ကိုယ့်သဘောနှင့်ကိုယ် H1N1 ကာကွယ်ဆေး မထိုးကြဖို့ သတိပေး

မြစ်ကြီးနား ဇူလိုင် ၂၆-၂၀၁၉ ရန်အောင်ထွန်း (VOM)   ရာသီတုပ်ကွေး H1N1 ကာကွယ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ် အပြင်ဆေးခန်းတွေမှာ ထိုးနေတာတွေ မလုပ်သင့်ဘူးလို့ ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဦးစီမှူး ဒေါက်တာအေးသိန်းက သတိးပေးပြောကြားခဲ့ပါတယ်။   ကချင်ပြည်နယ်အတွင်းက H1N1 ဖြစ်ပွားမှုစာရင်းမှာပါဝင်နေသူတွေဟာ ပြင်ပလူနာတွေဖြစ်ပြီး ဆေးရုံအထိမလာနိုင်တဲ့နေရာတွေကို ထပ်မံစစ်ဆေးပါက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထာတာထက် ပိုတွေ့နိုင်တယ်လို့လည်း သူကသုံးသပ်ထားပါတယ်။ ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ အစိုးရိမ်မလွန်ကြဖို့နဲ့ ရောဂါပိုးက အချိန်ကာလအလျှောက် ကွဲပြားခြားနားမှုတွေ ရှိလို့ ကာကွယ်းဆေးတွေ ကိုယ်သဘောနဲ့ကိုယ် မထိုးသင့်ဘူးလို့ ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဦးစီမှူး ဒေါက်တာအေးသိန်းက ပြောပါတယ်။   အခုရက်ပိုင်းအတွင်း မြစ်ကြီးနာမြို့က ဆေးခန်းတွေမှာ ရာသီအကူးအပြောင်းကြောင့် ဖျားနာလို့ လာရောက်ကုသသူ ဦးရေဟာ ခါတိုင်းထက် တိုးမြင့်နေတာတွေ့ရပါတယ်။ အဲ့ဒီအထဲက ကိုဟန်ထွန်းကတော့ မိသားစုအတွင်း ၄ ယောက်လောက်ဖျားနာနေတာရှိပေမယ့် နှာခေါင်းပိတ်တွေနဲ့ နေတာမရှိသလို…

Read More

ဘူးသီးတောင်မှာနယ်ခြားစောင့်စခန်းတိုက်ခိုက်ခံရ

ဘူးသီးတောင်၊ဇူလိုင်၂၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်တောင်ပိုင်းဒေသညောင်ချောင်းနယ်ခြားစောင့်ရဲကင်းစခန်းကိုယနေ့နံနက်၎နာရီကျော်ခန့်ကဝင်ရောက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။   မနက်၎နာရီအချိန်လောက်ကနေပစ်ခတ်သံတွေကိုကြားခဲ့ရပြီးအဲ့ဒီတိုက်ခိုက်မှုဟာရခိုင်လက်နက်ကိုင်တပ်ဖွဲ့AA ကဝင်ရောက်တိုက်ခဲ့တာဖြစ်တယ်လို့ကျေးရွာသားတစ်ဦးကပြောပါတယ်။ “ကျွန်တော်တို့ဒီမနက်ပိုင်းပေါ့နော်၎နာရီလောက်ကနေသေနတ်ပစ်သံတွေကိုကြားရတယ်။ပစ်ခတ်တာတွေတော့တော်တော်များများကြားလိုက်ရတယ်။စခန်းကိုဝင်တိုက်တယ်လို့တော့ကြားပါတယ်။ဘယ်လိုတွေဖြစ်နေလဲတော့မသိဘူး။အဲ့ဒီဘက်ကိုမသွားရဲဘူး။”လို့ညောင်ချောင်းကျေးရွာသားတစ်ဦးကပြောပါတယ်။   အဲ့ဒီရဲကင်းစခန်းဟာအငူမော်ကျေးရွာနဲ့ဘူးသီးတောင်ကိုဆက်သွယ်ဖောက်လုပ်ထားတဲ့အတွင်းဘက်ကားလမ်းမှာတည်ရှိပြီးရခိုင်လက်နက်ကိုင်AA ရဲ့တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တပ်မတော်ဘက်ကပြောပါတယ်။   “ဒီနေ့မနက်၎နာရီ၁၅လောက်မှာAA ဘက်ကအင်တား၁၀၀လောက်နဲ့စခန်းရဲ့တောင်ဘက်ကနေဝင်တိုက်တာပေါ့။သတင်းရရှိထားတဲ့အတွက်လုံခြုံရေးတွေကိုပြင်ဆင်ထားတာကြောင့်စခန်းကတော့ဘာမှမဖြစ်ဘူး။လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိတယ်။AA ဘက်ကတော့အလောင်းတွေနဲ့ဆက်စပ်ပစ္စည်းတွေကိုသိမ်းဆည်းရမိထားတယ်။”လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးပထမတန်းဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။   အပြန်အလှန်တိုက်ခိုက်မှုနာရီဝက်ခန့်ဖြစ်ပွားခဲ့ကြပြီးAA ဘက်ကကျဆုံးခဲ့သူတွေရှိနေကြောင်းနဲ့အရေအတွက်ကိုတရားဝင်ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ဆက်လက်ပြောကြားပါတယ်။   #voiceofmyanmar #ဘူးသီးတောင် #နယ်ခြားစောင့်စခန်းတိုက်ခိုက်ခံရ#AA  

