NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ရန်ကုန်ဆေးရုံကြီး နှလုံးကုသဆောင်မှာ ကုသမှုခံယူနေဆိုတဲ့ သတင်း အတည်မပြုနိုင်သေး

ရန်ကုန်၊ ဇွန် – ၂၇ -၂၀၁၉ သစ်တော် (VOM)   NLD စီအီးစီအဖွဲ့ဝင် ဦးဉာဏ်ဝင်း ရန်ကုန်ဆေးရုံကြီး နှလုံးကုသဆောင်မှာ ဆေးကုသမှုခံနေရဆိုတဲ့ သတင်း အတည်မပြုနိုင်သေးပေမယ့် သွေးဝမ်းသွားလို့ ဆေးကုသမှု ခံယူရနေတယ်လို့တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။   “မနေ့ကအထိ ကျနော်တို့ သိသလောက်တော့ မွန်ပြည်နယ်မှာ သွေးဝမ်းသွားတဲ့အတွက် ဆေးကုသရသေးတယ်။ ဒီပြန်ရောက်နေတဲ့ သတင်းတွေတက်တယ်။”လို့ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။   အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာ မနေ့ ဇွန်  ၂၆ ရက် ည ၁၁ နာရီဝန်းကျင်အချိန်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကတဆင့် နှလုံးကုသဆောင်မှာ  ဆေးကုသမှု ခံယူနေတယ်လို့ ဒီနေ့ မနက်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။  …

Read More

လက်ပံတန်းမြို့နယ်မှာ ဘုရားစေတီတွေက စိန်ဖူးတော်တွေ ခိုးသူကို ဖမ်းမိ

လက်​ပံတန်း၊ ဇွန်​ ၂၇ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​ ရန်​ကုန်​-ပြည်​ကားလမ်း​ဘေးက ဘုန်း​တော်​ကြီး ​ကျောင်းဝန်းအတွင်း ​တည်ထားတဲ့စေတီ​တော်​တွေက စိန်​ဖူး​တော်​တွေ ခိုးယူသွားသူကို သာယာဝတီမြို့မရဲစခန်းနဲ့ လက်​ပံတန်း မြို့မရဲစခန်းတို့ ပူး​ပေါင်းပြီး စုံစမ်းရှာဖွေရာမှာ တစ်ရက်အတွင်း ဖမ်းမိခဲ့တယ်​လို့ လက်​ပံတန်း မြို့မရဲစခန်းက သိရပါတယ်​။   “တရားခံကို စုံစမ်းတဲ့အချိန်မှာ သာယာဝတီ မြို့နယ် ရန်ကုန် -ပြည်ကားလမ်းမပေါ် ဂုံမင်းမြှောင်ကျေးရွာအနီးမှာ လူတစ်ယောက်ကို မသင်္ကာစရာအထုတ်တွေနဲ့ တွေ့လို့ စစ်ဆေးကြည့်လိုက်တော့ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ သိရိမင်္ဂလာရပ်ကွက်နေ အသက် ၃၅ နှစ်ရှိတဲ့ အောင်အောင်(ခ)သန်းထိုက်ကို စိန်ဖူးတော်၊ ဘုရားပ္စည်းတွေနဲ့ အတူမိတာပါ။”လို့ လက်ပံတန်း မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြော ပါတယ်။   ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့  ချမ်းသာကုန်းဘုန်းကြီးကျောင်းစေတီတော်၊ ကွမ်းခြံကုန်းအုပ်စုမှ…

Read More

လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ ပြင်ဆင်သတ်မှတ်လိုက်တဲ့အပေါ် ပြည်သူအချို့ရဲ့ရင်ဖွင်သံ

