ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် သူမရဲ့ငယ်ဘဝ ပုံတူ ရွှံ့ရုပ်တု ထုလုပ်

မန္တလေး၊ဇွန် ၁၉-၂၀၁၉ ဟိန်းကို(VOM)   ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘဝပုံတူ ရွှံ့ရုပ်တုကို မန္တလေးမြို့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်၊ ပန်းပုဌာန နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက ထုလုပ်နေပါတယ်။   “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ်ရယ်၊ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က ပန်းပုကျောင်းသားတွေရဲ့ လက်ရာတွေ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာကို ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။ ကျနော် အသက်ရှင်နေသ၍တော့ အမေစုအတွက် မွေးနေ့အမှတ်တရလက်ဆောင်တွေ နှစ်စဉ်လုပ်ပေးသွားမှာပါ။” လို့ အဲဒီကျောင်းသား ကိုဖိုးဝလုံးက ပြောပါတယ်။   ပုံစံတူ ရုပ်တုကို ရွှံ့စေးတစ်မျိုးတည်းနဲ့ ဇွန်လ ၁၄ ရက်ကတည်းက ပုံဖော်နေတာဖြစ်ပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အချောသတ်ပြီးစီးမှာဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ မိုလ်လောင်းပြီး ပလာစတာရုပ်တု ပြုလုပ်သွားမှာ…

Read More

ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်ရက်ကို လေးသောင်းနီးပါးရှိ

ကုလသမဂ္ဂ၊ ဇွန်-၁၉-၂၀၁၉ မျိုးဆက် (VOM)   ကမ္ဘာတစ်ဝန်းမှာ စစ်ပွဲ၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့  ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသူအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်မှာ သန်း ၇၀ ကျော်ရှိခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့ နှစ် ၇၀ နီးပါးရှိပြီဖြစ်တဲ့ လုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းတွေထဲမှာ အမြင့်ဆုံးအရေအတွက် ဖြစ်ပါတယ်။   နေရပ်စွန့်ခွာခဲ့ရသူတွေဟာ  ၇၀ ဒသမ ၈ သန်းနီးပါးရှိပြီး အရင်နှစ်ကထက်  ၂ ဒသမ ၃ သန်းကျော် ပိုလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့  နှစ်ပတ်လည် အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။   အဲဒီအရေအတွက်ဟာ နှစ်ပေါင်း ၂၀ အတွင်း စံချိန်တင် နှစ်ဆမြင့်တက်လာတာဖြစ်ပြီး နေ့စဉ်ပျမ်းမျှ လူ ၃၇၀၀၀ ဦးဟာ နေရပ်စွန့်ခွာနေကြရတယ်လို့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   စစ်ပွဲ၊ ပဋိပက္ခနဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေကနေ ဘေးကင်းလုံခြုံမှု…

Read More

မြေပုံမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

မြေပုံ၊ ဇွန် ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဟာ မနေ့ ဇွန်လ ၁၈ ရက် ညနေပိုင်းက လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။   အဲ့ဒီအုပ်ချုပ်ရေးမှူးဟာ အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေ (၄၂)နှစ်ဖြစ်ပြီး ညနေ ၈ နာရီကျော်အချိန်လောက်က မိုးကာအင်္ကျီဝတ်ပြီး မျက်နှာချုပ်ထားတဲ့ သေနတ်သမားတစ်ဦးက နေအိမ်ကိုလာရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။   “ ကျမတို့က တီဗီကြည့်နေကြတာပါ။ အဲ့ဒီအချိန်မှာ မိုးရွာနေတယ်။ လူတစ်ယောက်က အဖေ့ကိုခေါ်တယ်။ အဲ့ဒီမှာ ထွက်သွားတာ။ ဘယ်သူမှန်းတော့ မသိလိုက်ဘူး၊ လူကိုမမှတ်မိဘူး။ သေနတ်နဲ့ပစ်ခတ်သွားတာ ဖြစ်ပါတယ်။”လို့ ဦးသန်းမောင်ချေရဲ့ သမီးဖြစ်သူက ပြောပါတယ်။   အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က အမှုဖွင့်ဆောင်ရွက်ထားရှိပြီး တရားခံကို ဖော်ထုတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ပြောပါတယ်။…

Read More

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ H1N1 နဲ့ နှစ်ဦးသေ

ရန်ကုန်၊ ဇွန် ၁၉ – ၂၀၁၉ သူရိန်(VOM)   ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဒီရက်ပိုင်းအတွင်း H1N1 ကူးစက်ရောဂါနဲ့  လူနာနှစ်ဦးသေဆုံးသွားတယ်လို့ ရန်ကုန်နာရေးကူညီမှုအသင်းနဲ့ ကော့မှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။   ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်က အမျိုးသမီးတစ်ဦး H1 N1, PD M 09 ရောဂါနဲ့ အခုလ ၁၄ ရက်က သေဆုံးခဲ့သလို ၁၈ ရက်ညကလည်း အမျိုးသားတစ်ဦး H1 N1 နဲ့သေဆုံးသွားတယ်လို့ သိရပါတယ်။   ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာH1N1နဲ့ သေဆုံးသူတွေ ထပ်မံရှိလာတယ်လို့ ပြောဆိုသံတွေထွက်ပေါ်လာခဲ့တာကြောင့် ပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိတဲ့အတွက် အတည်ပြုဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်သိင်္ဂီမြင့်ကို မနေ့က မေးမြန်းခဲ့ရာမှာ ” အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ နေပြည်တော်ကနေ သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။” လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။…

Read More

ဒေါ်အောင်ဆန်းစုကြည် တက်မယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ ရိုဟင်ဂျာအရေး အပြင်းအထန် ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်၊ ဇွန်-၁၉-၂၀၁၉ မျိုးဆက် (VOM)   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ အပြင်းအထန်ဆွေးနွေးမယ့် အကြောင်းအရာတစ်ခု ဖြစ်ဖွယ် ရှိနေပါတယ်။   ဒီနှစ်မှာတော့ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်မှာပါ။ နှစ်ရက်ကြာမယ့် အဲဒီဆွေးနွေးပွဲကို မကြာမီ လက်ခံကျင်းပမှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ဖိတ်ကြားချက်အရ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ မြန်မာဘက်က ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။   ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ထုတ်ပြန်မယ့် အာဆီယံဥက္ကဌရဲ့ ကြေညာချက်မူကြမ်းမှာတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ လုံခြုံ၊ သိက္ခာရှိစွာနဲ့ နေရပ်ပြန်လာရေး လွယ်ကူချောမွေ့စေဖို့ လိုလားတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ သဘောထားကို ထပ်မံ အတည်ပြု ဖော်ပြထားပါတယ်။   အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တစ်လတာကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ…

Read More

မန္တလေးမြို့က ၃၈လမ်း၊ ၇၃×၇၈ လမ်းသစ်ကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဖွင့်လှစ်

မန္တလေး၊ဇွန် ၁၉-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့မှာ ၃၈လမ်း၊ ၇၃×၇၈ လမ်းမအသစ်ကြီးကို ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အထိမ်းအမှတ်တစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။   “လောလောဆယ် လမ်းနာမည်ကိုတော့ ၃၈ လမ်းလို့ပဲ သက်မှတ်ထားပါတယ်။ အမှန်အတိုင်းပြောရရင် ကျနော့်ရင်ထဲမှာတော့ အောင်ဆန်းစုကြည်လမ်းလို့ ပေးပြီးသားပါ။ ဒီမွေးနေ့အမီ အပြီးဖွင့်ဖို့ အားသွန်ခွန်စိုက်လုပ်ခဲ့တာ။ အရင်တုန်းကလို လမ်းကို ပြီးရင်ပြီးရော လုပ်ထားတာမဟုတ်ပါဘူး။” လို့ မန္တလေးမြို့တော်ဝန် ဒေက်တာရဲလွင်က ပြောပါတယ်။   မြို့တော်ဝန် ဒေါက်တာရဲလွင်ကနေ အဲဒီလမ်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်ပေးဖို့   စိတ်ကူးထားတဲ့အကြောင်း အခုဖွင့်ပွဲမတိုင်ခင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ရာမှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။   အဲဒီမြေနေရာကို အမှတ်(၇၆) ခြေလျင်တပ်ကပိုင်ဆိုင်တာဖြစ်ပြီး အခုလမ်းသစ်ဖောက်လုပ်ဖို့အတွက်  မြေနေရာကို တပ်မတော်ကနေ မြို့တော်စည်ပင်သာယာကို လှူဒါန်းခဲ့တာပါ။ အဲဒီလမ်းဖောက်ဖို့အတွက် ၂၀၁၇ ခုနှစ် ၇ လပိုင်းက မြို့တော်ဝန်နဲ့ တပ်မတော်…

Read More

ဇီးကုန်းမြို့နယ်က လယ်​​မြေတချို့မှာ ကျိုင်းပိုးအမျိုးနွယ်​ဝင်​ ပိုးတစ်​မျိုးကျလို့ ​တောင်​သူ​တွေ စိုးရိမ်

ဇီးကုန်း၊ ဇွန်​ ၁၉ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့ နယ် လယ်​မကျေးရွာအုပ်​စုက လယ်​တချို့မှာ ကျိုင်းပိုးအမျိုးနွယ်​ဝင်​ ပိုးတစ်​မျိုးကျလို့ စပါးပင်​​တွေ ပျက်​စီးမှုရှိနေတဲ့အတွက် တောင်​သူ​တွေ စိုးရိမ်​​နေတယ်​လို့ သိရပါတယ်​။   “​မြေ​ခွေး​ကောင်​လို ကျင်း​ပေါက်​က​လေး​တွေက​နေ စပါးပင်​ရဲ့ အမြစ်​​တွေ၊ အပင်​​တွေ အကုန်​စားပစ်​တယ်​။ ​တော်​​တော်​စိုးစိုးဝါးဝါး ဖြစ်​​နေတယ်။ လယ်​မရွာဘက်က လယ်​​တွေဆို တစ်​ကွင်းလုံး အဲဒီပိုး​တွေကို နှိမ်​နင်း​နေရတယ်​။ ဆေး​တွေပက်​​တော့လည်း မ​သေဘူး။ စပါးပင်​​တွေက တစ်​ထွာ​လောက်​ရှိ​မှ ပျက်​စီးကုန်​တာ။”လို့ ဒေသခံ​တောင်​သူ ဦးသန်းလွင်​က ​ပြောပါတယ်​။   အထူးသဖြင့် လယ်​မကျေးရွာအုပ်​စု လယ်​မရွာမှာ ခန့်​မှန်း​ခြေ လယ်​ဧက သုံးဆယ်​​ကျော်​ဟာ ပိုးကျ​နေပြီး လယ်​ကွက်​တိုင်းနီးပါးက ဧကတစ်​ဝက်​​လောက်​ကို ပိုးစားထားတယ်​လို့ ဆိုပါတယ်​။ ဒီမိုးဦးကျကာလ မျိုးစပါးစိုက်ပျိုးစရိတ်နဲ့  ထွန်ယက်ခဟာ တစ်ဧကကို ငါးသောင်းကျော် ကုန်ကျစရိတ်ရှိပြီး …

Read More
VOM News

FREE
VIEW