စစ်ရှောင်ကယ်ဆယ်ရေး အလှူငွေ ကောက်ခံသူတွေကို ခေါ်ယူစစ်ဆေး

စစ်တွေ၊ ဇူလိုင် ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေရဲ့စားဝတ်နေရေးနဲ့ တခြားလိုအပ်ချက်တွေအတွက် ထောက်ပံ့ကူညီပေးနိုင်ဖို့ အလှူငွေကောက်ခံနေသူတွေကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။   အဲ့ဒီအဖွဲ့ဟာ စစ်တွေမြို့အခြေစိုက် လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်တွေမြို့နယ်အပြင် ဒေသတွင်းက လူမှုကူညီရေး လုပ်ငန်းတွေအတွက် တက်တက်ကြွကြွဆောင်ရွက်နေတဲ့ အလင်းတံခါး တက်ကြွ လှုပ်ရှားသူများအဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့က ခေါင်းဆောင်ပိုင်းတွေကို စစ်တွေမြို့အမှတ် ၁ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။   “ကျမတို့အဖွဲ့ကို ရဲစခန်းက ခေါ်စစ်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကနေ ခေါ်ယူစစ်ဆေးနေတာပါ။ ဒီနေ့လည်း စစ်နေပါတယ်၊ သုံးရက်ရှိပါပြီ။”လို့ အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဌ ဒေါ်ကျော့စိန်က ပြောပါတယ်။   အဲ့ဒီအဖွဲ့ဟာ စစ်တွေမြို့မှာ လှည့်လည်ပြီးတော့ အလှူငွေတွေကောက်ခံပြီး ရရှိလာခဲ့တဲ့ အလှူငွေတွေကို ရခိုင်ပြည်နယ်အတွင်း…

Read More

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ကျောက်အရောင်းအဝယ်လုပ်သူတွေက ဦးဆောင်ပြီး ထောက်ခံဆန္ဒပြ

မန္တလေး၊ဇူလိုင် ၂၁-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ ကျောက်အရောင်းအဝယ်ပြုလုပ်သူတွေ ဦးဆောင်ပြီး ဒီနေ့ နေ့လည်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။   ထောက်ခံဆန္ဒပြမှုကို ကျောက်ဝိုင်းရှေ့မှာ စုရပ်လုပ်ကာ လူအင်အား ၁၀၀၀ ကျော်က ၃၈လမ်း၊ ၇၄ လမ်းထောင့်အထိ ချီတက်လမ်းလျှောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီ အစီရင်ခံစာအတည်ပြုရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒ အောင်ရမည် စတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ပါတယ်။   #voiceofmyanmar #မန္တလေး #၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး#ထောက်ခံဆန္ဒပြ#

Read More

မလေးရှားသွားမယ့် တရားမ၀င် မြန်မာလုပ်သား ၅၇ ဦး ထိုင်းနိုင်ငံမှာ အဖမ်းခံရ

ဘန်ကောက်၊ ဇူလိုင်၂၁-၂၀၁၉ မျိုးဆက် (VOM)   မလေးရှားကို တရားမ၀င်သွားရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာလုပ်သား ၅၇ ဦးကို ထိုင်းနိုင်ငံ ဆာဒိုခရိုင်အတွင်းရှိ ရာဘာစိုက်ခင်းအတွင်း ဇူလိုင် ၂၀ ရက်မှာ ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။   အမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီးသုံးဦးတို့ပါဝင်တဲ့ တရားမ၀င်မြန်မာလုပ်သားတွေကို ဗန်မေနမ်ကျေးရွာက ရာဘာစိုက်ခင်းထဲမှာ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။   မြန်မာလုပ်သားတွေကို အုပ်စုနှစ်စုခွဲပြီး ရာဘာစိုက်ခင်းဆီကို ပို့ဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ လူ ၂၀ ပါ ပထမအသုတ်ကို လွန်ခဲ့တဲ့ သုံးရက်အကြာက ပို့ဆောင်ခဲ့တာဖြစ်ပြီး ၃၇ ဦးပါ ဒုတိယအသုတ်ကတော့ ရာဘာစိုက်ခင်းဆီကို သောကြာနေ့ ညက ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။   ဇူလိုင် ၃ ရက်က ဟတ်ယိုင်ခရိုင်အတွင်းမှာ တရားမ၀င် မြန်မာလုပ်သား…

