စစ်ကိုင်းမြို့က “ရုပ်စုံကျောင်း” စည်းကမ်းမဲ့ ဘုရားဖူးတွေကြောင့် ပျက်စီးနိုင်

စစ်ကိုင်း၊ သြဂုတ် ၁၄ – ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

နှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့  စစ်ကိုင်းတောင်အဆင်းလမ်းက အရိယ၀ံသချောင် “ရုပ်စံကျောင်း”ဟာ အခုချိန်မှာတော့ စည်းကမ်းမဲ့ ဘုရားဖူးတွေကြောင့် ပျက်စီးမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

 

ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ် ဇာတ်ရုပ်တွေကို စုံလင်စွာ ထည့်သွင်း တည်ဆောက်ထားတာကြောင့် အဲဒီ ကျောင်းကို  “ရုပ်စုံကျောင်း”  လို့ခေါ်တွင်ခဲ့ကြတာလို့ မှတ်သားရပါတယ်။

 

ရုပ်စုံကျောင်းကို အင်းဝခေတ် ရေငုံဆရာတော်ကြီးထံမှာ စာပေသင်ကြားနေတဲ့ “ရှင်အရိယာဝံသ” ကိုယ်တော်ရဲ့ စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုတဲ့အနေနဲ့ အင်းဝဘုရင် “ဒုတိယမင်းခေါင်” ကနေ ကျောင်းဆောက်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။

 

အခု နောက်ပိုင်းမှာ “ရုပ်စုံကျောင်း”ကို ပြည်တွင်းဘုရားဖူးတွေသာမက ပြည်ပခရီးသွားတွေပါ လာရောက်လေ့လာကြပြီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကူးကြလေ့ရှိပါတယ်။

 

#voiceofmyanmar #စစ်ကိုင်း #ရုပ်စုံကျောင်း

Related posts

Leave a Comment

VOM News

FREE
VIEW