ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှု ဆယ်နှစ်အရွယ်ကလေးငယ်နဲ့ ရွာသားတစ်ဦးသေဆုံး

ကျောက်တော်၊ မေ ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းမှာ မနေ့ညနေ ၆ နာရီခန့်ကစတင်ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဆယ်နှစ်အရွယ် ကလေးငယ်နဲ့ ကျေးရွာသားတစ်ဦး သေဆုံးခဲ့ပြီး  တချို့မှာကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။   ကုလားတန်မြစ်အထက်ပိုင်း မျောက်တောင်ကျေးရွာနဲ့ မာလာကျေးရွာ အနီးဝန်းကျင်နေရာတွေမှာ ပစ်ခက်မှုတွေဖြစ်ပေါ်ခဲ့တာပါ။   “ကျွန်တော်တို့နဲ့ဝေးတော့ တိတိကျကျတော့မပြောနိုင်ဘူးဗျ။ ဒါပေမယ့် ဒေသခံတွေပြောတာကတော့ တိုက်ပွဲဖြစ်တာမဟုတ်ဘူးလို့ပြောတယ်။ ပစ်ခတ်မှုတွေဖြစ်ခဲ့တာပေါ့နော်။ အဲဒီမှာ မာလာရွာက ကျည်ထိသွားတဲ့ကလေးတွေကိုတော့ စစ်တွေဆေးရုံကိုပို့ထားပါပြီ။ မာလာရွာက သေဆုံးသွားတဲ့ ဦးအောင်နီရဲ့အလောင်းကတော့ ကျောက်တော်ဆေးရုံ ခွဲရုံကိုရောက်နေပါပြီ။”လို့ ကျောက်တော်မြို့ခံ ဦးဇော်ဝင်းကပြောပါတယ်။   ဒါ့အပြင် မျောက်တောင်ကျေးရွာမှာလည်း အသက်ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး  ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကိုတော့  ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုပြုလုပ်နိုင်ရေးအတွက် သွားရောက်သယ်ဆောင်နေတယ်လို့ ပြောပါတယ်။   “မနေ့ကတောင်မှသီတင်းသုံးနေတဲ့ ဆရာတော်ကို ကျွန်တော်တို့မောင်နှမနှစ်ယောက် အချိုရည်ဗူးသွားလှူပြီး ပြန်လာတဲ့အချိန်မှာ…

Read More

ဇီးကုန်းပြည်သူ့ဆေးရုံမှာ အမွှာကလေးမိခင်သေဆုံးခဲ့မှု အမှန်တရား ပေါ်ပေါက်စေချင်တယ်လို့ မိသားစုဝင်ပြော

ဇီးကုန်း၊ ​မေ – ၂၀ – ၂၀၁၉ မိုးယံ (VOM)   ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ အမွှာကလေးမွေးအပြီး သေဆုံးသွားတဲ့ ကလေးမိခင်နဲ့ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်စေချင်တယ်လို့ သေဆုံးသူမိသားစုဝင်တွေက ပြောပါတယ်။   “အမှန်တရားကို ဖြစ်စေချင်တာပါ။ ကျွန်မယောင်းမက ဆင်းရဲပါတယ်။ အခုလိုမျိုသွားပြတော့လည်း စောသေးတယ်ဆိုပြီးပြန်လွှတ်တယ်။ ညတစ်ချက်ထိုးလို့သွားတော့လည်း နောက်ကျတယ်ဆိုပြီးဆူလွှတ်တယ်။  နစ်နာကြေးလိုချင်လို့မဟုတ်ပါဘူး၊ အမှန်တရားကို သိစေချင်တာပါ။” လို့ ယောင်းမဖြစ်သူ မပုက ပြောပါတယ်။   ဖြစ်စဉ်မှာ မေလ ၁၇ ရက် နံနက်က ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ဒေါ်တင်သန်း ( ၃၅ နှစ်) ဟာ ဗိုက်နာတာကြောင့် နေအိမ်နဲ့ ၇ မိုင်လောက်အကွာက ဇီးကုန်းမြို့နယ်​ ပြည်​သူ့​ဆေးရုံနောက်ကျော ၀န်ထမ်းလိုင်းခန်းမှာ ရှိတဲ့ အဲဒီဆေးရုံရဲ့ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးထံ သွားရောက်ပြသရာမှာ ဒေါက်တာဇော်နိုင်ဦးက…

