ဒေါ်အောင်ဆန်းစုကြည် တက်မယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ ရိုဟင်ဂျာအရေး အပြင်းအထန် ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်၊ ဇွန်-၁၉-၂၀၁၉

မျိုးဆက် (VOM)

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ အပြင်းအထန်ဆွေးနွေးမယ့် အကြောင်းအရာတစ်ခု ဖြစ်ဖွယ် ရှိနေပါတယ်။

 

ဒီနှစ်မှာတော့ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်မှာပါ။ နှစ်ရက်ကြာမယ့် အဲဒီဆွေးနွေးပွဲကို မကြာမီ လက်ခံကျင်းပမှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ဖိတ်ကြားချက်အရ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ မြန်မာဘက်က ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ထုတ်ပြန်မယ့် အာဆီယံဥက္ကဌရဲ့ ကြေညာချက်မူကြမ်းမှာတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ လုံခြုံ၊ သိက္ခာရှိစွာနဲ့ နေရပ်ပြန်လာရေး လွယ်ကူချောမွေ့စေဖို့ လိုလားတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ သဘောထားကို ထပ်မံ အတည်ပြု ဖော်ပြထားပါတယ်။

 

အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တစ်လတာကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi အပါအ၀င် လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် ကဲ့သို့သော မိတ်ဖက်နိုင်ငံတွေက သံတမန်တွေနဲ့ တွေ့ဆုံခဲ့တာက အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် သိသာထင်ရှားတဲ့ ပြင်ဆင်မှုဖြစ်ပါတယ်။

 

ရိုဟင်ဂျာအရေး တုံ့ပြန်မှုနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ အထူးသဖြင့် မလေးရှားနိုင်ငံက ရိုဟင်ဂျာတွေကို အကာကွယ်မပေးခဲ့ဘူးဆိုကာ ဝေဖန်ပြောဆိုခဲ့ပါတယ်။

 

Ref & Photo : Bangkok Post

 

#voiceofmyanmar # ဒေါ်အောင်ဆန်းစုကြည်တက်မယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာရိုဟင်ဂျာအရေး အပြင်းအထန်ဆွေးနွေးဖွယ်ရှိ # ဘန်ကောက်

Related posts

✕
VOM News

FREE
VIEW