Read More

NLD ပါတီမှာ ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ကြား ပွတ်တိုက်မှုတွေရှိနေ

နေပြည်တော်၊ ဇူလိုင် ၂၁- ၂၀၁၉ ကိုထွန်း (VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ(NLD)မှာ ၂၀၁၅ ခုနှစ် နောက်ပိုင်း ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ရယ်ဆိုပြီး သုံးဖွဲ့ကွဲသွားပြီးနောက် ပွတ်တိုက်မှုတွေ ကြုံလာရတယ်လို့ ဒီနေ့ ဇူလိုင် ၂၁ ရက်က ပျဉ်းမနားမြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုနယ်မြေ NLD တွေ့ဆုံပွဲမှာ ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။   လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတော့ NLD မှာပါတီဝင်ဆိုပြီးတော့ပဲ ရှိရာကနေ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကတစ်ဆင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီးမှာတော့ ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ဆိုပြီး ပါတီက တာဝန်ပေးမှု၊ ပြည်သူထောက်ခံမှုကြောင့် အပိုင်းသုံးပိုင်း ကွဲသွားရာကနေ နောက်ပိုင်းမှာ ပွတ်တိုက်မှုတွေ ရှိလာပါတယ်။   “အပိုင်းသုံးပိုင်းလည်းကွဲရော ကျနော်တို့ထဲမှာ ပွတ်တိုက်မှုတွေ စလာပါတော့တယ်။ ခရောင်းတောကြီးကိုတောင် ဖြတ်ခဲ့ပြီးပါပြီ၊ ဘာမှမဖြစ်ခဲ့ဘူး။ အခုလို…

Read More

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကျောက်ပန်းတောင်းမှာ လူ ၅ထောင်တက်

  ကျောက်ပန်းတောင်း ဇူလိုင်၂၁-၂၀၁၉ ပေါ်ဦး (VOM)   ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၄၅ဦးကော်မတီရဲ့အစီရင်ခံစာထောက်ခံပွဲကိုမန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာဇူလိုင်လ၂၁ရက်နေ့ မနက်ပိုင်းကကျင်းပတာမှာ ဘေးပတ်ဝန်းကျင်မြို့တွေကပါ လာရောက်ပူးပေါင်းတဲ့အတွက် လူအင်အား(၅၀၀၀)ကျော် ရှိခဲ့ပါတယ်။   “ အခုထောက်ခံပွဲဟာ၂၀၀၈အခြေခံဥပဒေကြီးကိုပြင်ဆင်ဖို့အတွက်ကျောက်ပန်းတောင်းမြို့ခံပြည်သူတွေကလည်း၄၅ဦးကော်မတီရဲ့အစီရင်ခံစာပါအချက်များအတိုင်းထပ်တူရှိနေပါတယ်လို့ပြသတဲ့ပွဲလည်းဖြစ်ပါတယ်”  လို့ထောက်ခံပွဲကိုဦးဆောင်သူတစ်ဦးဖြစ်တဲ့ကျောက်ပန်းတောင်းမြို့ကကိုဆန်းလင်းအောင်ကပြောပါတယ်။   အဲဒီထောက်ခံပွဲကိုကျောက်ပန်းတောင်းမြို့ရှိမြို့ရှေ့ပန်းသီတာပန်းခြံကနေစတင်ပြီး  မိတ္ထီလာလမ်းအတိုင်းအဲဒီကတဆင့်လွတ်လပ်ရေးရပ်ကွက်ရှိမြို့နယ်အားကစားကွင်းအထိကြွေးကြော်သံများနဲ့စီတန်းလှည့်လည်ခဲ့ကြပါတယ်။   နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်ဦးဆောင်သူဦးရဲခေါင်က“အခြေခံဥပဒေပြင်ဆင်ရေးအတွက်အဆင်ပြေအောင်မြင်နိုင်မယ်လို့ယုံကြည်ထားတယ်။ ဘာလို့လဲဆိုတော့အခြေခံဥပဒေဆိုတာတိုင်းပြည်အတွင်းမှာရှိတဲ့ပြည်သူတွေရဲ့ငြိမ်းချမ်းရေး၊တရားဥပဒေစိုးမိုးရေးနဲ့စားဝတ်နေရေးတွေကအစဆက်စပ်သက်ဆိုင်နေတာကြောင့်ပြည်သူအားလုံးနဲ့သက်ဆိုင်ပါတယ်“လို့ပြောပါတယ်။   ထောက်ခံသူများဟာ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး(ဒို့အရေး)။အနာဂါတ်နိုင်ငံတော်သာယာလှပရေးဖွဲ့စည်းပုံပြင်ဆင်ပေး။ပြည်သူ့ဆန္ဒအကောင်အထည်ဖော်ဖို့၂၀၀၈အခြေခံဥပဒေကိုပြင်ဆင်ကြစို့။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့  ပြည်သူအားလုံးထောက်ခံစို့စတဲ့စာသားပါဗီနိုင်းများကိုကိုင်ဆောင်ပြီး၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး(တို့အရေး) ကြွေးကြော်သံတွေနဲ့  လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။   #voiceofmyanmar #ကျောက်ပန်းတောင်း  #ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး #မန္တလေး  

