၅၀၅/ခ နဲ့ တရားစွဲခံရတဲ့ အောင်သပြေရွာက ရာအိမ်မှူးကို စတင်တရားစွဲဆို

မန္တလေး၊ဇွန် ၂၇-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ အခုနှစ် မေလ ၁၄ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံဝင်းအတွင်း ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုမှာ ပါဝင်ခဲ့တယ်လို့ဆိုပြီး  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅/ခ နဲ့ တရားစွဲခံခဲ့ရတဲ့ ရာအိမ်မှူး ဦးမိုးလင်းကို ဒီနေ့ နေ့လည်ပိုင်းက ပုသိမ်ကြီးကြီးမြို့နယ် တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

 

ရုံးထုတ်အပြီးမှာ ရာအိမ်မှူး ဦးမိုးလင်းက “တရားရုံးကို တင်ပြမယ့် သက်သေတွေဟာ အမှားတွေပါ။ အဲဒီနေ့မှာ ကျနော်က မြကန်သာဘက်ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ တရားရုံးတင်ပြတဲ့ Hand Speakor(လက်ကိုင်မိုက်)ကို ကိုင်ပြီး ဟောပြောခြင်းများလည်း မရှိပါ။ သူတို့က ကျနော့်ကို သောက်မြင်ကပ်တဲ့ ပုဒ်မ၊ အာမခံမရတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုတာပါ။” လို့ ပြောပါတယ်။

 

နောက်တစ်ပတ် ရုံးချိန်းကိုတော့ ဇူလိုင်လ ၅ ရက်ကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ထပ်မံချိန်းဆိုခဲ့ပါတယ်။

 

#voiceofmyanmar# ၅၀၅/ခ နဲ့တရားစွဲ #အောင်သပြေ # ရာအိမ်မှူးကိုစတင်တရားစွဲဆို#မန္တလေး #ပုသိမ်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW