ကျောက်တံခါး ဇွန် ၁၅-၂၀၁၉
မိုးယံ (VOM)
ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်တံခါး မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၁၀၁/၄နဲ့၁၀၁/၅ ကြား အလယ်ကျွန်းကျေးရွာ အနီး တိုလိုတံတားပေါ်မှာ မနေ့ ည ၇ နာရီ ဝန်းကျင်လောက်က ဆိုင်ကယ်နဲ့ခရီးသည်တင်ကား မျက်နှာချင်းဆိုင် တိုက်မိပြီး တစ်နှစ်အရွယ်ကလေးအပါအဝင် လူသုံးဦး နေရာတင် သေဆုံးခဲ့ပါတယ်။
အသက်(၂၈)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး မောင်းနှင်ပြီး အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသမီးနဲ့ အသက်တစ်နှစ်ခန့်ရှိ ယောကျာင်္းလေးတစ်ဦးတို့နောက်မှစီးလာတဲ့ ဆိုင်ကယ်နဲ့ ဦးကိုကိုမြင့် မောင်းလာတဲ့ TOYOTA HIACE အပြာရောင် ခရီးသည်တင်ကား တိုက်မိတာဖြစ်တယ်လို့ ကျောက်တံခါး မြို့မရဲစခန်း ဒုရဲအုပ် နော်ဒေဇီက ဆိုပါတယ်။
“ ခရီးသည်တင် ကားကယာဉ်မောင်းနဲ့ ခရီးသည်တွေတော့ထိခိုက်မှုမရှိပါဘူး ဆိုင်ကယ်ကိုမဆင်မခြင် အရှိန်ပြင်းပြင်း မောင်းတဲ့အတွက် တစ်ဘက်ယာဉ်ကြောက ကားနဲ့မျက်နှာချင်းဆိုင် တိုက်မိတာလို့ “ ပြောပါတယ်။
ယာဉ်ကို ပေါ့ဆစွာ မောင်းနှင်တဲ့ ဆိုင်ကယ်မောင်းနှင်သူကို ယာဉ်(ပ)၁၂/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကအရ အမှုဖွင့်ထားတယ်လို့ ကျောက်တံခါး မြို့မရဲစခန်း က ရဲအုပ်ကျော်သူထက်ကပြောပါတယ်။
#voiceofmyanmar #ကျောက်တံတား #ဆိုင်ကယ်နဲ့ကားနဲ့တိုက် #ယာဉ်တိုက်မှု