Read More

ရေရှိပြီး စိုက်ပျိုးရေမရလို့ လယ်ဧက၂၀၀ ကျော် အခက်အခဲဖြစ်

ကံမ၊ ဇူလိုင်၂၁-၂၀၁၉ ဂျန်ကိုးလ်(VOM)   မကွေးတိုင်း ကံမမြို့နယ် ခြောက်ပင်ကျေးရွာနဲ့ဇွေးမိကျေးရွာတွေမှာ ဆည်ရေမြောင်းအတွင်း ရေရှိပေမယ့် စိုက်ပျိုးခင်းတွေအတွက် ရေမရလို့ လယ်တွေပျက်စီးစ ပြုနေပြီလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။   အဲဒီကျေးရွာတွေအနီးရှိ ကွင်းအမှတ် ၁၃၉(က)၊ ၁၃၉(ခ) ကွင်းတွေမှာ တောင်သူ ၁၃၀ ဦးခန့် ပိုင်ဆိုင်တဲ့ လယ်ဧက ၂၀၀ လောက်ဟာ ရေမြောင်းဘေးမှာ တည်ရှိနေပေမယ့်လည်း အသစ်ဖောက်လုပ်လိုက်တဲ့ စိုက်ခင်းရေပေးတဲ့ မြောင်းက စိုက်ခင်းတွေရဲ့ အတော်အနိမ့်ပိုင်းမှာ ဖောက်လုပ်ထားတာဖြစ်နေတဲ့အတွက် လယ်ကွင်းတွေထဲ ရေမရောက်ဘဲ လယ်တွေပျက်စီးစပြုနေတာလို့ သိရပါတယ်။   “စပါးက ရေမလာတော့ အစေ့ကျဲထားတော့ စားရမစားရ မကြိမ်းသေဘူး။ ဆေးဖြန်းတာမှာလည်း ဒုက္ခတွေ့နေတယ်။ မိုးရွာမှ လာဖြန်းရတော့ တစ်ချို့လယ်ကျတော့ ပေါင်းပင်က မသေဘူး။ အဲတော့နောက်တစ်ခါ ထပ်ဖြန်းနေရတယ်။”လို့ ခြောက်ပင်ကျေးရွာက တောင်သူ ကိုမိုးငြိမ်းက ပြောပါတယ်။  …