မန္တလေး၊ ဇွန် ၂၆ – ၂၀၁၉ ရဲရင့်မင်းခန့် ( VOM )   အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရလက်ထက်မှာ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁) ရက်က စပြီး လက်ရှိ နှုန်းထားထက်ပိုမိုကောက်ခဲ့မယ်အကြောင်း ပြင်ဆင်သတ်မှတ်ချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ ဇွန် ၂၅ ရက်က  ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် ပြည်သူအချို့ရဲ့အမြင်တွေကို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။   #voiceofmyanmar  # လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ ပြင်ဆင်သတ်မှတ်လိုက်တဲ့အပေါ် ပြည်သူအချို့ရဲ့ရင်ဖွင်သံ # မန္တလေး #

Read More

ရန်ကုန်တိုင်းက စက်ရုံတွေမှာ ကလေးလုပ်သားခိုင်းစေမှု ရှိမရှိ စာရင်းကောက်ယူမယ်

ရန်ကုန် ၊ ဇွန် ၂၅ သိဂီ င်္( VOM)   ရန်ကုန်တိုင်း တောင်ဒဂုံနဲ့  ရွှေပြည်သာမြို့နယ်နှစ်ခုက စက်ရုံတွေမှာ ကလေးလုပ်သား ခိုင်းစေမှု ရှိမရှိ ကို ရန်ကုန်တိုင်း ကလေးလုပ်သား ပပျောက်ရေးကော်မတီကနေ မကြာမီ စစ်တမ်းကောက်ယူသွားမယ်လို့ သိရပါတယ်။   တစ်နိုင်လုံး အတိုင်းအတာအရ ရန်ကုန်မှာ စတင်လုပ်ဆောင်မှာဖြစ်ပြီး ကလေးအလုပ်သမား အမြစ်ပြတ် ဖယ်ရှားနိုင်ဖို့ကိုလည်း ကလေးအလုပ်သမားတွေအတွက်  ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် စာရင်းကို ပြုစုသွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းငန်းကို အမျိုးသားအဆင့် ဦးစားပေးလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။   “ရန်ကုန်တိုင်းဒေသကြီး ကလေးလုပ်သားပပျောက်ရေးကော်မတီဆိုတာ ရှိပါတယ်။ အဲ့ဒီမှာ စာရင်းကောက်ယူရေးအဖွဲ့ဆိုတာ ရှိတယ်။ ဒါကိုစံပြအနေနဲ့ နယ်မြေနှစ်ခုမှာ စပီးကောက်ပါမယ်။ ကလေးလုပ်သားဆိုတာကို အသက်အပိုင်းခြားအလိုက် ခွဲခြားထားပါတယ်။”လို့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန…

Read More

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ထပ်လုပ်ဖို့ ဆွေးနွေးမှုတွေ စတင်နေ

ဆိုးလ်၊ ဇွန်-၂၆-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ နှစ်နိုင်ငံအကြား တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြတယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဇွန် ၂၆ ရက်မှာ ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မွန်ဂျေးအင်က အခုလို ပြောဆိုလိုက်တာဖြစ်ပြီး ဆွေးနွေးမှုတွေကို အခုနှစ်အတွင်း ဟနွိုင်းမှာပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် အမေရိကန်- မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲမှာ တာဝန်ယူခဲ့သူတွေဟာ နားလည်မှုအပြည့်နဲ့ နှစ်ဘက်အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။   နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဆွေးနွေးပွဲလုပ်ဖို့ ဆန္ဒရှိကြောင်း စဉ်ဆက်မပြတ် ထုတ်ဖော်ပြောဆိုနေကြပြီး အပြန်အလှန် စာပေးပို့ဆက်သွယ်မှုတွေက အပြန်အလှန်ယုံကြည်မှုရှိနေတယ်ဆိုတာ ဖော်ပြနေတယ်လို့ မွန်ဂျေးအင်က ပြောပါတယ်။   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ပြီးခဲ့တဲ့အပတ်က ထိပ်သီးဆွေးနွေးပွဲ လုပ်ခဲ့ရာမှာ အမေရိကန်နဲ့…

Read More

မလေးရှားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုကျလို့ မြန်မာလုပ်သား လေးဦးသေဆုံး

ဂျော့တောင်း၊ ဇွန်-၂၆-၂၀၁၉ မျိုးဆက် (VOM)   မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ဂျော့တောင်းခရိုင်ထဲက ဟိုတယ်မြေထိန်းနံရံတည်ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် မြန်မာအလုပ်သမား လေးဦးသေဆုံးသွားပါတယ်။   ဒီမတော်တဆမှုဟာ ဇွန် ၂၅ ရက် ညကိုးနာရီ လေးဆယ့်ငါးမိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး ချက်ချင်းလုပ်ဆောင်ခဲ့ရာ ဇွန် ၂၆ ရက် မနက်လေးနာရီကျော်မှာတော့ မြန်မာလုပ်သားလေးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ Che Zaimani Che Awang က ပြောပါတယ်။   မြန်မာလုပ်သား လေးဦးဟာ ဟိုတယ်တစ်ခုရဲ့ မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းခွင်ရဲ့ အလယ်လောက်မှာ အခင်းဖြစ်ပွားစဉ် ရောက်ရှိနေကြတာဖြစ်ပြီး အလောင်းတွေမှာ သံချောင်းတွေ ဖောက်ဝင်နေတာကြောင့် ခုနစ်နာရီကြာမြင့်တဲ့ ရှာဖွေရေးလုပ်ငန်းဟာ ထင်ထားတာထက် ခက်ခဲခဲ့တယ်လို့ သူက ပြောပါတယ်။   သူတို့ဟာ ဘယ်သူဘယ်ဝါဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေ…

Read More

လက်​ပံတန်းမြို့နယ်​အတွင်းက ဘုန်း​​​ကြီး​ကျောင်းနဲ့ ​စေတီ​တော်​တွေမှာရှိတဲ့ စိန်​ဖူး​တော်​ ၃၀​ ကျော်​ ခိုးယူခံရ

လက်​ပံတန်း၊ ဇွန်​ ၂၆ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​အတွင်းက ဘုန်းကြီးကျောင်းနဲ့ စေတီတော်တွေမှာရှိတဲ့ စိန်ဖူးတော် ၃၀ ကျော် မနေ့ညနေပိုင်းက ခိုးယူခံရတယ်လို့ အဲဒီကျေးရွာတွေက သိရပါတယ်။   “ချမ်းသာကုန်းဘုန်းတော်ကြီးကျောင်းမှာ မနေ့ညနေ ငါးနာရီဝန်းကျင်လောက်က ဘုရားမီးပူဇော်တဲ့အချိန်မှာ စိန်ဖူးတော် အခိုးခံရတာကို သိရတာပါ။ ကွမ်းခြံကုန်းအုပ်စုက စေတီတော်တွေက အရံစေတီတော်တွေရဲ့စိန်ဖူးတော်တွေပါ အခိုးခံရတယ်။ နောက်ကျေးနီကျေးရွာက ကိုးနဝင်းကပ်ကျော် စေတီတော်ကစိန်ဖူးတော်၊ အားလုံးခန့်မှန်းခြေ ၃၀ကျော်ခိုးယူခံရပါတယ်။”လို့ ချမ်းသာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ငွေက ပြောပါတယ်။   ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့  ချမ်းသာကုန်းဘုန်းကြီး​ကျောင်းစေတီ​တော်​၊ ကွမ်းခြံကုန်းအုပ်​စုမှ ​စေတီ​တော်​​၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်​​ကျော် ​​စေတီ​တော်​တို့က စိန်​ဖူး​တော်​တွေ တစ်​​နေ့တည်း ခိုးယူခံခဲ့ရတာ ဖြစ်ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုလည်း…

Read More

မန္တလေးမှာ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှု မနှစ်ကထက် ထက်ဝက်ကျော် လျော့နည်း

