မြန်မာနိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှုဟာ အရင်ကထက် သိသိသာသာ လျော့ကျ

နေပြည်တော်၊ ၂၈ – ၂၀၁၉ ကိုထွန်း(VOM)   မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇ အရ မြန်မာနိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှုဟာ အရင်ကထက် သိသိသာသာ လျော့ကျသွားတယ်လို့ ဖော်ပြပါတယ်။   အဲဒီစစ်တမ်းဖော်ပြချက်အရ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူဦးရေတိုးလာပေမယ့် ဆင်းရဲနွမ်းပါးသူ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ဆင်းရဲနွမ်းပါသူဦးရေဟာ ၂၀၀၅ မှာ ၁၈.၇ သန်း(၄၈.၂ ရာခိုင်နှုန်း) ရှိရာကနေ ၂၀၁၇ မှာ ၁၁.၈ သန်း(၂၄.၈ ရာခိုင်နှုန်း) သို့ ကျဆင်းသွားတာလို့ စစ်တမ်းမှာ ဖော်ပြပါတယ်။   “ဆင်းရဲနွမ်းပါးမှုကို တွက်ချက်တာကတော့ အနည်းဆုံးငွေကျပ် ၁၅၃၀ ပေါ်မူတည်ပြီးတော့ တွက်ချက်ထားပါတယ်။ food ရော nonfood ရောအပေါ် အခြေခံပြီး တွက်တာပါ။”လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောပါတယ်။…

Read More

ဇီးကုန်း ပြည်​သူ့​ဆေးရုံမှာ သွေးလွန်​တုပ်​​ကွေး​ရောဂါကာကွယ်​နိုင်တဲ့ အဘိတ်​​ဆေး လိုအပ်​​နေ

ဇီးကုန်း၊ ဇွန်​ ၂၈ – ၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​ ပြည်​သူ့​ဆေးရုံမှာ ​သွေးလွန်​တုပ်​​ကွေး​ရောဂါကာကွယ်​ဖို့ ခြင်​လောက်​လန်း​သေနိုင်​မယ့်​ အဘိတ်​​ဆေး​တွေ လိုအပ်​​နေတယ်​လို့ အဲဒီဆေးရုံက သိရပါတယ်။   “ပြီးခဲ့တဲ့နှစ်က တိုင်းကျန်းမာရေးဦးစီးဌာနက ခြင်လောက်လန်းသေတဲ့ အဘိတ်ဆေး ၄၅ ပုံးပေးတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ ရွာတွေအထိဆင်းပြီး ခတ်ပေးနိုင်တယ်။ အခုနှစ်တော့ ၉ ပုံးပဲ ပေးတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ဆို ဘယ်လိုမှ မလောက်ငှဘူး။”လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက ပြောပါတယ်။   ပဲခူးတိုင်းအတွင်း ​သွေးလွန်​တုပ်​​ကွေး​ရောဂါ အဖြစ်​များဆုံးမြို့နယ်​ထဲမှာ ဇီးကုန်းမြို့နယ်လည်း အပါအဝင်​ဖြစ်​ပြီး ဒီနှစ်မှာတော့ သွေးလွန်​တုပ်​​ကွေး​ရောဂါ ဖြစ်​ပွား​နေတဲ့ကလေး ၅ ဦးရှိပြီလို့ သိရပါတယ်။ ဒါပေမယ့် အ​သေအ​ပျောက်​​ တော့မရှိ​သေးဘူးလို့ သိရပါတယ်​။   ဇီးကုန်းမြို့နယ်မှာ ၂၀၁၇ ခုနှစ်​က သွေးလွန်​တုပ်​​ကွေး​ရောဂါကြောင့်​ က​လေး…

Read More

တရားစွဲခံရတဲ့ သတင်းထောက်တစ်ဦးနဲ့ အောင်သပြေရွာသား ၇ ဦး အမှု စတင်စစ်ဆေး

မန္တလေး၊ ဇွန် ၂၇-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ၂၀၁၉ မေလ ၁၄ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အဓိကရုန်းဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး တရားစွဲခံရတဲ့ သတင်းထောက် နန္ဒ(တကိုယ်တော်) နဲ့ အောင်သပြေရွာသား (၇)ဦးအမှုကို ဒီနေ့ နေ့လည်ပိုင်းက ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။   ဒီနေ့ စစ်ဆေးမှုဟာ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမျိုးညွန့်သန်းက ပုဒ် ၁၄၇၊ ၃၃၃၊ ၃၃၂၊ ၃၅၃၊ ၁၁၄ တို့နဲ့ တရားလိုလုပ်ကာ တရားစွဲဆိုထားတာဖြစ်ပြီး တရားလိုပြသက်သေအဖြစ်ပါဝင်တဲ့ ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့ ရဲတပ်သား အောင်ဇင်ငြိမ်းကို စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။   လာမယ့်ရုံးချိန်းကို ၂၀၁၉ ဇူလိုင် ၅ ရက်သို့ ထပ်မံချိန်းဆိုခဲ့ပါတယ်။   #voiceofmyanmar # တရားစွဲခံရတဲ့သတင်းထောက်တစ်ဦးနဲ့အောင်သပြေရွာသား၇ဦး အမှုစတင်စစ်ဆေး # မန္တလေး#…

Read More

၅၀၅/ခ နဲ့ တရားစွဲခံရတဲ့ အောင်သပြေရွာက ရာအိမ်မှူးကို စတင်တရားစွဲဆို

မန္တလေး၊ဇွန် ၂၇-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ အခုနှစ် မေလ ၁၄ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံဝင်းအတွင်း ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုမှာ ပါဝင်ခဲ့တယ်လို့ဆိုပြီး  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅/ခ နဲ့ တရားစွဲခံခဲ့ရတဲ့ ရာအိမ်မှူး ဦးမိုးလင်းကို ဒီနေ့ နေ့လည်ပိုင်းက ပုသိမ်ကြီးကြီးမြို့နယ် တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။   ရုံးထုတ်အပြီးမှာ ရာအိမ်မှူး ဦးမိုးလင်းက “တရားရုံးကို တင်ပြမယ့် သက်သေတွေဟာ အမှားတွေပါ။ အဲဒီနေ့မှာ ကျနော်က မြကန်သာဘက်ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ တရားရုံးတင်ပြတဲ့ Hand Speakor(လက်ကိုင်မိုက်)ကို ကိုင်ပြီး ဟောပြောခြင်းများလည်း မရှိပါ။ သူတို့က ကျနော့်ကို သောက်မြင်ကပ်တဲ့ ပုဒ်မ၊ အာမခံမရတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုတာပါ။” လို့ ပြောပါတယ်။  …

Read More

ဖမ်းမိခဲ့တဲ့ တရားမ၀င် သစ်တန်ချိန် သုံးသောင်းဝန်းကျင်ထဲမှာ ကျွန်းတန်ချိန် တစ်ဝက်ကျော်ပါဝင်

ရန်ကုန် ၊ ဇွန် ၂၇ – ၂၀၁၉ သိဂီ င်္( VOM)   အခုနှစ်ရဲ့ ပထမလေးလအတွင်း တရားမ၀င် ဖမ်းဆီးရမိခဲ့တဲ့ ကျွန်းတန်ချိန် တစ်သောင်းခွဲကျော် ရှိခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။   ဒီနှစ် ဇန်န၀ါရီလကနေ ဧပြီလအတွင်း တစ်နိုင်ငံလုံးအနေနဲ့ တရားမဝင် ကျွန်းသစ်တန်ချိန် ၁၅၄၂၁ .၆၄ ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သစ်မာတန်ချိန်က ၄၅၆၅.၆၀ ၊ အခြားဖမ်းဆီးရမိမှုက  ၈၄၂၄.၁၆ ကို နေပြည်တော် ကောင်စီနယ်မြေအပါအ၀င် တိုင်းနဲ့ ပြည်နယ် ၁၃ ခုကနေ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ အဲဒီ တရားမ၀င် သစ်ဖမ်းဆီးရမိမှုနဲ့အတူ မြန်မာနိုင်ငံသားတရားခံ  ၁၆၈၂ ဦး၊ နိုင်ငံခြားသား တရားခံက ၁၆ ဦး ဖမ်းဆီးရမိခဲ့ပါတာလို့ ဆိုပါတယ်။   “ဆယ်နှစ်တာ ကာလအတွင်းမှာ…