Read More

ဒေါ်အောင်ဆန်းစုကြည်ကို ကျောင်းသားသမဂ္ဂများ ဆန္ဒပြ

ရန်​ကုန်​ ၊ ဇူလိုင်​ ၂၀-၂၀၁၉ သူရိန် (VOM)       ရန်ကုန်တက္ကသိုလ်က ​မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူခြင်း အခမ်းအနားကို တက်​​ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဆိုင်းဘုတ်​​တွေကိုင်​​ဆောင်​ပြီး ဆန္ဒပြခဲ့ကြပါတယ်​။   ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်ပြီးပုဒ်မ ၁၉ နဲ့ဖမ်းဆီးထားတဲ့ ကျောင်းသားများကို ချက်ချင်းလွှတ်ပေးရေး၊ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း၊ အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား မောင်ထူးဝေယံကို လွှတ်ပေးရေး၊ ကျောင်းသူများ လိင်အကြမ်းဖက်ခံရမှု​တွေကို ဖြေရှင်းပေးရေး၊ ဖိနှိပ်သော အဆောင်စည်းကမ်းများ ဖျက်သိမ်းရေး စတဲ့ စာတန်း​တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။   “အဓိက က​တော့ မတရားဖမ်းဆီးခံရတဲ့​ ကျောင်းသား​တွေ အတွက် အသံတိတ်​ဆန္ဒပြရတာပါ။ ပထမ​တော့​ ကြွေး​ကြော်​သံ​တွေနဲ့​ တောင်းဆို​ပေမယ့်​ ဝန်​ကြီးချုပ်​နဲ့​ထွေအုပ်​က လာ​ရောက်​ညှိနှိုင်းလို့ အသံတိတ်​…

Read More

အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်၏ အမြင်

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်က မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးမယ့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပေါ်အခုလို သဘောထားပေးခဲ့ပါတယ်။   ဇူလိုင်လ ၁၇ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် စည်းဝေးအပြီး မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

Read More

ပန်းချီဆရာ ၉၀​ကျော်​ရဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ပုံတူ ပန်းချီကား အ​ရောင်းပြပွဲ

ရန်​ကုန်​ ဇူလိုင်​ ၂၀-၂၀၁၉ မိုးယံ(ဇီးကုန်း)   ရန်​ကုန်​တိုင်း အင်းစိန်​မြို့နယ်​ နံသာကုန်း မင်္ဂလာလမ်း အမှတ်​၃၁ မှာ ပန်းချီဆရာ ၉၀​ကျော်​ရဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ပုံတူ ပန်းချီကား အ​ရောင်းပြပွဲ ကျင်းပနေပါတယ်။ ဒီပြပွဲကရောင်းရတဲ့ ပန်းချီကားရောင်းရငွေကို တချို့က အကုန်လှူမှာဖြစ်သလို တချို့က ၆၀ရာနုန်းကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို လှူမယ်လို့ သိရပါတယ်။   ပြပွဲတာဝန်​ခံ ဒေါ် ဇာဏီ​အောင်​က​ `အ​မေစုရဲ့ ၇၄နှစ်​ပြည့်​​မွေ့​နေ့ အမှတ်​တရအ​နေနဲ့ မြန်​မာတစ်​နိုင်​ငံလုံးမှာရှိတဲ့ ပန်းချီဆရာဆရာမ​တွေ အားလုံး​ပေါင်းပြီး ပန်းချီဆရာ ၉၀ဦးရဲ့လက်​ရာ​စုံ ပန်းချီကားမျိုးစုံ ပြသတဲ့ပွဲပါ။ ပန်းချီကား​ရောင်းရတဲ့​ငွေ ၆၀%ကို ​ဒေါ်ခင်​ကြည်​ ​ဖောင်​​ဒေးရှင်းကိုလှူမယ်​ တစ်​ချို့ဆရာများက ပန်းချီ​ကား​ရောင်းရ​ငွေ ၁၀၀%​စလုံး ဒေါ်ခင်​ကြည်​ ​ဖောင်​​ဒေးရှင်း ကိုလှူမယ်​လို့လည်း ​ပြောပြပါတယ် ။   ဒီ​ပြပွဲကို နေ့စဉ် မနက်​၉နာရီ ကနေ  ည​နေ၅နာရီအထိ ​ ၉ရက်​ကျင်းပပြုလုပ်​သွားမယ်​လို့ သိရပါတယ်​။ ပန်းချီ ပြပွဲကုန်​ကျစရိတ်​ကို…