Read More

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဆွေကိုFacebook ပေါ်မှာ မမှန်မကန်လုပ်ကြံရေးသားဖြန့်ဝေထားသူတွေ အမှုဖွင့်ခံရ

  နေပြည်တော် ဇူလိုင် ၂၆-၂၀၁၉ ကိုထွန်း   အမျိုးသားလွှတ်​​တော်​ ကိုယ်စားလှယ်​ဦး​မောင်​​မောင်​​ဆွေ သူ့ကို နစ်​နာ​အောင်​​ လူမှု့ကွန်​ယက်​စာမျက်နှာမှာ ရေးသားသူ၊​ အောင်​ပိုင်​မင်း အပါအဝင် ၁၄ ဦးကို အ​ရေးယူ​ပေးဖို့ တိုင်​ကြားလာတဲ့အတွက်​ ကျည်​​တောင်​ကန် ​ရဲစခန်းကနေ ​ပ/၅၆-၅၇ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုအကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ)(၁၀)နဲ့ အမှုဖွင့်​အ​ရေးယူထား​ကြောင်းကနဦးသိရပါတယ်။   နစ်နာသူ မန္တလေးတိုင်း အမျိုးသားလွှတ်တော် အမှတ်(၉ ) မဲဆန္ဒနယ်ရဲ့  အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦး​မောင်​​မောင်​​ဆွေက   “နှစ်​မှုဖွင့်​တာ​ပေါ​နော်​ မ​နေ့ကညကဖွင့်​တာ၊ ကျွန်​​တော်​ကမဖွင့်​ချင်​ပါဘူး၊ နောင်​ကိုအလားတူလုပ်​​ဆောင်​ချက်​​တွေဖြစ်​လာမှာစိုးလို့ပါ ၊ တရားခံ​တွေကိုဖ မ်းတယ်​မဖမ်းဘူး​တော့​ လော​လောဆယ်​မသိ​သေးပါ​ဘူး” လို့ပြောပါတယ်။   ရဲတပ်ဖွဲ့ရဲ့ ကနဦး သတင်းပေးပို့ချက်မှာတော့  ၃.၇.၂၀၁၉ ရက်နေ့က ဦးအောင်ပိုင်မင်း (ဘ) စိစစ်ဆဲ၊ ၁၀/ဘလန (နိုင်)၀၇၉၅၃၅ ၊ ဗမာ/ဗုဒ္ဓ၊ နဂါးရုံဘုရားအနီး၊ အောင်သုခကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်နေသူဟာ  Facebook…

Read More

အလုပ်သမားအမှုတွေကို အမြန်လုပ်ဆောင်ပေးဖို့ အလုပ်သမားသမဂ္ဂက ရွှေပြည်သာတရားရုံးရှေ့မှာ ဆန္ဒဖော်ထုတ်

    ရန်ကုန် ဇူလိုင် ၂၆-၂၀၁၉ မိုးယံ (VOM)   သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်ပြီး ရန်ကုန်တိုင်း ရွှေပြည်သာတရားရုံးရှေ့မှာ လူဦးရေ ၅၀ဝန်းကျင်က ရွှေပြည်သာမြို့နယ်တရားသူကြီးဦးသိန်းဆွေဦးကို အလုပ်သမားအမှုတွေ မြန်ဆန်စွာလုပ်ဆောင်ပေးဖို့ မနေ့ ဇူလိုင် ၂၅ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ် ။   ဆန္ဒဖေါ်ထုတ်ပွဲမှာ ပါတဲ့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဒေါ်မျိုးမျိုးအေးက   “ မကြူကြူခိုင်ကို ဥပဒေ မဲ့အလုပ်ထုတ်မှုနဲ့ တရားရုံးမှာ တစ်နှစ်လောက် အမှုဆိုင်ရတယ် လုပ်ငန်းရှင်က လုံးဝမလာဘူး ဒါကြောင့် တစ်ဘက်သတ်အမိန့်ချပေးဖို တောင်းဆိုလို့ တရားသူကြီးက တစ်သိန်းဘဲအမိန့်ချတယ် `မကြူကြူခိုင်ရဲ့လးစာက တစ်လ နှစ်သိန်း ၁၁လဘဲအလုပ်လုပ်လို့ တစ်ဝက်ကြေး ဘဲ အမိန့်ချတယ် နစ်နာကြေး ကြားကာလကြေး မပါဘူး ဥပဒေ အရခရိုင် ဆက်တက်ရမှာဖြစ်ပင်မယ့် နောက်မှာ အလုပ်သမားအမှု နှစ်မှုရှိသေးတယ်…

Read More
VOM News

FREE
VIEW