Read More

လင်မယားနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သူကို သေဒဏ်နဲ့ ထောင်ဆယ်နှစ်ချ

မန္တလေး၊ ဇွန် ၂၇ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ လင်မယားနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို  မန္တလေးခရိုင်တရားရုံးက သေဒဏ်နဲ့ ထောင်ဒဏ်ဆယ်နှစ် ကျခံဖို့ ဒီနေ့ ဇွန် ၂၇ ရက်မှာ အမိန့်ချလိုက်ပါတယ်။   ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်က ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း၊ ရွာလယ်လမ်းနဲ့ နှင်းဆီလမ်းအနီးမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ လင်မယားနှစ်ယောက်ကို ဦးခွန်ကောလားဆိုသူက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး အမျိုးသမီးရဲ့လက်ကိုင်အိတ်ကို လုယူခဲ့ရာမှာ လင်မယားနှစ်ယောက်က ပြန်လုတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တရားရုံးထွက်ဆိုချက်တွေက သိရပါတယ်။   အဲဒီပစ်ခတ်မှုကြောင့် အမျိုးသမီးဖြစ်သူမှာ နဖူးကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး သေဆုံးခဲ့သလို အမျိုးသားဖြစ်သူ  ဦးလီဆွမ်(ခ)ဇော်လင်းကတော့ ဝဲရင်ဘတ် ကျည်ဖောက်ဝင်၊ ယာချိုင်းအောက် ကျည်ဖောက်ထွက်ဒဏ်ရာတွေနဲ့  စိုးရိမ်ရအခြေအနေထိ…

Read More

ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ တွေ့ဆုံဆွေးနွေးကြတော့မယ်

ဝါရှင်တန်၊ ဇွန်-၂၇-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ  ဇွန် ၂၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်မှာတော့ ဂျပန်နိုင်ငံ အိုဆာကာမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့အတူ ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေအတွက် ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၆ ရက်မှာ သတင်းထောက်တွေကို အတည်ပြု ပြောဆိုပါတယ်။   တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံတာကို ပြောင်းလဲဖို့ရည်ရွယ်ပြီး ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲကို ဂျပန်နိုင်ငံက လက်ခံကျင်းပတဲ့  ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကာလမှာ စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်ကြမယ့် ဆွေးနွေးပွဲတစ်ခု ဖြစ်ဖွယ်ရှိနေပါတယ်။   သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ခုနစ်လက ဗျူနိုအေရိစ်မှာ ကျင်းပခဲ့တဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲမှာ နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ရက်ကိုးဆယ်ကြာ ရပ်စဲဖို့ သဘောတူညီခဲ့ကြပါတယ်။…

Read More

အိန္ဒိယက ငါးမြစ်ချင်း သားပေါက် တင်သွင်းခွင့်ရဖို့ တောင်းဆို

ရန်​ကုန်​ ၊ ဇွန်​ ၂၇ – ၂၀၁၉ သူရိန်(VOM)   အိန္ဒိယနိုင်ငံက မျိုးအဆင့်မြှင့်ထားတဲ့ ရေချိုငါးမြစ်ချင်း ငါးသားပေါက်တွေကို  G to G စနစ်နဲ့ မှာယူတင်သွင်းခွင့် ရဖို့ မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းက ငါးလုပ်ငန်းဦးစီးဌာနဆီ တင်ပြတောင်းဆိုထားတယ်​လို့ သိရပါတယ်​။   “အိန္ဒိယနိုင်ငံမှာ အခု မျိုးမြှင့်တင်ထားတဲ့ ငါးမြစ်ချင်း ငါးသားပေါက်တွေ ရနေပြီ။ ဒါကို ကျနော်တို့ အနေနဲ့ ဝယ်ယူတင်သွင်းလို့ ရနိုင်မလားပေါ့။ ရနိုင်မယ်ဆိုရင် ကျနော်တို့ မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် များစွာ အဆင်ပြေပါတယ်။ ဒါပေမယ့် ဒါကိုလုပ်ငန်းရှင်တွေအနေနဲ့ ဝယ်ယူခွင့်မရှိဘဲ အစိုးရချင်း (G to G) ဖြစ်တဲ့ ငါးလုပ်ငန်း ဦးစီးဌာနအနေနဲ့  ချိတ်ဆက်ပြီးမှ ဝယ်ယူတင် သွင်းခွင့်ရရှိမှာဖြစ်လို့ ဒါကို တင်ပြတာပါ။”လို့ မြန်မာနိုင်ငံငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဒေါက်တာ မြင့်ဆွေက…

Read More

တန်ဖိုးမြှင့် စားသောက်ကုန်ထုတ် စက်မှုဇုန်​ကို လေးနှစ်​အတွင်း ဖော်ဆောင်မယ်

ရန်​ကုန်​ ၊ ဇွန်​ ၂၇- ၂၀၁၉ သူရိန်(VOM)   တန်ဖိုးမြှင့် စားသောက်ကုန်ထုတ် စက်မှုဇုန်​ကို လေးနှစ်​အတွင်း ဖော်ဆောင်သွားမယ်​လို့ Dagon International Limited နဲ့ JFE Engineering Corporation တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဇွန် ၂၅ ရက်ပွဲက သိရပါတယ်။   ဒီစီမံကိန်းကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြို့နယ်ခေတ်မီစက်မှုလယ်ယာ စံပြစိုက်ပျိုးရေး အထူးဇုန် ၁ ၊ အကွက် ၁  မြေဧက ၅၀၀ ပေါ်မှာ အမေရိကန် ဒေါ်လာသန်း ၁၅၀ ​လောက်​ ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်မှာ ဖြစ်​ပါတယ်​။   “စက်မှုဇုန် ဖော်ဆောင်မယ့် နေရာက အမှတ် ၂ လမ်းမကြီးနဲ့ အမှတ် ၇ လမ်းမကြီးရဲ့ထောင့်မှာ တည်ရှိပါတယ်။ ယနေ့ စက်မှုဇုန်တွေရဲ့…

Read More

မင်းတုန်း သမဝါယမမှာ ဒေါ်လာဈေးတက်လို့ဆိုပြီး စာချုပ်ပါ အတိုးနှုန်းထက် ပိုကောက်

မင်းတုန်း၊ ဇွန် ၂၇ -၂၀၁၉ ဂျန်ကိုးလ် (VOM)   မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ မြို့နယ်သမဝါယမကနေ ချေးငွေထုတ်ယူထားတဲ့ တောင်သူတွေဟာ ငွေချေးယူစဉ်က သဘောတူထားတဲ့ အတိုးနှုန်းနဲ့ ပြန်ဆပ်နေရတာ မဟုတ်ဘဲ ဒေါ်လာဈေးတက်လို့ဆိုပြီုး၂ ကျပ်တိုးနဲ့ ပြန်ဆပ်နေရတယ်လို့ တောင်သူအချို့ထံက သိရပါတယ်။   “အရင်ကတော့ အတိုးတစ်ကျပ်ခွဲပါ။ အခုခြောက်လက စပြီး အတိုးနှစ်ကျပ်ဖြစ်သွားပါတယ်။ ဒါကလည်း ဒေါ်လာဈေးတက်လို့ပါ။” လို့ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဇင်က အတည်ပြု ပြောဆိုပါတယ်။   အဆင့်မြင့် လယ်ယာဖေါ်ဆောင်ရေးနဲ့ မျိုးစေ့ထုတ်လုပ်ငန်းတွေအတွက် ချေးငွေကို မြို့နယ်သမဝါယမ ကနေ တစ်ကျပ်ခွဲနှုန်းနဲ့ စာချုပ်ချုပ်ကာ ချေးယူခဲ့ရပေမယ့်  အတိုး၂ ကြိမ်ဆပ်ပြီး သုံးကြိမ်မြောက်မှာတော့ ဒေါ်လာဈေးတက်လို့ဆိုပြီး နှစ်ကျပ်တိုးနှုန်း တိုးမြှင့်လိုက်လို့ တောင်သူတွေကတော့ နစ်နာတယ်လို့ ဆိုကြပါတယ်။   အခုလို အတိုးတက်တာတွေနဲ့ ပတ်သက်ပြီး တောင်သူတွေက…

Read More
VOM News

FREE
VIEW