ကိုရီးယားသရုပ်ဆောင်နဲ့ တွဲဖက်ရိုက်ကူးမယ် နန်းဆုဦး

ရန်ကုန်၊ မေ -၂၀ – ၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ပရိသတ်အချစ်တော် နန်းဆုဦးကတော့ ကိုရီးယားသရုပ်ဆောင်နဲ့ ဇာတ်ကားတွဲဖက်ရိုက် ကူးမယ်လို့ဆိုပါတယ်။

 

”နန်းဆုတို့ မြန်မာရိုးရာယဉ်ကျေးမှုနဲ့ ကိုရီးယား ယဉ်ကျေးမှုတွေရှိတယ်။ တစ်ခုနဲ့ တစ်ခုကတော့ အကုန် မတူနိုင်ဘူး။သူတို့ ကိုရီးယားယဉ်ကျေးမှုပိုင်းကိုလည်း လေ့လာခွင့်ရမယ်။ သရုပ်ဆောင်တွေ အားလုံးက အိုက်တင်ပိုင်းကိုပဲ ဂရုစိုက်ပြီးတော့ ပြင်ဆင်ရမှာပါ။ ”လို့ ဆိုပါတယ်။

 

အချစ်ဇာတ်ကားဆန်းဆန်းလေး တစ်ခုဖြစ်လာမယ့် ”ရင်ဝှက် အက္ခရာ”ရုပ်ရှင်ကို ဒါရိုက်တာ အောင်ကိုလတ် ၊မီရှဲလ်က ရိုက်ကူးမှာပါ။

ထွန်းကိုကို နဲ့ ကိုရီးယားမင်းသား Mah Won Woo တို့နဲ့ အတူ ဒီနေ့ ပူတာအိုမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး

ကိုရီးယား ဘန်ကောက် နှင့် ရန်ကုန် တို့မှာ ဆက်လက်ရိုက်ကူးသွားမှာပါ။

 

ဒီအချစ်ဇာတ်ကားနဲ့ပတ်သက်ပြီး   ” မိန်းကလေး တော်တော်များများက Romatic ဇာတ်လမ်းကြိုက်ကြမယ် ထင်တယ်။ ကိုရီးယားကားတွေဆိုရင် နန်းဆုကိုယ်တိုင်လည်း သဘောကျတယ်။ လီမင်းဟိုကို နန်းဆုကကြိုက်တယ်။ သူ့ကားတွေဆို ကြည့်ပါတယ်။ ဇာတ်လမ်းတွဲတွေလည်း ကြိုက်တယ်။ဒီလို ကိုရီးယားက သရုပ်ဆောင်နဲ့ တွဲဖက်သရုပ်ဆောင်ရမယ်လို့လည်း မတွေးခဲ့ဖူးဘူး။ ဒီဇာတ်ကားမှာ ကိုရီးယားသရုပ်ဆောင်နဲ့ ဆုံမယ်ဆိုတော့ နန်းဆုဘက်က အကောင်းဆုံး ကာရိုက်တာဖြစ်အောင် ကြိုးစား သွားမှာပါ။”လို့ ဆိုပါတယ်။

 

#voiceofmyamar #နန်းစုဦး #ကိုရီးယားသရုပ်ဆောင်နဲ့ရိုက်ကူး #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW