ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ တွေ့ဆုံဆွေးနွေးကြတော့မယ်

ဝါရှင်တန်၊ ဇွန်-၂၇-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ  ဇွန် ၂၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်မှာတော့ ဂျပန်နိုင်ငံ အိုဆာကာမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့အတူ ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေအတွက် ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၆ ရက်မှာ သတင်းထောက်တွေကို အတည်ပြု ပြောဆိုပါတယ်။

 

တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံတာကို ပြောင်းလဲဖို့ရည်ရွယ်ပြီး ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲကို ဂျပန်နိုင်ငံက လက်ခံကျင်းပတဲ့  ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကာလမှာ စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်ကြမယ့် ဆွေးနွေးပွဲတစ်ခု ဖြစ်ဖွယ်ရှိနေပါတယ်။

 

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ခုနစ်လက ဗျူနိုအေရိစ်မှာ ကျင်းပခဲ့တဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲမှာ နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ရက်ကိုးဆယ်ကြာ ရပ်စဲဖို့ သဘောတူညီခဲ့ကြပါတယ်။

 

ဆွေးနွေးပွဲတွေမှာ သဘောတူညီချက်တွေကို တစ်ဦးတည်းဆုံးဖြတ်လေ့ရှိတဲ့ ဒေါ်နယ်ထရန့်အနေနဲ့ ဇွန် ၂၈ ရက် နေ့လည် နှစ်နာရီမှာ  ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံတာအပါအ၀င် ဂျပန်နိုင်ငံမှာ နေထိုင်ချိန်အတွင်း နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲကိုးခု ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဟိုဂန်ဂစ်ဒလေက ပြောပါတယ်။

 

ဒေါ်နယ်ထရန့်ဟာ  ဇွန် ၂၈ ရက်မှာ အိန္ဒိယ၀န်ကြီးချုပ် မိုဒီနဲ့ သီးခြား မတွေ့ဆုံမီ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့  တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဘရာဇီးသမ္မတ ဂျားဘော်ဆိုနာရို နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

 

Ref & Photo : Reuters

 

#voiceofmyanmar # ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ တွေ့ဆုံဆွေးနွေးကြတော့မယ် #  ၀ါရှင်တန်#  ဂျပန် #အိုဆာကာ

Related posts

Leave a Comment

VOM News

FREE
VIEW