတ်မပြောပြနိုင်ဘူး။” လို့သာ ဖြေဆိုခဲ့ပြီး ဆက်လက်မေးမြန်းခွင့် မရခဲ့ပါဘူး။

 

ဒီစီမံကိန်းကို ၂၀၁၂ ကတည်းက လျာထားခဲ့တာဖြစ်ပြီး ဒေသခံတွေကန့်ကွက်လို့ ရပ်ထားရာက ၂၀၁၅ ခုနှစ် အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာမှ တိုင်းအစိုးရက ဥပဒေနဲ့ညီတယ်ဆိုပြီးပြန်လည်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

 

ဒေသခံ​တွေက​တော့ ကန့်​ကွက်​မှု​တွေ ဆက်​တိုက်​ဆိုသလို လုပ်​​ဆောင်​ခဲ့ကြပြီး ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်တာတွေအထိ လုပ်ဆောင်ခဲ့ကြပါတယ်။

 

၂၀၁၈ခုနှစ်နောက်ပိုင်းမှာ ကန့်ကွက်မှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေပိုမိုပြင်းထန်လာခဲ့ပါတယ်။ ​နောက်​ဆက်​တွဲအကျိုးဆက်​က​တော့ ​ဒေသခံ ၁၈ ဦး​လောက်​ ပုဒ်​မအမျိုးမျိးနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်​။

 

ဒါ့အပြင်​ ဒီလ ၁၄ ရက်​က​နေ ၁၇ ရက်​အတွင်း ရဲတပ်​ဖွဲ့ဘက်​က ရာဘာကျည်​ ပစ်​ခက်​မှု​တွေ၊ ​ဒေသခံဘက်​က ခဲပစ်​ခက်​မှု​တွေ၊ ကုမ္ပဏီပိုင်​ပစ္စည်း ဖျက်​စီးမှု​တွေနဲ့ ပဋိပက္ခ​တွေ ဖြစ်​ပွားခဲ့ပြီး အဲ့ဒီအတွက်​လည်း လက်​ရှိမှာ ၇ ဦး ဖမ်းဆီးခံထားရပါတယ်​။

 

ဒီဘိလပ်မြေစက်ရုံစီမံကိန်းဟာ ရွာစည်းရိုးနဲ့ ထိကပ်နေပြီး စက်ရုံပြီးလို့ လည်ပတ်မယ်ဆိုရင် ကျောက်မီးသွေးနဲ့ ကျောက်မှုန့်တွေကြောင့် သူတို့ရွာ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ရပ်ဆိုင်းပေးဖို့၊ ဖမ်းဆီးထားသူတွေကို  အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်ထောင်စုအစိုးရက ကွင်းဆင်းစစ်ဆေးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

 

ဒေသခံတွေကန့်ကွက်နေတဲ့ အဲဒီဘိလပ်မြေစက်ရုံကို ဆက်လက်လုပ်ကိုင်ခွင့်ပြုတာဟာ ဘက်လိုက်မှုတွေရှိနေတယ်ဆိုပြီး မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကိုအရေးယူပေးဖို့ NLD ရုံးချုပ်ကိုလည်းတိုင်ကြားစာတွေပေးပို့ခဲ့တာမျိုး​တွေလည်းရှိခဲ့ပါတယ်​။

 

လက်​ရှိမှာ​ ​ကုမ္ပဏီနဲ့ အနီးတ၀ိုက်​မှာ ရဲအင်​အားအလုံအ​လောက်​နဲ့ လုံခြုံ​ရေးချထားဆဲပဲ ဖြစ်​တဲ့အတွက်​ ​ကျေးရွာ​နေပြည်​သူ​တွေဟာ တစုတစည်းတည်းမရှိရင်​ ဖမ်းဆီးခံရနိုင်​တာ​ကြောင့်​ ရွာအပြင်​ကို သိပ်​မထွက်​ကြဘူးလို့လည်း သိရပါတယ်​။

 

“စိတ်​ဓာတ်​စစ်​ဆင်​​ရေးလိုလုပ်​​နေတာ။ အအိပ်​ပြတ်​၊  အစားပြတ်​၊ အဆက်​အသွယ်​ပြတ်​၊ အလုပ်​ပြတ်​ အဲ့လို​တွေဖြစ်​​အောင်​လုပ်​​ ခြိမ်း​ခြောက်​​နေတာ။ “လို့ ​ဒေသခံ မယဉ်​ယဉ်​​အောင်​က ​ပြောပါတယ်​။

 

#voiceofmyanmar #အောင်သပြေဘိလပ်မြေစက်ရုံ #ပုသိမ်ကြီး #မန္တလေး #​အောင်​သ​ပြေ

Related posts

Leave a Comment

VOM News

FREE
VIEW