Read More

ကိုရီးယားသရုပ်ဆောင်နဲ့ တွဲဖက်ရိုက်ကူးမယ် နန်းဆုဦး

ရန်ကုန်၊ မေ -၂၀ – ၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိသတ်အချစ်တော် နန်းဆုဦးကတော့ ကိုရီးယားသရုပ်ဆောင်နဲ့ ဇာတ်ကားတွဲဖက်ရိုက် ကူးမယ်လို့ဆိုပါတယ်။   ”နန်းဆုတို့ မြန်မာရိုးရာယဉ်ကျေးမှုနဲ့ ကိုရီးယား ယဉ်ကျေးမှုတွေရှိတယ်။ တစ်ခုနဲ့ တစ်ခုကတော့ အကုန် မတူနိုင်ဘူး။သူတို့ ကိုရီးယားယဉ်ကျေးမှုပိုင်းကိုလည်း လေ့လာခွင့်ရမယ်။ သရုပ်ဆောင်တွေ အားလုံးက အိုက်တင်ပိုင်းကိုပဲ ဂရုစိုက်ပြီးတော့ ပြင်ဆင်ရမှာပါ။ ”လို့ ဆိုပါတယ်။   အချစ်ဇာတ်ကားဆန်းဆန်းလေး တစ်ခုဖြစ်လာမယ့် ”ရင်ဝှက် အက္ခရာ”ရုပ်ရှင်ကို ဒါရိုက်တာ အောင်ကိုလတ် ၊မီရှဲလ်က ရိုက်ကူးမှာပါ။ ထွန်းကိုကို နဲ့ ကိုရီးယားမင်းသား Mah Won Woo တို့နဲ့ အတူ ဒီနေ့ ပူတာအိုမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ကိုရီးယား ဘန်ကောက် နှင့် ရန်ကုန် တို့မှာ ဆက်လက်ရိုက်ကူးသွားမှာပါ။   ဒီအချစ်ဇာတ်ကားနဲ့ပတ်သက်ပြီး   ”…

Read More

သတင်းမီဒီယာ အမည်ခံကာ ငွေကြေးတောင်းသူများ ဖမ်းဆီးခံရ

မန္တလေး ၊ မေ – ၂၀ – ၂၀၁၉ ဖြူဖြူ (VOM)   သတင်းမီဒီယာ အမည်ခံကာ ငွေကြေးတောင်းခံသူ ရှစ်ဦးကို ဖမ်းဆီးအရေးယူထားပါတယ်လို့ မန္တလေးမြို့ ပုသိမ်ကြီး မြို့မရဲစခန်းက သိရပါတယ်။   “ပထမတစ်ခုဖြတ်ပိုင်းမှာက ရှင်တော်ကုန်းက ဘုန်းကြီးကျောင်းဆောက်လုပ်ရန် ဆိုပြီးတင်ထားတာ။ အဲဒါလည်းအတုပဲ။ သူတို့အဖွဲ့လားဆိုတာတော့ ပြန်စစ်ရမယ်။ ရဲတပ်ဖွဲ့ကတော့ မစွပ်စွဲဘူး၊ ဒါပေမယ့်တရားလိုကတော့ သူတို့ လို့ပဲပြောတယ်။ နောက်တစ်ခါကျတော့ အမိမြေသတင်းစုဆောင်းရေး ဆိုတာနဲ့လာတယ်ပေါ့။ လူကြီးဧည့်ခံဖို့ဆိုပြီး အလှူခံတာပေါ့။  ” လို့ ပုသိမ်ကြီးမြို့မရဲစခန်းမှ တပ်ကြပ်လှခိုင်ကပြောပါတယ်။   ဦးအောင်မြင့်ဆွေ၊ုဦးမြင့်အောင်၊ ဦးတင့်ဇော်၊ ဦးအောင်ကျော်ထွန်း၊ ဦးမောင်ကြည်၊ ဦးလှမြင့်၊ ဦးမျိုးထွေး၊ ဦးဝေလင်းအောင် တို့ရှစ်ဦးဟာ အမိမြေ သတင်းစုံစမ်းစုဆောင်းဖော်ပြရေးအဖွဲ့ရုံးချုပ် အထက်မြန်မာပြည်ရုံးခွဲ ဖွင့်လှစ်ဖို့ လူကြီးဧည့်ခံစားရိတ်အတွက် ဆိုပြီး ငွေကြေးတောင်းခံခဲ့တာ ဖြစ်ပါတယ်။   လူကြီးဧည့်ခံဖို့…