မန္တလေး၊ ဇွန် ၂၆ -၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးမှုတွေနေရာအနှံ့ကျင်းပနေရာ မန္တလေးမြို့မှာတော့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှု မနှစ်ကထက် ထက်ဝက်ကျော်လျော့သွားပါတယ်။   ” မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှုအနေနဲ့ပြောရရင်တော့ ယခင်နှစ်ကထက် ဒီနှစ်မှာက တန်ဖိုးလျော့နည်းသွားပါတယ်။ အဓိက,ကရဲတပ်ဖွဲ့ဝင်တွေအားလုံးအနေနဲ့ နေ့မအား ညမနား ဆောင်ရွက်ခဲ့လို့ အခုလိုတွေ ဖြစ်လာတာပါ။”လို့ အမှတ် ၁ မူးယစ်တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီ မျိုးအောင်က ပြောပါတယ်။   ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က  မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးဟာ စုစုပေါင်း ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၅၂၉၁၅.၄၁ ခန့်၊ (အမေရိကန် ဒေါ်လာ ၁၁၃.၂၇ သန်းကျော်) ဖြစ်ပြီး ဒီနှစ်မှာတော့ ကျပ်သန်းပေါင်း ၆၃၂၇၂.၂၅၉၁၂  ခန့်  (အမေရိကန် ဒေါ်လာ ၄၂.၁၈ သန်းကျော်) ကိုသာ…

Read More

 သက်​တမ်းနှစ်​ရာ​ကျော်​ရှိတဲ့ မင်းသားကြီးကန်​မှာ ရက်​ပိုင်းအတွင်း​ ဘေးမဲ့ငါးနဲ့လိပ်​တွေ သေဆုံးမှုများလာ

ပေါင်းတည်၊​ ဇွန်​ ၂၆ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း ပြည်​ခရိုင်​ ​ပေါင်းတည်​မြို့နယ်​ ​ရွှေ​ကျောင်းကြီးတိုက်​ဝန်းအတွင်း သက်​တမ်းနှစ်​ရာ​ကျော်​ရှိတဲ့ မင်းသားကြီးကန်​မှာ ရက်​ပိုင်းအတွင်း ​ဘေးမဲ့ငါးတွေနဲ့လိပ်​တွေ ​သေဆုံး​မှုများလာတယ်​လို့ ဘုရားဖူးလာသူပြည်​သူ​တွေထံက ​သိရပါတယ်​။   “ပြီးခဲ့တဲ့နှစ်​ကလည်း ငါး​တွေ​သေပါတယ်​။ ဒါပေမယ့်​ ဒီနှစ်​​တော့ လိပ်​​တွေပါ​ သေကုန်ကြတယ်​။ ဘုရားဖူးလာရင်​ ငါးစာ၊ လိပ်​စာ​ကျွေး​နေကျဆို​တော့ ငါး​တွေ၊ လိပ်​​တွေ ​သေ​နေတာမြင်​​တော့ စိတ်​မ​ကောင်းဘူး။”လို့ ဘုရားဖူးလာ ပြည်​သူတစ်​ဦးဖြစ်​သူ ဦး​လှကြီးက​ ပြောပါတယ်​။   အခုလို ဘေးမဲ့ငါးတွေနဲ့ လိပ်တွေသေဆုံးတာနဲ့ ပတ်သက်ပြီး ဘုရးဂေါပက အတွင်းရေးမှူး ဦးမြတ်စိုးက “ဒီရက်​ပိုင်းက ​နေပြင်းလို့ ​သေတာပါ။ ငါး​တွေက စလားဗီးယား အမျိုးအစားဆို​တော့ သက်​တမ်းအရ​ သေတတ်​တယ်​။ အများပြည်​သူ​ကျွေးတဲ့ မုန့်​​တွေ၊ မ​ရွေး​တွေ၊ အ​ရောင်​ပါတဲ့ မ​ရွေးပွ​တွေကို ထိန်းကျွေးဖို့ လိုပါတယ်။”လို့ ပြောပါတယ်။…

Read More
VOM News

FREE
VIEW