မန္တလေး၊ဇွန် ၂၆-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ H1N1ရာသီပေါ်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးဝါးတွေ လူဝယ်မှုများပြားလာတာကြောင့် ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ H1N1ရောဂါပိုးရှိသူ မန္တလေးတိုင်းမှာ မတွေ့ရှိသေးပေမယ့်လည်း အခုလအတွင်း ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းမှာ အဲ့ဒီရောဂါနဲ့ သေဆုံးသူတွေရှိလာတဲ့ သတင်းတွေထွက်ပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ” ကာကွယ်ဆေးက နှစ်မျိုးရှိတယ်၊ နယ်သာလန်ထုတ်နဲ့ ပြင်သစ်ထုတ်ဆိုပြီး ရှိတယ်။ လတ်တလော လေး၊ ငါးရက်အတွင်းမှာ ပစ္စည်းနှစ်မျိုးစလုံး ပြတ်သွားတာပေါ့။ ဆိုင်မှာ အလုံးပေါင်း ၈၀၀ လောက်ထားတယ်၊ အကုန်ကုန်နေပါတယ်။” လို့ ISO ဆေးဆိုင်ပိုင်ရှင် ဦးဝင်းမောင်ဌေးက ပြောပါတယ်။ ရာသီပေါ်တုပ်ကွေးရောဂါ H1N1 ကာကွယ်ဆေးတွေဖြစ်တဲ့ နယ်သာလန်နိုင်ငံထုတ် H1N1 ကာကွယ်ဆေးတစ်ဗူးကို အရင်က ၁၄၈၀၀ ကျပ်၊ ပြင်သစ်နိုင်ငံထုတ် H1N1…
Read MoreMonth: June 2019
မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု ပမာဏကြီးမားတဲ့ သတင်းရရှိမှုတွေ အားနည်းလို့ ပြည်သူတွေ လုံခြုံစိတ်ချစွာ သတင်းပေးဖို့လို
နေပြည်တော်၊ ဇွန် ၂၆ – ၂၀၁၉ ကိုထွန်း (VOM) မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားမှုတွေကနေ ဖမ်းဆီးရာမှာ အတန်အသင့် ဆောင်ရွက်နိုင်ခဲ့ပေမယ့် ပမာဏကြီးတဲ့ရောင်းဝယ်ဖောက်ကားမှု သတင်းရရှိမှုတွေ အားနည်းနေသေးတဲ့အတွက် လုံခြုံစိတ်ချစွာ သတင်းပေးဖို့ နိုင်ငံတော် သမ္မတက တိုက်တွန်းလိုက်ပါတယ်။ “ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ်ဇွန်လ ၂၂ ရက်က စတင်ဖွဲ့စည်းထားရှိပြီး ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာတဲ့ တိုင်ကြားစာ သတင်းအချက်အလက်တွေကို စနစ်တကျစိစစ်လက်ခံ ဖမ်းဆီးလျှက်ရှိရာမှာ အတန်အသင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော်လည်း ပမာဏကြီးမားတဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှု သတင်းတွေ ရရှိမှု အားနည်းနေတဲ့အတွက် လုံခြုံစိတ်ချစွာ သတင်းပေးတိုင်ကြားကြဖို့ တိုက်တွန်းလိုပါတယ်။”လို့ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ…
Read Moreရန်ကုန်တိုင်းမှာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုပြသနာတွေက နေ့စဉ် ငါးခုလောက်ရှိနေ
ရန်ကုန် ၊ ဇွန် ၂၅ – ၂၀၁၉ သိဂီ င်္( VOM) ရန်ကုန်တိုင်းမှာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုပြသနာတွေက နေ့စဉ်ပျှမ်းမျှ ၅ မှုလောက်အထိဖြစ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။ “အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ပြသနာတွေက နေ့စဉ်နေ့စဉ် ပျမ်းမျှငါးမှုအထိ ဖြစ်ပွားမှုရှိနေတယ်။ အများစုက လုပ်ခလစာနဲ့ အချိန်ပိုကြေးပြသနာတွေ အများဆုံးဖြစ်နေကြတယ်။”လို့ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန လှိုင်သာယာမြို့နယ် ဦးစီးအရာရှိ ဦးသန်းထိုက်အောင်က ပြောပါတယ်။ အဲဒီလို အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေကြောင့် ဒီနှစ် နှစ်စကနေ မေလကုန်အထိဆိုရင် အမှုပေါင်း ၇၅၀ လောက်ရှိနေတာဖြစ်ပြီး စက်ရုံ ၁၈ ရုံကို တရားစွဲဆိုထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက သိရပါတယ်။ စက်ရုံ ၅ ခုကတော့ အပြီးအပြတ်ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပြီး ကျန်စက်ရုံ ၁၃ ခုကတော့…
Read Moreအကျဉ်းသားကို ထောင်ဝင်စာလာတွေ့တဲ့ မိသားစုဝင်တွေဆီက မူးယစ်ဆေးဝါး ဖမ်းမိ
ကသာ၊ ဇွန် ၂၅- ၂၀၁၉ နိုင်ကြီး – ကသာ (VOM) စစ်ကိုင်းတိုင်း ကသာမြို့ အကျဉ်းထောင်မှာအကျဉ်းကျနေတဲ့သူကို ထောင်ဝင်စာလာတွေ့တဲ့ အဖေနဲ့ ဇနီးဖြစ်သူဆီက မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရရှိမိခဲ့တယ်လို့ ကသာမြို့မရဲစခန်းက သိရပါတယ်။ “မူးယစ်ဆေးမိတာ ဟုတ်ပါတယ်။ ဒီအမှုကို အမှုစစ် ရဲအုပ် ညီညီဌေးက စစ်ဆေးနေပါတယ်။ မူးယစ်ကွင်းဆက်တွေကိုလည်း စစ်ဆေးပြီး လိုက်နေပါပြီ။” လို့ ကသာမြို့မ စခန်းမှူး ဒုရဲမှူး အောင်ကျော်မိုးက ပြောပါတယ်။ ကသာခရိုင်တရားရုံးမှ မူးယစ်မှုနဲ့ အမှုစစ်ဆေးနေဆဲ တရားခံ ညီညီ(ခ)ညီလေး(ခ)ဆန်းမြအောင် (၃၃ နှစ်)ကို သူရဲ့ဇနီးဖြစ်သူ မချောစု၊ ဖခင်ဖြစ်သူ ဦးတင်မြင့်တို့ မနေ့ညနေပိုင်းက ထောင်ဝင်စာလာတွေ့ရာမှာ ပါဆယ်ပစ္စည်းတွေထဲက ပေါင်ဒါမှုန့်ဗူးထဲမှာ ပလတ်စတစ်အိပ်နဲ့ ထုတ်ထားတဲ့ ဖြူဝါရောင်အမှုန့် ဘိန်းဖြူ (၇.၅)ဂရမ် (ကာလတန်ဘိုး ကျပ်ခုနစ်သိန်းခွဲ)ကို ကျပ်ခုနစ်သိန်းဝန်းကျင်တန်ဖိုးရှိ…
Read Moreကြားဖြတ်သန်းခေါင်စာရင်းအတွက် ကောက်ကွက်မြေပုံတွေနဲ့ပတ်သက်ပြီး လုပ်ငန်း စတင်
နေပြည်တော်၊ ၂၅ – ၂၀၁၉ ကိုထွန်း(VOM) လာမယ့်နိုဝင်ဘာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူသွားမယ့် ကြားဖြတ်သန်းခေါင်စာရင်းအတွက် သန်းခေါင်စာရင်းကောက်ကွက် လေးထောင်ကျော်ရဲ့မြေပုံတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပြီလို့ နေပြည်တော် သင်္ဂဟိုတယ်မှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲက သိရပါတယ်။ ကြားဖြတ်သန်းခေါင်စာရင်းအတွက် ကောက်ကွက်အရရွယ်အစားသတ်မှတ်တာ၊ မြေပုံရေးစွဲတာ ၊ Update လုပ်တာတွေ စတဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကနေ့မှာလည်း ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အသုံးပြုမယ့် မေးခွန်းပုံစံမှာ ထည့်သွင်းမယ့် အချက်အလက်များနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ “ကောက်ကွက် လေးထောင်ကျော်ထဲမှာ ယခင်မကောက်ခဲ့ရတဲ့ဒေသတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဝ၊…
Read Moreအမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကုလသမဂ္ဂတိုက်တွန်းချက် အီရန်ပယ်ချ
