ကွာရှင်းပြီးကာစ လင်မယားရန်ဖြစ်ပြီး ယောကျာ်းဖြစ်သူက မိန်းမကို ဓါးနဲ့ထိုးသတ်

စစ်ကိုင်း၊ ဇွန် – ၃ -၂၀၁၉ စောပြည့်ချမ်းသာ(VOM)   ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကွာရှင်းထားတဲ့ ဇနီးဖြစ်သူကို ခင်ပွန်းက စစ်ကိုင်းမြို့ မိုးဇာရပ်ကွက်အနီး စစ်ကိုင်းမြို့မဈေးမှာ ဒီနေ့မနက် ၆ နာရီလောက်က ဓါးနဲ့ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။   “သူတို့ နှစ်ဦးမှာ မိန်းမက ဖောက်ပြန်တဲ့အတွက် လွန်ခဲ့တဲ့ ၂ ရက် သောကြာနေ့က ကွာရှင်းခဲ့တာ။ သူတို့မှာ ကလေးသုံးယောက်ရှိတယ်။ မိန်းမက ကလေးအငယ်နှစ်ယောက် မပေးချင်ဘူး။ အဲဒါနဲ့ အငယ်နှစ်ယောက်ကို လိုချင်တယ်နဲ့ ဘာနဲ့ စကားများပြီး  ယောကျာ်းဖြစ်သူက သားသတ်ရုံက ပြန်လာတာဆိုတော့ဓါး ကလည်း အသင့်ပါလာတယ်။ အဲ့ဒါနဲ့ ထိုးပစ်လိုက်တာဖြစ်တယ်။”လို့ စစ်ကိုင်းမြို့မစခန်းမှူး ဒုရဲမှူး ခိုင်စိုးထွန်းက ပြောပါတယ်။   စစ်ကိုင်းမြို့မဈေး ၂၄ နာရီ ပျံကျဈေးမှာ မိုးဇာရပ်ကွက်နေ  ကိုစိုးနိုင်ဦး (၃၃)နှစ်နဲ့ ပန်းဘဲတန်းရပ်ကွက်နေ မဇင်မာဝင်း…

Read More

ပင်လယ်ငါးနဲ့ ရေချိုငါး ဝင်ရောက်နိုင်မှု မရှိသေးတာ​ကြောင့်​ မွေးမြူရေးငါးဈေးနှုန်း ဆက်လက် မြင့်တက်နိုင်

ရန်​ကုန်​၊ ​ဇွန်​ ၃ – ၂၀၁၉ သူရိန်(VOM)   ဇွန်​လကနေ အောက်တိုဘာလအတွင်း ပြည်တွင်းငါးဈေးကွက်အတွက် ပင်လယ်ငါးနဲ့ ရေချိုငါး ဝင်ရောက်နိုင်မှု မရှိသေးတာ​ကြောင့်​ မွေးမြူရေးငါးဈေးနှုန်းတွေ ဆက်လက်မြင့်တက်နိုင်​တယ်​လို့်​ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရပါတယ်။   “ဈေးကွက်ထဲမှာ မွေးမြူရေးငါး တစ်မျိုးပဲ ဒီနှစ်မှာရှိမယ့်အခြေအနေ ရောက်သွားတယ်။ မွေးမြူရေးငါးရဲ့ထုတ်လုပ်မှု အနေအထားကို ပြန်သုံးသပ်တဲ့အခါ မွေးမြူရေးငါးက ထုတ်လုပ်မှုလျော့သွားတဲ့ အချိန်ဖြစ်နေတယ်။ ပြီးခဲ့တဲ့နှစ်က ကြုံတွေ့ခဲ့တဲ့ အခက်အခဲကြောင့် ထုတ်လုပ်မှု လျော့တာဖြစ်တယ်​။ တစ်ခါမှ မဖြစ်ဖူးတဲ့ ဈေးနှုန်း ဖြစ်လာတယ်။”လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်ကြိုင်က ပြောပါတယ်။   ပြီးခဲ့တဲ့နှစ် ဒီအချိန်မှာရှိတဲ့ မွေးမြူရေးငါးဈေးနှုန်းထက် ဒီနှစ်မှာ လက်ကားဈေး ၁၆၀၀ လောက် ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကစပြီး ဆော်ဒီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပါအဝင်…

Read More

အလောင်းတော်ကဿပဘုရားမှာ ရံပုံငွေကျပ်သိန်းနှစ်ထောင်လောက် ကွာဟတဲ့အတွက် ဂေါပကအဖွဲ့ကို အဂတိတိုက်ဖျက်ရေးထံတိုင်ကြား

မုံရွာ၊ ဇွန် – ၃ – ၂၀၁၉ ရန်နိုင်စိုး၊ ဖြူဖြူ (VOM)   အထက်ဗမာပြည်ရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ သမိုင်းဝင် အလောင်းတော်ကဿပဘုရားမှာ ဘုရားရံပုံငွေ ကျပ်သိန်းနှစ်ထောင်လောက် စားရင်းကွာဟတဲ့အတွက် ဘုရားနယ်မြေတာဝန်ယူထားတဲ့ ဂေါပကအဖွဲ့ကို  အဂတိတိုက်ဖျက်ရေးအဖွဲ့မှာ တိုင်ကြားထားတယ်လို့ ဇွန် ၂ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။   အဂတိတိုက်ဖျက်ရေးအဖွဲ့သို့ တိုင်ကြားခံရတဲ့ အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ငွေကြေးအလွဲသုံးစားမှုနဲ့ ပတ်သက်လို့ ခေါင်းစဉ်နဲ့ ဦးအောင်ဝင်းဦးအပါ သုံးဦးက မုံရွာမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။   “လှူဒါန်းငွေစာရင်းလဲ မထုတ်ပြန်ဘူး။ အဆောက်အဦးနဲ့ ပစ္စည်းကုန်ကျငွေစာရင်းကလည်း အများကြီးကွာနေတယ်။ ကျနော်တို့က မူရင်းရောင်းတဲ့ ဆိုင်တွေ၊ ပုဂ္ဂိုလ်တွေကို မေးမြန်းစုံစမ်းပြီးမှ ပြောတာ။ အသံဖိုင်တွေကအစ ရှိတယ်။ ဘယ်လောက်ထိကွာလဲဆိုတော့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ် ဘုရားဖူးရာသီအတွင်းမှာဆို  ငွေသိန်းပေါင်း…

Read More

ကမ္ဘာ့စက်ဘီးစီးနေ့အထိမ်းအမှတ် ပြည်မြို့မှာ စုပေါင်းစက်ဘီးစီးကြ

ပြည်၊ ဇွန် – ၃ -၂၀၁၉ ဂျန်ကိုးလ်(VOM)   ကမ္ဘာ့စက်ဘီးစီးနေ့ အထိမ်းအမှတ်အဖြစ် လူတိုင်းကျန်းမာစေဖို့နဲ့ မူးယစ်ဆေးဝါးအန္တရယ် ကင်းဝေးစေဖို့ရည်ရွယ်ပြီး လူ ၂၀၀ လောက်ဟာ ဒီနေ့ ဇွန် ၃ရက် မနက်ပိုင်းက ပဲခူးတိုင်း ပြည်မြို့မှာ  စုပေါင်းစက်ဘီးစီးခဲ့ကြပါတယ်။   “ဒီနေ့က ကမ္ကာ့ကုလသမဂ္ဂကနေ ဦးဆောင်ပြီး တစ်ကမ္ဘာလုံးဦးဆောင်ကျင်းပကြတာ။ ကျနော်တို့ ပြည်မြို့ အနေနဲ့လည်း ထောက်ခံတယ်။ ပြည်မြို့က မြို့သားတွေ ကျန်းမာစေဖို့နဲ့ မူးယစ်ဆေးဝါး အန္တရာယ်တွေ ကင်းဝေးစေဖို့ စက်ဘီးစီးကြတာပါ။”လို့ Sriksetra Cycling Club အဖွဲ့ ဥက္ကဌ ဦးစိုးမြင့်က ပြောပါတယ်။   အဲဒီ Sriksetra Cycling Club ဟာ ပြည်ခရိုင် အားကစားနဲ့ ကာယပညာဦးစီးဌာနနဲ့ ဒေသခံ စက်ဘီးဝါသနာရှင်တွေက စုပေါင်းပြီးဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။   “သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလည်းဖြစ်အောင်…

Read More

နာရီပိုင်းခြားပြီး တစ်​​နေရာတည်းမှာ ယာဉ်​နှစ်​စီးတိမ်း​မှောက်​၊ နှစ်ဦးသေ၊​ ၁၉ ဦးဒဏ်​ရာရ

စစ်​ကွင်း၊ ဇွန်​ -၃-၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း စစ်​ကွင်းနယ်​​မြေ အုတ်​တွင်းတာတုံ မိုင်​တိုင်​ ၉၆/၀ နဲ့ ၉၆/၁ ကြား  တစ်​​နေရာတည်းမှာ မနေ့ ဇွန် ၂ ရက်က  နာရီပိုင်းခြားပြီး ယာဉ်​နှစ်​စီးတိမ်း​မှောက်​ခဲ့ရာမှာ နှစ်ဦးသေဆုံးခဲ့တယ်လို့ စစ်​ကွင်းနယ်​​မြေ ရဲစခန်းက သိရပါတယ်​။   ​“နေ့ ၁၂ နာရီ​လောက်​က ဘီယာဗူး၊ ဘီယာပုလင်း​တွေ သယ်​​ဆောင်​လာတဲ့ကားက ကိုယ်​ထည်​ပြုတ်​ထွက်​ပြီး လမ်း​ဘေးသစ်​ပင်​နဲ့ တိုက်​​မှောက်​တယ်။ ၃နာရီ​လောက်​ကျ​တော့ ​အောင်​ရတနာကားက လမ်း​ဘေးလယ်​ကွင်းထဲ ထိုးကျသွားတယ်။ တစ်​​နေ့တည်း၊ တစ်​​နေရာတည်း ယာဉ်​နှစ်​စီး တိမ်း​မှောက်​မှုဖြစ်​တယ်​။” လို့ ရဲစခန်းက သိရပါတယ်​။   လက်​ပံတန်းမြို့​နေ မျိုး​ကျော်​​အောင်​​မောင်းနှင်​လာတဲ့ ဒိုင်​နာ အဖြူ​ရောင်​ကားဟာ ကိုယ်​ထည်​ပြုတ်​ထွက်​ပြီး လမ်း​ဘေးသစ်​ပင်​နဲ့ တိုက်​ခဲ့လို့ ယာဉ်ပေါ်ပါ သုံးဦး ဒဏ်​ရာရရှိခဲ့တဲ့အတွက် သူတို့ကို စစ်​ကွင်းတိုက်​နယ်​​ဆေးရုံသို့ ပို့​ဆောင်​ကုသထားပြီး ယာဉ်မောင်းကို…

Read More

တရုတ်ကို ဆန်တန်ချိန်တစ်သောင်း တစ်လခွဲအတွင်း တရားဝင် တင်ပို့မယ်

ရန်ကုန်၊ ဇွန် – ၂- ၂၀၁၉ သူရိန်(VOM)   မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းဖလှယ်တဲ့ခေါင်းစဉ်နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ဂိုထောင်တွေမှာ လှောင်ထားရတဲ့ ဆန်တွေထဲက ဆန်တန်ချိန်တစ်သောင်းကို တစ်လခွဲအတွင်းမှာ တရားဝင်တင်ပို့မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်  သိရပါတယ်။   တရုတ်ဘက်က လုံခြုံရေးတင်းကြပ်ပြီး အဖမ်းအဆီးတွေလုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်သွင်းမှုကို ငါးလကျော်ရပ်နားထားရတဲ့အတွက် မူဆယ်ကုန်သွယ်ရေးဇုန်မှာ ဆန်တန်ချိန်ငါးသောင်းလောက် ပိတ်မိနေတာဖြစ်ပြီး အဲဒီထဲက တန်ချိန်တစ်သောင်းကို တစ်လ ဒါမှမဟုတ် ၄၅ ရက်အတွင်း တရားဝင်တင်ပို့ဖို့ ခွင့်ပြုခဲ့တာပါ။   နယ်စပ်ဒေသမှာ ပထမဆုံးဆန်တန်ချိန်​ တရားဝင် တင်ပို့နိုင်​ဖို့အတွက်​ တရုတ်နိုင်ငံ ကူမင်းပြည်နယ်အစိုးရနဲ့ မေလ ၃၁ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီမှုရခဲ့တာပါ။   “အရင်​က မြန်မာနိုင်ငံက ဆန်ကို မူဆယ် ၁၀၅ မိုင်ကတစ်ဆင့်…

Read More

အမေရိကန်က လေးစားသမှုပြမှ ဆွေးနွေးနိုင်မယ်လို့ အီရန်သမ္မတဆို

တီဟီရန်၊ ဇွန်-၂-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်ကသူရဲ့ လေးစားသမှုကိုပြသမှသာ  အီရန်အနေ အမေရိကန်နဲ့ ဆွေနွေးပွဲကျင်းပနိုင်ဖွယ်ရှိတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောဆိုလိုက်ပြီး   ညှိနှိုင်းဆွေးနွေးမှုတွေအတွက်တော့  ဖိအားပေးခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။   နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းခြင်းအတွက် အပြန်အလှန်အားဖြင့် အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့အကြား ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကနေ အမေရိကန်နှုတ်ထွက်ပြီး တစ်နှစ်အကြာ ပြီးခဲ့တဲ့လကစလို့ နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ မြင့်တက်နေခဲ့ပါတယ်။   အမေရိကန်အနေနဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲမှာ လေးစားမှု အပြည့်ရှိပါက ဆွေးနွေးနိုင်မှာဖြစ်ပြီး ဒီလိုမဟုတ်ရင်တော့  ဆွေးနွေးဖို့အကြောင်းမရှိဘူးလို့ ရူဟာနီက ပြောပါတယ်။   အမေရိကန်ဟာ အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေကို  ပြီးခဲ့တဲ့နှစ်က  ပြန်လည်ချမှတ်ခဲ့ပြီး မေလအတွင်းကလည်း နောက်ထပ်အရေးယူပိတ်ဆို့မှုအဖြစ် အီရန် ရေနံတင်သွင်းမှုတွေကို ရပ်ဆိုင်းကြဖို့…

Read More

တရုတ်နိုင်ငံကို ထောပတ်သီး တရားဝင်တင်ပို့ခွင့်ရ

ရန်ကုန်၊ ဇွန် ၂ – ၂၀၁၉ သူရိန်(VOM)   မြန်မာနိုင်ငံက ထောပတ်သီး​တွေ တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရတော့မယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုး၊ ထုတ်​လုပ်၊ တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်​။   “တရားဝင်ပို့ခွင့်ရရင် ကောင်းမွန်တဲ့ ကုန်သွယ်ရေးတစ်ခု ဖြစ်လာမှာပါ။ ကျနော်တို့က တင်ပို့မယ်လို့သာပြောတာ အရည်အသွေးကို အာမခံနိုင်တဲ့ အသီးတွေက ၂၀၂၁ လောက်မှ စထွက်မှာပေါ့။” လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး၊ ထုတ်လုပ်၊တင်ပို့ရောင်းချသူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောပါတယ်​။   အရည်အသွေးမီ ထောပတ်သီးတွေ မနှစ်ကတည်းက ထွက်နေပြီဆိုပေမယ့် အရေအတွက်မီအောင် မထုတ်နိုင်သေးတဲ့အတွက် တိုးချဲ့စိုက်ထားတာရယ်၊ ပိုကောင်းတဲ့အရည်အသွေးမီ သစ်သီးဖြစ်ဖို့ရယ်အတွက်ဆို လာမယ့်  ထောပတ်သီးရာသီဖြစ်တဲ့  ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ရနိုင်တော့မှာမို့ အဲဒီအချိန်ကစပြီး တရုတ်ကိုတင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။   ထောပတ်သီး၊…

Read More

ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်ကို ယှဉ်ပြိုင်ဖို့ အသင့်ရှိတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဆို

စင်္ကာပူ၊ ဇွန်-၂-၂၀၁၉ မျိုးဆက် (VOM)   ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ကို ယှဉ်ပြိုင်ဖို့အသင့်ရှိတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက ဇွန် ၂ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲတွေအတွက် တံခါးဖွင့်ထဲဆဲပဲလို့ သူကဆိုပါတယ်။   အမေရိကန်က စတင်ခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲကို အမေရိကန်က ဆွေးနွေးဖို့ ဆန္ဒရှိရင်  မိမိတို့တံခါးဖွင့်ထားပြီး ယှဉ်ပြိုင်ဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း အဆင့်သင့်ရှိနေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဝေဖန်ဂီက စင်္ကာပူနိုင်ငံမှာ  ပြုလုပ်တဲ့ နိုင်ငံတကာ လုံခြုံရေးဆွေးနွေးပွဲမှာ ပြောပါတယ်။   အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်ပြီး အပြန်အလှန် ပြစ်တင်ပြောဆိုနေကြပြီး လက်ရှိအချိန်အထိ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍမှာ ဒေါ်လာ ၃၆၀ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ်မှာ အပြန်အလှန် အခွန်တိုးမြင့်ကောက်ခံနေကြပါတယ်။   ဝေဖန်ဂီဟာ ၂၀၁၁ ခုနှစ်ကတည်းက ကျင်းပခဲ့တဲ့ ရှန်ဂရီလာဆွေးနွေးပွဲကို တက်ရောက်တဲ့ ပထမဆုံး တရုတ်ကာကွယ်ရေးဝန်ကြီးတစ်ဦး…

Read More

အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို မန္တလေးမြို့နေ ကိုဝင်းကျော် ဆွတ်ခူး

မန္တလေး၊ ဇွန် – ၁- ၂၀၁၉ ရဲရင့်မင်းခန့်(VOM)   အောင်ဘာလေထီ ၄  ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲဆုကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်  ဗ / ၂၃  နေ  ကိုဝင်းကျော် ( ပွင့်သစ် ကွမ်းယာဆိုင်)က ဆွတ်ခူးရရှိသွားပါတယ်။   ကိုဝင်းကျော် အသက် ၁၄ နှစ်အရွယ်လောက်ကတည်းက ထီကို လစဉ်နီးပါးထိုးလာခဲ့တာ ခုဆို ၁၉ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။  အခုပေါက်တဲ့ ထီဆုငွေတွေထဲကနေ  ရွာဦးကျောင်းက ဆရာတော်အတွက် ကားလှူသွားမှာ ဖြစ်သလို သူ့မိဘနဲ့ ဇနီးဖြစ်သူရဲ့မိဘတွေကို ကန်တော့ပြီး သားနှစ်ယောက်ကို ရှင်ပြုသွားမယ်လို့ ပြောပါတယ်။   #voiceofmyanmar # အောင်ဘာလေထီကျပ်သိန်းတစ်သောင်းခွဲဆု #မန္တလေးမြို့နေကိုဝင်းကျော်ဆွတ်ခူး #ချမ်းမြသာစည်

Read More
VOM News

FREE
VIEW