ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကျောက်ပန်းတောင်းမှာ လူ ၅ထောင်တက်

 

ကျောက်ပန်းတောင်း ဇူလိုင်၂၁-၂၀၁၉

ပေါ်ဦး (VOM)

 

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၄၅ဦးကော်မတီရဲ့အစီရင်ခံစာထောက်ခံပွဲကိုမန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာဇူလိုင်လ၂၁ရက်နေ့ မနက်ပိုင်းကကျင်းပတာမှာ ဘေးပတ်ဝန်းကျင်မြို့တွေကပါ လာရောက်ပူးပေါင်းတဲ့အတွက် လူအင်အား(၅၀၀၀)ကျော် ရှိခဲ့ပါတယ်။

 

“ အခုထောက်ခံပွဲဟာ၂၀၀၈အခြေခံဥပဒေကြီးကိုပြင်ဆင်ဖို့အတွက်ကျောက်ပန်းတောင်းမြို့ခံပြည်သူတွေကလည်း၄၅ဦးကော်မတီရဲ့အစီရင်ခံစာပါအချက်များအတိုင်းထပ်တူရှိနေပါတယ်လို့ပြသတဲ့ပွဲလည်းဖြစ်ပါတယ်”  လို့ထောက်ခံပွဲကိုဦးဆောင်သူတစ်ဦးဖြစ်တဲ့ကျောက်ပန်းတောင်းမြို့ကကိုဆန်းလင်းအောင်ကပြောပါတယ်။

 

အဲဒီထောက်ခံပွဲကိုကျောက်ပန်းတောင်းမြို့ရှိမြို့ရှေ့ပန်းသီတာပန်းခြံကနေစတင်ပြီး  မိတ္ထီလာလမ်းအတိုင်းအဲဒီကတဆင့်လွတ်လပ်ရေးရပ်ကွက်ရှိမြို့နယ်အားကစားကွင်းအထိကြွေးကြော်သံများနဲ့စီတန်းလှည့်လည်ခဲ့ကြပါတယ်။

 

နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်ဦးဆောင်သူဦးရဲခေါင်က“အခြေခံဥပဒေပြင်ဆင်ရေးအတွက်အဆင်ပြေအောင်မြင်နိုင်မယ်လို့ယုံကြည်ထားတယ်။ ဘာလို့လဲဆိုတော့အခြေခံဥပဒေဆိုတာတိုင်းပြည်အတွင်းမှာရှိတဲ့ပြည်သူတွေရဲ့ငြိမ်းချမ်းရေး၊တရားဥပဒေစိုးမိုးရေးနဲ့စားဝတ်နေရေးတွေကအစဆက်စပ်သက်ဆိုင်နေတာကြောင့်ပြည်သူအားလုံးနဲ့သက်ဆိုင်ပါတယ်“လို့ပြောပါတယ်။

 

ထောက်ခံသူများဟာ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး(ဒို့အရေး)။အနာဂါတ်နိုင်ငံတော်သာယာလှပရေးဖွဲ့စည်းပုံပြင်ဆင်ပေး။ပြည်သူ့ဆန္ဒအကောင်အထည်ဖော်ဖို့၂၀၀၈အခြေခံဥပဒေကိုပြင်ဆင်ကြစို့။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့  ပြည်သူအားလုံးထောက်ခံစို့စတဲ့စာသားပါဗီနိုင်းများကိုကိုင်ဆောင်ပြီး၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး(တို့အရေး) ကြွေးကြော်သံတွေနဲ့  လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

 

#voiceofmyanmar #ကျောက်ပန်းတောင်း  #ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး #မန္တလေး

 

Related posts

Leave a Comment

VOM News

FREE
VIEW