ဒေါ်အောင်ဆန်းစုကြည်ကို ကျောင်းသားသမဂ္ဂများ ဆန္ဒပြ

ရန်​ကုန်​ ၊ ဇူလိုင်​ ၂၀-၂၀၁၉ သူရိန် (VOM)       ရန်ကုန်တက္ကသိုလ်က ​မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူခြင်း အခမ်းအနားကို တက်​​ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဆိုင်းဘုတ်​​တွေကိုင်​​ဆောင်​ပြီး ဆန္ဒပြခဲ့ကြပါတယ်​။   ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်ပြီးပုဒ်မ ၁၉ နဲ့ဖမ်းဆီးထားတဲ့ ကျောင်းသားများကို ချက်ချင်းလွှတ်ပေးရေး၊ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း၊ အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား မောင်ထူးဝေယံကို လွှတ်ပေးရေး၊ ကျောင်းသူများ လိင်အကြမ်းဖက်ခံရမှု​တွေကို ဖြေရှင်းပေးရေး၊ ဖိနှိပ်သော အဆောင်စည်းကမ်းများ ဖျက်သိမ်းရေး စတဲ့ စာတန်း​တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။   “အဓိက က​တော့ မတရားဖမ်းဆီးခံရတဲ့​ ကျောင်းသား​တွေ အတွက် အသံတိတ်​ဆန္ဒပြရတာပါ။ ပထမ​တော့​ ကြွေး​ကြော်​သံ​တွေနဲ့​ တောင်းဆို​ပေမယ့်​ ဝန်​ကြီးချုပ်​နဲ့​ထွေအုပ်​က လာ​ရောက်​ညှိနှိုင်းလို့ အသံတိတ်​…

Read More

အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်၏ အမြင်

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်က မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးမယ့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပေါ်အခုလို သဘောထားပေးခဲ့ပါတယ်။   ဇူလိုင်လ ၁၇ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် စည်းဝေးအပြီး မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

Read More

ပန်းချီဆရာ ၉၀​ကျော်​ရဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ပုံတူ ပန်းချီကား အ​ရောင်းပြပွဲ

ရန်​ကုန်​ ဇူလိုင်​ ၂၀-၂၀၁၉ မိုးယံ(ဇီးကုန်း)   ရန်​ကုန်​တိုင်း အင်းစိန်​မြို့နယ်​ နံသာကုန်း မင်္ဂလာလမ်း အမှတ်​၃၁ မှာ ပန်းချီဆရာ ၉၀​ကျော်​ရဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ပုံတူ ပန်းချီကား အ​ရောင်းပြပွဲ ကျင်းပနေပါတယ်။ ဒီပြပွဲကရောင်းရတဲ့ ပန်းချီကားရောင်းရငွေကို တချို့က အကုန်လှူမှာဖြစ်သလို တချို့က ၆၀ရာနုန်းကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို လှူမယ်လို့ သိရပါတယ်။   ပြပွဲတာဝန်​ခံ ဒေါ် ဇာဏီ​အောင်​က​ `အ​မေစုရဲ့ ၇၄နှစ်​ပြည့်​​မွေ့​နေ့ အမှတ်​တရအ​နေနဲ့ မြန်​မာတစ်​နိုင်​ငံလုံးမှာရှိတဲ့ ပန်းချီဆရာဆရာမ​တွေ အားလုံး​ပေါင်းပြီး ပန်းချီဆရာ ၉၀ဦးရဲ့လက်​ရာ​စုံ ပန်းချီကားမျိုးစုံ ပြသတဲ့ပွဲပါ။ ပန်းချီကား​ရောင်းရတဲ့​ငွေ ၆၀%ကို ​ဒေါ်ခင်​ကြည်​ ​ဖောင်​​ဒေးရှင်းကိုလှူမယ်​ တစ်​ချို့ဆရာများက ပန်းချီ​ကား​ရောင်းရ​ငွေ ၁၀၀%​စလုံး ဒေါ်ခင်​ကြည်​ ​ဖောင်​​ဒေးရှင်း ကိုလှူမယ်​လို့လည်း ​ပြောပြပါတယ် ။   ဒီ​ပြပွဲကို နေ့စဉ် မနက်​၉နာရီ ကနေ  ည​နေ၅နာရီအထိ ​ ၉ရက်​ကျင်းပပြုလုပ်​သွားမယ်​လို့ သိရပါတယ်​။ ပန်းချီ ပြပွဲကုန်​ကျစရိတ်​ကို…

Read More

ဟော်မုဇ်ရေလက်ကြားမှာဗြိတိန်ရေနံတင်သင်္ဘောကိုအီရန်ဖမ်းဆီး

ဟော်မုဇ်ရေလက်ကြားမှာဗြိတိန်ရေနံတင်သင်္ဘောကိုအီရန်ဖမ်းဆီး

တီဟီရန်၊ဇူလိုင်-၂၀-၂၀၁၉ မျိုးဆက်(VOM)   ပင်လယ်ကွေ့ဒေသအတွင်းမှာ  ဗြိတိန်အလံလွှင့်ထူထားတဲ့  ရေနံတင်သင်္ဘောတစ်စင်းကိုအီရန်ကဖမ်းဆီးသိမ်းပိုက်လိုက်တဲ့ကိစ္စဟာလက်ခံနိုင်ဖွယ်မရှိဘဲဒီဖြစ်စဉ်အပေါ်အလေးအနက်စိုးရိမ်ပူပန်တယ်လို့ဗြိတိန်အစိုးရကပြောပါတယ်။   ဒေသတွင်းမှာအဓိကရေလမ်းကြောင်းဖြစ်တဲ့ဟော်မုဇ်ရေလက်ကြားမှာအဖမ်းခံလိုက်ရပြီးသင်္ဘောအမှုထမ်း၂၃ဦးလိုက်ပါသွားတဲ့Stena Impero သင်္ဘောရဲ့ပိုင်ရှင်တွေကတော့သင်္ဘောနဲ့အဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။   ဖမ်းဆီးထားတဲ့သင်္ဘောကိုပြန်လွှတ်မပေးဘဲပြသနာကိုအလျင်အမြန်မဖြေရှင်းဘူးဆိုရင်အလွန်ဆိုးရွားတဲ့  နောက်ဆက်တွဲပြဿနာတွေနဲ့ရင်ဆိုင်ရမယ်လို့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဂျရေမီဟန့်ကအီရန်ကိုသတိပေးပြောဆိုလိုက်ပါတယ်။   အဲဒီရေနံတင်သင်္ဘောဟာအီရန်ရဲ့  ရေယာဉ်လေးစင်းနဲ့ရဟတ်ယာဉ်တစ်စင်းတို့ရဲ့ဝန်းရံခံတာကိုခံခဲ့ရတယ်လို့မစ္စတာဟန့်ကဆိုပါတယ်။ရေနံတင်သင်္ဘောဟာနိုင်ငံတကာရေကြောင်းဥပဒေတွေကိုချိုးဖောက်ခဲ့တယ်လို့အီရန်ဘက်ကပြောပါတယ်။   ဒါ့အပြင်ဗြိတိန်ပိုင်လိုင်ဘေးရီးယားအလံလွှင့်ထူထားတဲ့နောက်ထပ်သင်္ဘောတစ်စင်းပေါ်ကိုလည်းအီရန်လက်နက်ကိုင်အစောင့်များတက်လာခဲ့ပေမယ့်လက်ရှိမှာတော့အဲဒီသင်္ဘောကိုဆက်လက်ခုတ်မောင်းဖို့လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။အဲဒီသင်္ဘောနဲ့အဆက်အသွယ်ပြန်လည်ရရှိပြီးသင်္ဘောအမှုထမ်းတွေဘေးကင်းလုံခြုံတယ်လို့ဂလက်စဂိုအခြေစိုက်Norbulk ဗြိတိန်သင်္ဘောကုမ္ပဏီကပြောပါတယ်။   Ref: BBC Photo : Erwin Willemse   #voiceofmyanamr #အီရန် # ဗြိတိန် #တီဟီရန် #ရေလက်ကြား #ေရနံတင္သေဘာၤ

Read More
VOM News

FREE
VIEW