အမျိုးသားရေးလှုပ်ရှားသူတွေဦးဆောင်ပြီး ကလေးသူငယ်ဥပဒေကြမ်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖေါ်

ပုသိမ်၊ ဇူလိုင် ၄ – ၂၀၁၉

ကိုအောင်(VOM)

 

ဧရာဝတီတိုင်းအတွင်းရှိ မြို့ နယ် ၂၆ ခုက အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ စုပေါင်း ပြီး ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်း ကန့်ကွက်ဆန္ဒထုတ်ဖေါ်ပွဲကို ဒီနေ့ ဇူလိုင် ၄ ရက် နေ့လည်ပိုင်းက ပုသိမ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

 

အမျိုးသားရေး လှုပ်ရှားသူတွေက ဦးဆောင်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ နဲ့ မိတ်ဖက် အဖွဲ့အစည်းများ၊ သံဃာတော်များလည်း ပါဝင်ခဲ့ပြီး စုစုပေါင်း အင်အား ၅၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ပုသိမ်မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြပြီး ပုသိမ်မြို့ပြည်ထောင်စုကွင်းမှာ လူထုဟောပြောပွဲ ကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

#voiceofmyanmar # အမျိုးသားရေးလှုပ်ရှားသူတွေဦးဆောင်ပြီးဆန္ဒထုတ်ဖေါ် #ကလေးသူငယ်ဥပဒေကြမ်း ကန့်ကွက် #ဧရာဝတီ #ပုသိမ် #ပြည်ခိုင်ဖြိုး

Related posts

Leave a Comment

VOM News

FREE
VIEW