ဧရာဝတီဘဏ် ဝန်ထမ်းက ဘဏ်မှာငွေလာအပ်သူရဲ့ငွေစာရင်းထဲကနေ သိန်း ၂၁၀၀ လွှဲယူထားလို့ အမှုဖွင့်စစ်ဆေးနေ

ရန်ကုန်၊ ဇူလိုင် ၁၆ – ၂၀၁၉ သိဂီ င်္(VOM)   ဧရာဝတီဘဏ်ကနေ ငွေကျပ်သိန်း ၂၁၀၀ ထုတ်ယူခဲ့တဲ့ ဘဏ်ဝန်ထမ်းနဲ့ သူရဲ့ရည်းစားကို ဘုရင့်နောင်နယ်မြေရဲစခန်းကနေ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ အားပေးကူညီမှုတွေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ အဲဒီရဲစခန်းက သိရပါတယ်။   ” ကျနော်တို့  ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ လက်ရှိမှာ အမှုဖွင့်စစ်ဆေးနေပါတယ်။ “လို့ ဘုရင့်နောင်နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   ဖြစ်စဉ်မှာ  မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ ဧရာဝတီ ဘဏ်ခွဲ(၄၅)မှာ အငယ်တန်းစာရေး လုပ်ကိုင်နေသူ မနှင်းဦးဝေ(၂၆)နှစ်က ငွေအပ်နှံသူ ဒေါ်ကြင်မြင့်(၅၅)နှစ်ပိုင်ဆိုင်တဲ့ ငွေစာရင်းအမှတ်ကို သုံးစွဲပြီး ငွေကျပ်သိန်း ၂,၁၀၀ ကို ရည်းစားဖြစ်သူ ဖြိုးဝေစိုး(၂၅)နှစ်ရဲ့ ငွေစာရင်းထဲ ဇူလိုင် ၁၅ ရက်က လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။   ဒီလို လွှဲပြောင်းပေးခဲ့တဲ့ သိန်း…

Read More

လမ်းမကြီးတွေမှာ လမ်းဘေးဈေးသည်တွေ ပပျောက်အောင် လုပ်ဆောင်နေ

ရန်ကုန် ၊ ဇူလိုင် ၁၆ – ၂၀၁၉ သိဂီ င်္(VOM)   ရန်ကုန်မြို့က လမ်းမကြီးတွေမှာ လမ်းဘေးဈေးသည်တွေ ပပျောက်အောင် အဓိကထား  လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးသန်းက ပြောပါတယ်။   ရန်ကုန်မြို့လယ်က လူစည်ကားတဲ့ လမ်းမကြီးတွေဖြစ်တဲ့ မဟာဗန္ဒုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ကုန်သည်လမ်းမတန်း ၄ ခုမှာ လမ်းဘေးဈေးသည်တွေမရှိအောင် လုပ်နေတယ်လို့ ဇူလိုင်လ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သတင်းစာရှင်းလင်းပွဲအပြီး လမ်းဘေးဈေးသည်တွေနဲ့ပတ်သက်လို့ မေးမြန်းမှုအပေါ် ပြန်လည်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။   ” လုံးဝကြီးပပျောက်အောင်ဒါကို တိတိကျကျ အရေးယူလို့ရလားဆိုတော့ မရပါဘူး။ သို့သော်လမ်းမကြီးတွေမှာ တိတိကျကျ လုပ်မယ်။ တဖက်ကလည်း လမ်းဘေးဈေးသည် ပပျောက်အောင်လုပ်နေသလို နောက်တဖက်က နေလည်း နည်းနည်းလေး နိမ့်ပါးတဲ့ အများပြည်သူရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့…

Read More

ရေငုပ်သင်္ဘောပစ် တော်ပီဒိုတွေ မြန်မာရေတပ်ကို အိန္ဒိယလွှဲပေး

ဒေလီ၊ ဇူလိုင်-၁၆-၂၀၁၉ မျိုးဆက် (VOM)   ၂၀၁၇ ခုနှစ်အစောပိုင်းက မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉သန်းတန်ဖိုးရှိ လက်နက်အရောင်းအ၀ယ်စာချုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အဆင့်မြင့်နည်းပညာသုံး ရှယီရာအမျိုးအစား ရေငုပ်သင်္ဘောပစ် တော်ပီဒို ပထမအသုတ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။   အဲဒီ တော်ပီဒိုတွေကို အိန္ဒိယနိုင်ငံ ကာကွယ်ရေးနဲ့ သုတေသနဖွံ့ဖြိုးရေးအဖွဲ့က ဒီဇိုင်းဆွဲထုတ်လုပ်ထားပြီး ဇူလိုင်လ အစောပိုင်းမှာ မြန်မာ့တပ်မတော် (ရေ)ကို ပေးအပ်ခဲ့တယ်လို့ လွှဲပြောင်းရေးကိစ္စနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေက ဇူလိုင် ၁၅ ရက်မှာ Jane သတင်းဌာနကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် တော်ပီဒိုအရေအတွက် ဘယ်လောက်လွှဲပြောင်းပေးခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။   အိန္ဒိယရေတပ်မှာ ၂၀၁၂ ခုနှစ်အစောပိုင်းက  အသုံးပြုခဲ့တဲ့ ရှာယီရာ တော်ပီဒိုဟာ  အလျား ၂ ဒသမ ၇၅ မီတာ၊  အလေးချိန် ၂၂၀…

Read More

စရဖတပ်ကြပ်လုပ်ကြံခံရမှုမှာ သံသယနဲ့ဖမ်းဆီးခံနေရသူတွေထဲက သုံးဦးကို တရားရုံးက လွှတ်ပေး

စစ်တွေ၊ ဇူလိုင် ၁၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်ညက ဝင်္ကဘာကွင်းဈေးဆောင်ပွဲတော်မှာ စရဖ(စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့)ဝင် တပ်ကြပ် ဖိုးလုံး(ခ) ဝင်းထိုက်ဟာ သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။   အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လူငယ်လေးဦးဖြစ်တဲ့ ကိုအောင်ချေ၊ ကိုခိုင်ဘိုဘို၊ ကိုမေယုထွန်းနဲ့ ကိုရဲဇော်တို့ကို ရဲတပ်ဖွဲ့က သံသယရှိတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးကာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။   သူတို့လေးဦးထဲက ကိုအောင်ချေ၊ ကိုခိုင်ဘိုဘိုနဲ့ ကိုမေယုထွန်းတို့ဟာ စစ်တွေအကျဉ်းထောင်မှာ ၆ လကျော်အကြာ ချုပ်နှောင်ခံကာ တရားရင်ဆိုင်နေရရာကနေ မနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ အမှုနဲ့မသက်ဆိုင်တဲ့အတွက် စစ်တွေခရိုင်တရားရုံးက ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။   “သူတို့ကိုစွပ်စွဲထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ လိုပြသက်သေ ၃၂ ယောက်ထဲက…

Read More
VOM News

FREE
VIEW