ဆန္ဒပြမှုတွေကြောင့် ဟောင်ကောင်တရားခံလွှဲပြောင်းရေး ဥပဒေကြမ်း နိဂုံးချုပ်

ဟောင်ကောင်၊ ဇူလိုင်-၉-၂၀၁၉

မျိုးဆက်(VOM)

 

သံသယရှိသူ တရားခံကို ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးဆီ လွှဲပြောင်းစီရင်တာကို ခွင့်ပြုတဲ့အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကို အကြီးအကျယ်ဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် အဲဒီဥပဒေကြမ်းဟာ နိဂုံးချုပ် အဆုံးသတ်သွားပြီလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလန်းက ဇူလိုင် ၉ ရက်မှာ ကြေညာလိုက်ပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေပြုကောင်စီမှာ အစိုးရက ပြန်လည်စတင်နိုင်ခြေ ရှိ၊မရှိဆိုတဲ့ သံသယတွေရှိနေဆဲဖြစ်ပြီး မိမိအနေနဲ့ ထပ်လောင်းပြောကြားလိုသည်မှာ အဲဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဘာအစီအစဉ်မှမရှိတော့ဘဲ နိဂုံးချုပ်သွားပြီဖြစ်တယ်လို့ သူမက ပြောပါတယ်။

 

ဥပဒေကြမ်းနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာမှန်သမျှ အလုံးစုံမအောင်မြင်ခဲ့ကြောင်းနဲ့ ပြသနာကိုဖြေရှင်းဖို့အတွက် အစိုးရကို လုပ်ပိုင်ခွင့်ပေးဖို့ ဟောင်ကောင်ပြည်သူတွေကို ကာရီလန်းက တောင်းဆိုလိုက်ပါတယ်။

 

ဒါ့အပြင် ကြိုတင်စည်းကမ်းသတ်မှတ်ထားတာမျိုးမရှိဘဲ ဟောင်ကောင်ကျောင်းသားတွေနဲ့ အများပြည်သူရှေ့မှာ ပွင့်ပွင့်လင်းလင်းတွေ့ဆုံဆွေးနွေးဖို့ ကာရီလန်းက သဘောတူခဲ့ပြီး ဟောင်ကောင်ဟာ မကြုံစဖူးတဲ့ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့  ဖြိုခွင်းခဲ့သလို ဆန္ဒပြသူတွေကလည်း လွှတ်တော်တွင်း အတင်းဝင်ရောက် ဖျက်ဆီးမှုတာတွေကြောင့် ဆန္ဒပြလှုပ်ရှားမှုတွေဟာ အကြမ်းဖက်မှုအသွင်ပြောင်းလဲခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

 

Ref : CNA

Photo :AFP

#voiceofmyanmar # ဆန္ဒပြမှုတွေကြောင့်ဟောင်ကောင်တရားခံလွှဲပြောင်းရေးဥပဒေကြမ်း နိဂုံးချုပ် #ဟောင်ကောင် #

Related posts

Leave a Comment

VOM News

FREE
VIEW