ရန်ကုန် ဇူလိုင် ၂၀-၂၀၁၉
မိုးယံ(ဇီးကုန်း)
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် နံသာကုန်း မင်္ဂလာလမ်း အမှတ်၃၁ မှာ ပန်းချီဆရာ ၉၀ကျော်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကား အရောင်းပြပွဲ ကျင်းပနေပါတယ်။ ဒီပြပွဲကရောင်းရတဲ့ ပန်းချီကားရောင်းရငွေကို တချို့က အကုန်လှူမှာဖြစ်သလို တချို့က ၆၀ရာနုန်းကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို လှူမယ်လို့ သိရပါတယ်။
ပြပွဲတာဝန်ခံ ဒေါ် ဇာဏီအောင်က
`အမေစုရဲ့ ၇၄နှစ်ပြည့်မွေ့နေ့ အမှတ်တရအနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပန်းချီဆရာဆရာမတွေ အားလုံးပေါင်းပြီး ပန်းချီဆရာ ၉၀ဦးရဲ့လက်ရာစုံ ပန်းချီကားမျိုးစုံ ပြသတဲ့ပွဲပါ။ ပန်းချီကားရောင်းရတဲ့ငွေ ၆၀%ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကိုလှူမယ် တစ်ချို့ဆရာများက ပန်းချီကားရောင်းရငွေ ၁၀၀%စလုံး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကိုလှူမယ်လို့လည်း ပြောပြပါတယ် ။
ဒီပြပွဲကို နေ့စဉ် မနက်၉နာရီ ကနေ ညနေ၅နာရီအထိ ၉ရက်ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပန်းချီ ပြပွဲကုန်ကျစရိတ်ကို အသုံးမပြုဘဲ ပန်းချီကားရောင်းလို့ ရလာတဲ့ အလှူငွေအားလုံးကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ရာနှုန်းပြည့် လှူမယ့်ပွဲဖြစ်တယ်လို့လည်း ပြပွဲတာဝန်ခံကပြောဆိုပါတယ်။
ဒီပွဲမှာ ဂုဏ်ပြုခံပန်းချီဆရာကြီး ဒေါက်တာ ဦးလွန်းတင်၊ ဆရာကြီး ဦးမောင်မောင်သိန်း၊ ဆရာဦးကျော်ညွန့် နဲ့ ဆရာလှကြည် စတဲ့ပန်းချီဆရာတွေအပြင် ဝါသနာရှင်ပန်းချီဆရာဆရာမတွေရဲ့ လက်ရာတွေ ပါဝင်ပြသထားပါတယ်။
ဒီနေ့ ပြပွဲကို လူဦးရေ ၃၀၀ ဝန်းကျင်လောက် လာရောက်ခဲ့ ပြီး ၇ကားရောင်းရငွေ အလှုငွေ သိန်း ၂၀ကျပ် ရရှိသလို လာရောက်တဲ့ ပရိတ်သတ် တွေကို ပန်းချီကား၂၅ကား ကံစမ်းမဲ ဖောက်ပေးပြီး ဖြစ်တယ်လို့လည်း ပြပွဲကသိရပါတယ်။
ပြပွဲကို ဇူလိုင် ၂၀ရက်နေ့ ကနေ ဇူလိုင် ၂၇ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး မနက်ဖြန်မှာတော့ မော်ဒယ်တွေကို ပန်းချီလက်တွေ့ ရေးဆွဲမှာဖြစ်တယ်လို့လည်း သိရပါတယ်။
#voiceofmyanmar #ပန်းချီပြပွဲ #ဒေါ်အောင်ဆန်းစုကြည်ပုံတူ #ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း