Read More

ကလေးဝမြို့နယ်ရှိကျောက်မီးသွေးကျင်းအတွင်းပေါက်ကွဲမှုဖြစ်ပွားလူ၆ဦးဒဏ်ရာရ

ကလေးဝ- မေ၂၀၊၂၀၁၉ မိုင်ချယ်ရီ( VOM)   ကလေးဝမြို့နယ်အတွင်းမှာထူးဟန်သစ်ကုမ္မဏီကတာဝန်ယူတူးဖော်နေတဲ့ကျောက်မီးသွေးတူးဖော်ကျင်းလုပ်ကွက်အမှတ်(၂)အတွင်းမှာယမ်းပေါက်ကွဲရာကနေလူ၆ဦးဒဏ်ရာရတဲ့ဖြစ်စဉ်တစ်ခုမေလ၁၉ရက်နေ့ညနေ၅နာရီအချိန်ဝန်းကျင်ကဖြစ်ပွားခဲ့တယ်လို့ကလေးဝမြို့မရဲစခန်းကနေသိရပါတယ်။     မြေအောက်ပေ၅၀၀အနက်မှာရှိတဲ့ကျောက်မီးသွေးတူးဖော်ရာမှာအသုံးပြုတဲ့ယမ်းပေါက်ကွဲရာကနေမီသိန်းဓါတ်ငွေနဲ့ထိတွေ့ပြီးထပ်ဆင့်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်ကျင်းအတွင်းမြေအောက်ပေ၂၀၀အနက်မှာကျောက်မီးသွေးတူးဖော်နေတဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားအပါအ၀င်လူ(၆)ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။   ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ဦးစိုးအောင်(၃၈)နှစ်(ဘ)ဦးထွန်းကျော်၊ဦးမောင်ကျော်(၂၆)နှစ်(ဘ)ဦးဇော်မြင့်၊ဦးမျိုးသန့်ထွန်း(၂၃)နှစ်(ဘ)ဦးမောင်ထွန်း၊ဦးမင်းခန့်(၃၅)နှစ်(ဘ)ဦးချိုအေး၊ဦးပြည့်ဖြိုးအောင်(၁၈)နှစ်(ဘ)ဦးဆန်းဝင်းနဲ့ဗီဇာအမှတ်IA 186689 ကိုင်ဆောင်ထားသူတရုတ်နိုင်ငံသားတစ်ဦးတို့မှာအသီးသီးဒဏ်ရာရရှိခဲ့ပါတယ်။   ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲကနေ(၄) ဦးကတော့သိပ်မစိုးရိမ်ရတာကြောင့်ကလေးဝမြို့ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေရပြီးတရုတ်နိုင်ငံသားနဲ့မြန်မာနိုင်ငံသားဦးမောင်ကျော်တို့မှာစိုးရိမ်ရတာကြောင့်ကလေးမြို့ပြည်သူ့ဆေးရုံမှာတက်ရောက်ဆေးကုသမှုခံယူနေရတယ်လို့ကလေးဝမြို့မရဲစခန်းကနေသိရပါတယ်။   #voiceofmyanmar #ကလေးဝ #ကျောက်မီးသွေး #ယမ်းပေါက်ကွဲမှု

Read More
VOM News

FREE
VIEW