ဖမ်းမိခဲ့တဲ့ တရားမ၀င် သစ်တန်ချိန် သုံးသောင်းဝန်းကျင်ထဲမှာ ကျွန်းတန်ချိန် တစ်ဝက်ကျော်ပါဝင်

ရန်ကုန် ၊ ဇွန် ၂၇ – ၂၀၁၉

သိဂီ င်္( VOM)

 

အခုနှစ်ရဲ့ ပထမလေးလအတွင်း တရားမ၀င် ဖမ်းဆီးရမိခဲ့တဲ့ ကျွန်းတန်ချိန် တစ်သောင်းခွဲကျော် ရှိခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။

 

ဒီနှစ် ဇန်န၀ါရီလကနေ ဧပြီလအတွင်း တစ်နိုင်ငံလုံးအနေနဲ့ တရားမဝင် ကျွန်းသစ်တန်ချိန် ၁၅၄၂၁ .၆၄ ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သစ်မာတန်ချိန်က ၄၅၆၅.၆၀ ၊ အခြားဖမ်းဆီးရမိမှုက  ၈၄၂၄.၁၆ ကို နေပြည်တော် ကောင်စီနယ်မြေအပါအ၀င် တိုင်းနဲ့ ပြည်နယ် ၁၃ ခုကနေ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ အဲဒီ တရားမ၀င် သစ်ဖမ်းဆီးရမိမှုနဲ့အတူ မြန်မာနိုင်ငံသားတရားခံ  ၁၆၈၂ ဦး၊ နိုင်ငံခြားသား တရားခံက ၁၆ ဦး ဖမ်းဆီးရမိခဲ့ပါတာလို့ ဆိုပါတယ်။

 

“ဆယ်နှစ်တာ ကာလအတွင်းမှာ ပျမ်းမျှပြောရမယ်ဆိုရင် နှစ်စဉ် တန်ချိန် လေးသောင်းလောက် ဖမ်းဆီးရမိမှု ရှိနေတယ်။ အတိအကျကိုတော့ ကျနော်တို့ ဦးစီးဌာနကနေ ထုတ်ပြန်ထားတာတွေရှိပါတယ်။ သစ်အများဆုံး ဧရိယာများတဲ့နေရာက ပိုမိတာများတယ်။” လို့ သစ်တောဦးစီးရုံးချုပ်၊ သဘာဝတောနဲ့ စိုက်ခင်းဦးစီးဌာ န လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဇင်မော်နိုင်က ပြောပါတယ်။

 

ဖမ်းဆီးရမိမှုတွေထဲမှာ ပဲခူးတိုင်းက ကျွန်းတန်ချိန် ၂၀၅၇ .၅၁ ထိ အများဆုံး၊ ဒုတိယအများဆုံး ဖမ်းဆီးရမိမှုအနေနဲ့ စစ်ကိုင်းတိုင်းက ကျွန်းတန်ချိန် ၁၁၅၈ .၀၅၊ တတိယက ရှမ်းပြည်နယ် ၊ စတုတ္ထက ကယားပြည်နယ်တို့ ဖြစ်ပြီး တနင်္သာရီတိုင်းကတော့ တရားမ၀င် ကျွန်းသစ်ဖမ်းဆီးရမိမှု လုံးဝမရှိုဘူးလို့လည်း သိရပါတယ်။

 

ခုလို  တရားမ၀င် ကျွန်းသစ် သယ်ဆောင်တာ၊ မှောင်ခိုလုပ်ငန်းလုပ်ကိုင်နေတာတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ဆိုရင် သစ်တောဦးစီးဌာနတစ်ခုတည်းနဲ့  လုပ်ဆောင်မရတဲ့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ ၊ ဒေသခံအဖွဲ့အစည်းနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်မှသာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“နယ်စပ်ပေါက်ဘက်က သစ်မှောင်ခို ခိုးထွက်တာတွေဆို အဲ့ဘက်ကသက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကူအညီ ယူရတယ်။ ရေကြောင်းဆိုလည်း ရေတပ်ရဲ့ အကူအညီကို ရယူရတယ်။ လက်ရှိမှာတာ့ ဒီနည်းတွေနဲ့ ဆောင်ရွက်နေရတယ်”လို့ ဦးဖြိုးဇင်မော်နိုင်က ပြောပါတယ်။

 

လက်ရှိမှာလည်း တရားမ၀င် သစ်တွေနေ့စဉ် ဆက်တိုက်ဖမ်းဆီးရမိမှုတွေ ရှိနေပြီး ဖမ်းဆီးရမိမှုတွေထဲမှာ ပိုင်ရှင်မဲ့တွေက ပိုများနေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar  # ဖမ်းမိခဲ့တဲ့ တရားမ၀င်သစ်တန်ချိန်သုံးသောင်းဝန်းကျင်ထဲမှာကျွန်းတန်ချိန် တစ်ဝက်ကျော်ပါဝင် #ရန်ကုန်  # သစ်တောဦးစီးရုံးချုပ်# သဘာဝတောနဲ့စိုက်ခင်းဦးစီးဌာန #

 

Photo – Forest Department

Related posts

Leave a Comment

VOM News

FREE
VIEW