ဆန္ဒပြမှုတွေကြောင့် ပိတ်ထားတဲ့ဟောင်ကောင်လေဆိပ် ပြန်ဖွင့်

ဟောင်ကောင်၊ သြဂုတ်-၁၄-၂၀၁၉

မျိုးဆက် (VOM)

 

ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ တစ်ညတာဖြစ်ပွားပြီးနောက် ဟောင်ကောင်နိုင်ငံတကာ လေဆိပ်ရဲ့ လေယာဉ်ပျံသန်းမှုတွေကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။

 

ဆန္ဒပြသူတွေဟာ လေဆိပ်ရဲ့ ၀င်ထွက်ဂိတ်တွေကို ပိတ်ဆို့ဆန္ဒပြမှုတွေကြောင့် သြဂုတ် ၁၃ ရက်မှာ ရာပေါင်းများစွာသော လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

 

အဲဒီနေ့မနက်အစောပိုင်းမှာတော့ လေယာဉ်ခရီးစဉ်အချို့နှောင့်နှေးတာတွေ၊ ပယ်ဖျက်တာမျိုးတွေ ရှိနေပေမယ့်လည်း ခရီးစဉ်တွေကို စီစဉ်ထားတဲ့အတိုင်း ပြေးဆွဲပျံသန်းဖို့ လုပ်ဆောင်ခဲ့ကြပေမယ့် ဆန္ဒပြသူတွေကြောင့် လေဆိပ်ပိတ်ထားလိုက်ရပါတယ်။

 

လေဆိပ်မှာ ရက်အတန်ကြာ ဒီလိုမျိုးဖြစ်ရပ်တွေ ဖြစ်ပွားပြီးနောက် အချို့နေရာတွေမှာ ဆန္ဒပြသူတွေ ၀င်ရောက်တာကို တားမြစ်တဲ့ တရားရုံးယာယီအမိန့်တစ်ခုကို ရယူခဲ့တယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။

 

လေဆိပ်အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ နေရာကလွဲပြီး လေဆိပ်ရဲ့တစ်ခြားနေရာတစ်ခုခုမှာ ဆန္ဒပြတာတွေ လုပ်ဆောင်တာကနေ တားမြစ်တယ်လို့ လေဆိပ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ ခုချိန်မှာဆိုရင် သီတင်းပတ် ဆယ်ပတ်အထိ ကြာမြင့်လာပြီ ဖြစ်ပါတယ်။

 

Ref : BBC

Photo : Getty Images

#voiceofmyanmar #ဟောင်ကောင် #လေဆိပ်ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW