စစ်ကိုင်းမြို့က “ရုပ်စုံကျောင်း” စည်းကမ်းမဲ့ ဘုရားဖူးတွေကြောင့် ပျက်စီးနိုင်

စစ်ကိုင်း၊ သြဂုတ် ၁၄ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM)   နှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့  စစ်ကိုင်းတောင်အဆင်းလမ်းက အရိယ၀ံသချောင် “ရုပ်စံကျောင်း”ဟာ အခုချိန်မှာတော့ စည်းကမ်းမဲ့ ဘုရားဖူးတွေကြောင့် ပျက်စီးမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။   ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ် ဇာတ်ရုပ်တွေကို စုံလင်စွာ ထည့်သွင်း တည်ဆောက်ထားတာကြောင့် အဲဒီ ကျောင်းကို  “ရုပ်စုံကျောင်း”  လို့ခေါ်တွင်ခဲ့ကြတာလို့ မှတ်သားရပါတယ်။   ရုပ်စုံကျောင်းကို အင်းဝခေတ် ရေငုံဆရာတော်ကြီးထံမှာ စာပေသင်ကြားနေတဲ့ “ရှင်အရိယာဝံသ” ကိုယ်တော်ရဲ့ စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုတဲ့အနေနဲ့ အင်းဝဘုရင် “ဒုတိယမင်းခေါင်” ကနေ ကျောင်းဆောက်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။   အခု နောက်ပိုင်းမှာ “ရုပ်စုံကျောင်း”ကို ပြည်တွင်းဘုရားဖူးတွေသာမက ပြည်ပခရီးသွားတွေပါ လာရောက်လေ့လာကြပြီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကူးကြလေ့ရှိပါတယ်။   #voiceofmyanmar…

Read More

၂၀၁၄ သန်းခေါင်စာရင်း ကောက်ခဲ့ပေမယ့် တိုင်းရင်းသားတွေရဲ့ မျိုးနွယ်စုအလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးတာမရှိလို့ လွှတ်တော်မှာ မေးမြန်း

နေပြည်တော်၊ သြဂုတ် ၁၄ – ၂၀၁၉ ကိုထွန်း(VOM)   တိုင်းရင်းသားရေးရာနဲ့  ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ဒီနေ့ သြဂုတ် ၁၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ မျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးဖို့ အစီအစဉ်ရှိမရှိ ဆိုတဲ့မေးခွန်းကို ကြယ်ပွင့်ပြ မေးမြန်းခဲ့ပါတယ်။   ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီး ဖြစ်ပေမယ့် ဒီနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ မျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးခြင်း မရှိတဲ့အတွက် ထုတ်ပြန်ပေးဖို့ အစီအစဉ် ရှိမရှိ၊ ရှိပါက ဘယ်အချိန်အခါမှာ ထုတ်ပြန်မယ်၊ မထုတ်ပြန်နိုင်ပါက ဘာကြောင့်မထုတ်ပြန်နိုင်သေးကြောင်းကို သိရှိလိုတဲ့အတွက် မေးမြန်းခဲ့တာလို့ သိရပါတယ်။   ဦးလှထွန်းကျော်ရဲ့မေးမြန်းမှုနဲ့…

Read More

ဆန္ဒပြမှုတွေကြောင့် ပိတ်ထားတဲ့ဟောင်ကောင်လေဆိပ် ပြန်ဖွင့်

ဟောင်ကောင်၊ သြဂုတ်-၁၄-၂၀၁၉ မျိုးဆက် (VOM)   ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ တစ်ညတာဖြစ်ပွားပြီးနောက် ဟောင်ကောင်နိုင်ငံတကာ လေဆိပ်ရဲ့ လေယာဉ်ပျံသန်းမှုတွေကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။   ဆန္ဒပြသူတွေဟာ လေဆိပ်ရဲ့ ၀င်ထွက်ဂိတ်တွေကို ပိတ်ဆို့ဆန္ဒပြမှုတွေကြောင့် သြဂုတ် ၁၃ ရက်မှာ ရာပေါင်းများစွာသော လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။   အဲဒီနေ့မနက်အစောပိုင်းမှာတော့ လေယာဉ်ခရီးစဉ်အချို့နှောင့်နှေးတာတွေ၊ ပယ်ဖျက်တာမျိုးတွေ ရှိနေပေမယ့်လည်း ခရီးစဉ်တွေကို စီစဉ်ထားတဲ့အတိုင်း ပြေးဆွဲပျံသန်းဖို့ လုပ်ဆောင်ခဲ့ကြပေမယ့် ဆန္ဒပြသူတွေကြောင့် လေဆိပ်ပိတ်ထားလိုက်ရပါတယ်။   လေဆိပ်မှာ ရက်အတန်ကြာ ဒီလိုမျိုးဖြစ်ရပ်တွေ ဖြစ်ပွားပြီးနောက် အချို့နေရာတွေမှာ ဆန္ဒပြသူတွေ ၀င်ရောက်တာကို တားမြစ်တဲ့ တရားရုံးယာယီအမိန့်တစ်ခုကို ရယူခဲ့တယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။   လေဆိပ်အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ နေရာကလွဲပြီး လေဆိပ်ရဲ့တစ်ခြားနေရာတစ်ခုခုမှာ ဆန္ဒပြတာတွေ လုပ်ဆောင်တာကနေ တားမြစ်တယ်လို့ လေဆိပ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။…

Read More

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမင်းသန့်ကို အဆိုပြု

စစ်တွေ၊ သြဂုတ် ၁၄-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နေရာမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းက ဗိုလ်မှူးကြီး မင်းသန့်ကို အစားထားခန့်အပ်ပေးသွားဖို့ ရှိနေပါတယ်။   နယ်လုံဝန်ကြီးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးကြီးဖုန်းတင့်ကို တခြားတာဝန်ပေးအပ်သွားမှာ ဖြစ်တဲ့အတွက် အခုလိုအစားထိုးရတာဖြစ်ပြီး ဒီကနေ့ သြဂုတ် ၁၄ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂/၂၀၁၉ အရေးပေါ်အစည်းအဝေးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။   “ကျနော်တပ်မတော်မှာ တာဝန်ထမ်းဆောင်တာ နှစ် ၃၀ ရှိသွားပါပြီ။ ဒီတာဝန်တွေက ကျနော်တို့ ငယ်ငယ်ကတည်းက ထမ်းဆောင်လာတာ ဖြစ်ပါတယ်။ ကျနော်တို့ လုပ်တဲ့ကိုင်တဲ့အတွေ့အကြုံတွေ၊ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် အုပ်ချုပ်မှုကိစ္စတွေ၊ စစ်ရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေ အများကြီးရှိပါတယ်။ ဒီတာဝန်ကိုလည်း လုံလုံခြုံခြုံ၊ ပြေပြေလည်လည်ဆောင်ရွက်နိုင်မယ်လို့ မျှောင်လင့်ပါတယ်။”လို့ အသစ်ခန့်အပ် တာဝန်ပေးအပ်ခြင်းခံရမယ့် ဗိုလ်မှူးကြီးမင်းသန့်က ပြောကြားခဲ့ပါတယ်။…

Read More

လူကုန်ကူးခံရတဲ့ မြန်မာလုပ်သား ၇၀၀ ကျော် ထိုင်းအစိုးရက မြန်မာနိုင်ငံကို ပြန်လွှဲပေးမယ်

ရန်ကုန်၊ သြဂုတ် -၁၄-၂၀၁၉ မျိုးဆက် (VOM)   ထိုင်းနိုင်ငံရှိ ပြန်လည်ထူထောင်ရေးစခန်းတွေမှာ နေထိုင်နေကြတဲ့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပေးသွားမယ်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက သြဂုတ် ၁၃ ရက်နှောင်းပိုင်းမှာ ပြောပါတယ်။   လူကုန်ကူးခံရသူတွေ နေရပ်ပြန်ပို့ရေးအတွက် မြန်မာနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ၂၃ ကြိမ်မြောက် အစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။   လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ဒီနှစ်ကုန်မှာ နှစ်သုတ် ဒါမှမဟုတ် သုံးသုတ်ခွဲပြီး မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးသွားမယ်လို့ ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ညွှန်ကြားရေးမှူး ဆူနီးက ပြောပါတယ်။   ထိုင်းနိုင်ငံထဲကို လူကုန်ကူးခံရသူတွေဟာ အတင်းအဓမ္မ အလုပ်စေခိုင်းတာတွေ၊ တောင်းရမ်းခိုင်းတာတွေနဲ့  အမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် အတင်းအကျပ်လုပ်ကိုင်စေတာ စတဲ့ပုံစံသုံးမျိုးနဲ့ အခိုင်းခံနေရပြီး ပြီးခဲ့တဲ့ ၂…

Read More

မန္တလေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်တစ်ဦး ဓားခုတ်ခံရ

မန္တလေး၊ ဩဂုတ် ၁၄ -၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ထဲက လက်ဖက်ရည်ဆိုင်တစ်ခုမှာ  NLD ပါတီ ခရိုင်အလုပ်အမှုဆောင်တစ်ဦး ဓားခုတ်ခံခဲ့ရပါတယ်။   မနေ့ ဩဂုတ်လ ၁၃ ရက် ညပိုင်းက ၈၉ လမ်း ၁၇၊၁၈ လမ်းကြားက လက်ဖက်ရည်ဆိုင်မှာ NLD ပါတီ ခရိုင်အလုပ်အမှုဆောင် ဦးမျိုးလွင်နဲ့ ပါတီဝင်၂ ဦး စကားပြောနေတဲ့အချိန် လူငယ်ငါးဦး ဝင်ရောက်လာပြီး ဦးမျိုးလွင်ကို ဓားနဲ့ခုတ်ခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။   ” ဆိုင်ကယ်နှစ်စီးနဲ့ လူငယ် ၅ ယောက်လောက် ရောက်လာပြီး ‘ချဟ၊ ချဟ ခုတ်ဟ ခုတ်ဟ’ ဆိုပြီး ဝင်လုပ်တဲ့အချိန် ဓားပါတဲ့ တစ်ယောက်က ဦးမျိုးလွင်ကို ခုတ်လိုက်ပြီး ဆိုင်ကယ်ပေါ်အားလုံးတက်ပြီး မောင်းပြေးသွားတာပါ။” လို့ မျက်မြင်တွေ့ရှိသူ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်…

Read More
VOM News

FREE
VIEW