Read More

ဟော်မုဇ်ရေလက်ကြားမှာဗြိတိန်ရေနံတင်သင်္ဘောကိုအီရန်ဖမ်းဆီး

ဟော်မုဇ်ရေလက်ကြားမှာဗြိတိန်ရေနံတင်သင်္ဘောကိုအီရန်ဖမ်းဆီး

တီဟီရန်၊ဇူလိုင်-၂၀-၂၀၁၉ မျိုးဆက်(VOM)   ပင်လယ်ကွေ့ဒေသအတွင်းမှာ  ဗြိတိန်အလံလွှင့်ထူထားတဲ့  ရေနံတင်သင်္ဘောတစ်စင်းကိုအီရန်ကဖမ်းဆီးသိမ်းပိုက်လိုက်တဲ့ကိစ္စဟာလက်ခံနိုင်ဖွယ်မရှိဘဲဒီဖြစ်စဉ်အပေါ်အလေးအနက်စိုးရိမ်ပူပန်တယ်လို့ဗြိတိန်အစိုးရကပြောပါတယ်။   ဒေသတွင်းမှာအဓိကရေလမ်းကြောင်းဖြစ်တဲ့ဟော်မုဇ်ရေလက်ကြားမှာအဖမ်းခံလိုက်ရပြီးသင်္ဘောအမှုထမ်း၂၃ဦးလိုက်ပါသွားတဲ့Stena Impero သင်္ဘောရဲ့ပိုင်ရှင်တွေကတော့သင်္ဘောနဲ့အဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။   ဖမ်းဆီးထားတဲ့သင်္ဘောကိုပြန်လွှတ်မပေးဘဲပြသနာကိုအလျင်အမြန်မဖြေရှင်းဘူးဆိုရင်အလွန်ဆိုးရွားတဲ့  နောက်ဆက်တွဲပြဿနာတွေနဲ့ရင်ဆိုင်ရမယ်လို့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဂျရေမီဟန့်ကအီရန်ကိုသတိပေးပြောဆိုလိုက်ပါတယ်။   အဲဒီရေနံတင်သင်္ဘောဟာအီရန်ရဲ့  ရေယာဉ်လေးစင်းနဲ့ရဟတ်ယာဉ်တစ်စင်းတို့ရဲ့ဝန်းရံခံတာကိုခံခဲ့ရတယ်လို့မစ္စတာဟန့်ကဆိုပါတယ်။ရေနံတင်သင်္ဘောဟာနိုင်ငံတကာရေကြောင်းဥပဒေတွေကိုချိုးဖောက်ခဲ့တယ်လို့အီရန်ဘက်ကပြောပါတယ်။   ဒါ့အပြင်ဗြိတိန်ပိုင်လိုင်ဘေးရီးယားအလံလွှင့်ထူထားတဲ့နောက်ထပ်သင်္ဘောတစ်စင်းပေါ်ကိုလည်းအီရန်လက်နက်ကိုင်အစောင့်များတက်လာခဲ့ပေမယ့်လက်ရှိမှာတော့အဲဒီသင်္ဘောကိုဆက်လက်ခုတ်မောင်းဖို့လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။အဲဒီသင်္ဘောနဲ့အဆက်အသွယ်ပြန်လည်ရရှိပြီးသင်္ဘောအမှုထမ်းတွေဘေးကင်းလုံခြုံတယ်လို့ဂလက်စဂိုအခြေစိုက်Norbulk ဗြိတိန်သင်္ဘောကုမ္ပဏီကပြောပါတယ်။   Ref: BBC Photo : Erwin Willemse   #voiceofmyanamr #အီရန် # ဗြိတိန် #တီဟီရန် #ရေလက်ကြား #ေရနံတင္သေဘာၤ

Read More
VOM News

FREE
VIEW