ဧရာဝတီဘဏ် ဝန်ထမ်းက ဘဏ်မှာငွေလာအပ်သူရဲ့ငွေစာရင်းထဲကနေ သိန်း ၂၁၀၀ လွှဲယူထားလို့ အမှုဖွင့်စစ်ဆေးနေ

ရန်ကုန်၊ ဇူလိုင် ၁၆ – ၂၀၁၉

သိဂီ င်္(VOM)

 

ဧရာဝတီဘဏ်ကနေ ငွေကျပ်သိန်း ၂၁၀၀ ထုတ်ယူခဲ့တဲ့ ဘဏ်ဝန်ထမ်းနဲ့ သူရဲ့ရည်းစားကို ဘုရင့်နောင်နယ်မြေရဲစခန်းကနေ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ အားပေးကူညီမှုတွေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ အဲဒီရဲစခန်းက သိရပါတယ်။

 

” ကျနော်တို့  ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ လက်ရှိမှာ အမှုဖွင့်စစ်ဆေးနေပါတယ်။ “လို့ ဘုရင့်နောင်နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဖြစ်စဉ်မှာ  မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ ဧရာဝတီ ဘဏ်ခွဲ(၄၅)မှာ အငယ်တန်းစာရေး လုပ်ကိုင်နေသူ မနှင်းဦးဝေ(၂၆)နှစ်က ငွေအပ်နှံသူ ဒေါ်ကြင်မြင့်(၅၅)နှစ်ပိုင်ဆိုင်တဲ့ ငွေစာရင်းအမှတ်ကို သုံးစွဲပြီး ငွေကျပ်သိန်း ၂,၁၀၀ ကို ရည်းစားဖြစ်သူ ဖြိုးဝေစိုး(၂၅)နှစ်ရဲ့ ငွေစာရင်းထဲ ဇူလိုင် ၁၅ ရက်က လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

 

ဒီလို လွှဲပြောင်းပေးခဲ့တဲ့ သိန်း ၂၁၀၀ ထဲကနေ သိန်း  ၁,၇၀၀ ကိုတော့ လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ(၂)ကနေ ထုတ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

 

ဒါကြောင့် ဧရာဝတီဘဏ် အငယ်တန်းစာရေးဖြစ်သူ  မနှင်းဦးဝေနဲ့  ကိုဖြိုးဝေစိုးတို့ကို ဘုရင့်နောင်နယ်မြေရဲစခန်းက (ပ)၁၂၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၁၁၄( ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ အားပေးကူညီမှု)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ဧရာဝတီဘဏ်ဝန်ထမ်း #ငွေလာအပ်သူရဲ့ငွေစာရင်းထဲကသိန်း ၂၁၀၀ထုတ်ယူ #ရန်ကုန် #ဘုရင့်နောင် #လှိုင်သာယာ

Related posts

Leave a Comment

VOM News

FREE
VIEW