ကုလသမဂ္ဂ ၊ ဇွန်-၂၅-၂၀၁၉ မျိုးဆက် (VOM) ပင်လယ်ကွေ့ဒေသမှာ တင်းမာမှုတွေအဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ အီရန်တို့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဇွန် ၂၄ ရက်မှာ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အပေါ် နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့ အတွက် အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရေးကို အီရန်ဘက်က ပယ်ချလိုက်ပါတယ်။ ကူဝိတ်နိုင်ငံက မူကြမ်းရေးဆွဲထားပြီး အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူကြတဲ့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြစ်တင်ထားပြီး ဒီလို လုပ်ဆောင်တာဟာ ကမ္ဘာ့စွမ်းအင် ဖြန့်ဖြူးရေး ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ပင်လယ်ကွေ့အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ နှစ်နာရီကြာ တံခါးပိတ်…
Read Moreပိုလီယိုရောဂါသည်ကို ဆွေမျိုးတော်စပ်သူ တပ်ထိန်း ဒုတပ်ကြပ်တစ်ဦးက အဓမ္မပြုကျင့်
ပုသိမ်၊ ဇွန် ၂၅ – ၂၀၁၉ ကိုအောင် (VOM) ဧရာဝတီတိုင်း ပုသိမ်မြို့နယ် တောင်ယာကုန်းကျေးရွာမှာ တပ်မတော် တပ်ထိန်း ဒုတပ်ကြပ်တစ်ဦးက နှမ၀မ်းကွဲတော်စပ်သူ မသန်စွမ်း ပိုလီယိုရောဂါရှင်ကို အဓမ္မပြုကျင့်မှု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က သိရပါတယ်။ “ဒီလို မစွမ်းမသန်လေးကို ခုလိုလုပ်တာ ရင်ထဲမှာလည်းမကောင်းဘူး။ သူ့ကိုတွေ့ရင်ကို သတ်ချင်တာ။”လို့ အဓမ္မပြုကျင့်ခံခဲ့ရသူရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။ မွေးရာပါ မသန်စွမ်း ပိုလီယို ရောဂါရှင် အသက် ၃၂ နှစ်အရွယ် မိန်းကလေးကို မောင်နှမ၀မ်းကွဲတော်စပ်သူ အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော် တပ်ထိန်း ဒုတပ်ကြပ် မျိုးဝင်းထွန်းက ဇွန်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်လောက်က မိသားစုဝင်တွေ အိမ်မှာမရှိခိုက် အဓမ္မ ပြုကျင့်ခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။…
Read Moreမလေးရှားမှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း လေးရာကျော် ပိတ်ထားရ
ကွာလာလမ်ပူ၊ ဇွန်-၂၅-၂၀၁၉ မျိုးဆက် (VOM) မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်မှာ ကျောင်းသား၊ ကျောင်းသူ ၇၅ ဦး အသက်ရှူခက်ခဲခြင်းနဲ့ အော့အန်တာတွေ ဖြစ်ပွားပြီးနောက် ပြည်နယ်အတွင်းရှိ စာသင်ကျောင်း ၄၀၀ ကျော်ကို အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။ ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လေထုညစ်ညမ်းမှုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်မှာ ပါဆာဂူဒန် စက်မှုဇုန်ဒေသရှိ စာသင်ကျောင်းတွေကို ဇွန် ၂၇ ရက်အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ မတ်လအတွင်းကလည်း မြစ်အတွင်းကို ဓါတုဗေဒစွန့်ပစ်ပစ္စည်းတွေ တရားမ၀င်စွန့်ပစ်ခဲ့လို့ ကလေးငယ်အများစုအပါအ၀င် လူလေးထောင်ခန့် ဖျားနာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဟာ ဆက်နွယ်မှုမရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ ယာယီပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့ စာသင်ကျောင်းတွေထဲမှာ ပုဂ္ဂလိက မူကြိုကျောင်း ၃၀၀ နဲ့ မူလတန်း၊…
Read Moreလယ်ဧက ရှစ်ရာနီးပါး ကြွက်တွေကိုက်လို့ တောင်သူတွေ အခက်အခဲဖြစ်
ဇီးကုန်း၊ ဇွန် ၂၅ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း ဇီးကုန်းမြို့နယ် လယ်မကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ လယ်ဧက ရှစ်ရာနီးပါး ကြွက်တွေဝင်ကိုက်လို့ စပါးပင်တွေ ပျက်စီးတဲ့အတွက် တောင်သူတွေ စိုးရိမ်နေပါတယ်။ လယ်မကျေးရွာနဲ့ ကူဖြူကျေးရွာတွေက လယ်တွေမှာ ဖြစ်ပေါ်နေတာဖြစ်ပြီး ဒေသခံ တောင်သူ ဦးလွင်သန်းက “ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ပိုးကျလို့ ပိုးသတ်ဆေးတွေ ဖျန်းထားတယ်။ အခုကြွက်တွေ ဝင်ကိုက်နေတယ်။ ၃၈၁/၃၈၇ ကွင်း၊ ကူဖြူကွင်း၊ လယ်မကွင်းတွေမှာ ကြွက်တွေ တအားဝင်ကိုက်နေတယ်။ မိုးကလည်း မရွာဘူး၊ စပါးပင်တွေလည်း ခြောက်သွေ့ကုန်ပြီ။ ကြွက်တွေကကိုက် ပိုးကလည်းကျဆဲဖြစ်နေတော့ လယ်သမားတွေ အခက်အခဲ တွေဖြစ်နေပါတယ်။”လို့ ပြောပါတယ်။ ဒီနှစ်မှာ တစ်နိုင်ငံလုံးအနေနဲ့ ရာသီဥတု ဖောက်ပြန်တာ၊ မုတ်သုံအဝင် နောက်ကျပေမယ့် အထွက်စောတဲ့အတွက် မိုးရာသီရက်ပေါင်းလေးဆယ်လောက် လျော့သွားတာတွေကြောင့် မုန်တိုင်းသာရှိပြီး မုတ်သုံမိုးမရှိတော့…
Read Moreလက်သမားလုပ်ရင်း ဖမ်းဆီးခံရသူတွေထဲက တစ်ဦး ရက်ပိုင်းအကြာမှာ သေဆုံး
မြောက်ဦး၊ ဇွန် ၂၅-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ ခြောက်မိုင်ခန့်အကွာမှာရှိတဲ့ ဝေသာလီဆုတောင်းပြည့်ဘုရားကြီးသိမ်မှာ အလုပ်လုပ်ကိုင်နေရင်း ရွာကိုထမင်းစားပြန်တဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရသူတွေထဲက တစ်ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။ အဲ့ဒီသေဆုံးသူဟာ မြောက်ဦးမြို့နယ်မြောက်ဘက် ပေါက်တောပြင်ကျေးရွာမှာနေထိုင်သူ မောင်နေမျိုးထွန်း ၂၃ နှစ်ဖြစ်ပြီး ဇွန်လ ၂၀ ရက်က တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။ သူနဲ့အတူ လက်သမားငါးဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဘူးရွက်မညိုးကျေးရွာသား နှစ်ဦးကိုတော့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ “ဘုရားကနေ အလုပ်လုပ်ပြီး ထမင်းစားဖို့ပြန်လာတဲ့အချိန်မှာ တပ်ကဖမ်းသွားတာပါ။ မိသားစုတွေနဲ့ တွေ့ခွင့်မရလိုက်ဘူး။ မနေ့ကမှ သူ့အလောင်း ကျောက်တော်ဆေးရုံကို ရောက်နေတယ်လို့ ပြောတဲ့အတွက် သိရတာပါ။”လို့ မိသားစုဝင် ဦးကျော်သိန်းထွန်းက ပြောပါတယ်။ အဲ့ဒီ ဝေသာလီကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတဲ့သူတွေဟာ AA နဲ့ဆက်စပ်သူတွေဖြစ်တဲ့အတွက်…
Read More