ဝါရှင်တန်၊ သြဂုတ်-၂-၂၀၁၉ မျိုးဆက် (VOM) ရုရှားနိုင်ငံနဲ့ စစ်အေးခေတ်က ချုပ်ဆိုထားတဲ့ နျူကလီးယားသဘောတူစာချုပ်ကနေ တရားဝင်နုတ်ထွက်ဖို့ အမေရိကန်နိုင်ငံက စီစဉ်နေပြီး လက်နက်ပြိုင်ပွဲအသစ်ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အဲဒီစာချုပ်ဟာ တာလတ်ပစ်နျူကလီးယားသဘောတူစာချုပ်ဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ အမေရိကန်သမ္မတ ရောဘတ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် မိုက်ဟေးဂေါ်ဘာချော့တို့ လက်မှတ်ရေးထိုးခဲ့ကာ အကွာအဝေး ၃၁၀ မိုင်ကနေ ၃၄၀၀ မိုင်အကြားပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေကို ပိတ်ပင်တားမြစ်ထားပါတယ်။ ဒါပေမဲ့ ရုရှားဟာ ခရုဇ်ဒုံးပျံအမျိုးအစားသစ်တစ်ခုကို ထုတ်လုပ်လိုက်ခြင်းအားဖြင့် အဲဒီစာချုပ်ကို ချိုးဖောက်နေတယ်လို့ အမေရိကန်နဲ့ နေတိုးအဖွဲ့က အခုနှစ်အစောပိုင်းမှာ စွပ်စွဲထားပြီး ရုရှားဘက်က စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အက်စ်အက်စ်စီ-၈ ဆိုပြီးနေတိုးအဖွဲ့က သတ်မှတ်ထားတဲ့ ၉ အမ် ၇၂၉ အမျိုးအစား ဒုံးပျံတွေကို ရုရှားကဖြန့်ကြက်ချထားတဲ့ အထောက်အထားတွေရှိတယ်လို့ အမေရိကန်က ပြောဆိုပါတယ်။ နေတိုးမဟာမိတ်တွေအားလုံးက…
Read MoreMonth: August 2019
မန္တလေးမှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတနဲ့ ဌာနဆိုင်ရာများ တွေ့ဆုံပွဲမှာ တိုင်ကြားစာ ခုနစ်စောင် လက်ခံရရှိ
မန္တလေး၊ သြဂုတ် ၂ -၂၀၁၉ ရဲရင့်မင်းခန့် (VOM) မန္တလေးမြို့မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဌာနဆိုင်ရာများတွေ့ဆုံပွဲမှာ တိုင်ကြားစာခုနစ်စောင် လက်ခံရရှိထားတယ်လို့ အဲဒီပွဲက သိရပါတယ်။ ဒီနေ့ သြဂုတ် ၂ ရက် မနက် ၁၀ နာရီလောက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းပေါ်ရှိ MCC (CONVENTION CENTRE)မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာတို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီပွဲမှာ ဒေသခံပြည်သူများ တင်ပြတိုင်ကြားနိုင်ဖို့ တိုင်ကြားစာဌာနကို ဖွင့်လှစ်ခဲ့ပါတယ်။ “ကျနော်တို့အနေနဲ့တိုင်ကြားစာဌာနကို မနက် ၇ နာရီ အချိန်ကတည်းကနေ ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိမှာတော့ တိုင်ကြားစာခုနစ်ခု ရရှိထားပါတယ်။” လို့ တိုင်ကြားစာလက်ခံဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အဲဒီတိုင်ကြားစာတွေမှာ မန္တလေးတိုင်းအတွင်းက တိုင်ကြားမှု အများဆုံးဖြစ်ပြီး …
Read Moreကျောက်တော်မြို့နယ်မှာ တပ်မတော်ပစ်ခတ်လို့ ကိုယ်ဝန်သည်တစ်ဦး ကျည်ထိမှန်
ကျောက်တော်၊ သြဂုတ် ၂ -၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားကုန်းတော်အနောက်ဘက်မုခ်အနီးမှာ တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြတာကြောင့် နေအိမ်မှာ ထမင်းစားနေတဲ့ ကိုယ်ဝန်သည်အမျိုးသမီး ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင်လ ၃၁ ရက် ညနေပိုင်းကဖြစ်ပွားခဲ့တဲ့ အဲ့ဒီပစ်ခတ်မှုကြောင့် ဘုရားကုန်းတော်ရဲ့အနောက်ဘက် ကပ်လျက်မှာရှိတဲ့ မဟာမုနိကျေးရွာက ကိုယ်ဝန်အရင့်အမာနဲ့ မအေးအေးမြင့် (၂၄ နှစ်)ရဲ့ ညာဘက်လက်မောင်းကို ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ “လက်နက်ကြီးကျည်တစ်လုံးပစ်သံကြားလိုက်တယ်။ ပြီးတော့ လက်နက်ငယ်တွေအသံအများကြီး ကြားခဲ့ရတယ်။ ရွာသားတွေလည်း အကုန်လုံးပုန်းနေတာပေါ့။ ပြီးတော့ ရပ်သွားတယ်။ မဖြစ်တော့ဘူးထင်ပြီးတော့ တစ်နာရီလောက်အကြာမှာ ကျနော်တို့မိသားစု ထမင်းစားဖို့ပြင်တယ်။ ထမင်းဝိုင်းထဲထိုင်နေတုန်းမှာပဲ ပြန်ပစ်တယ်။ ရွာဘက်ကိုပစ်တယ်။ ကျနော်တို့က မြေကြီးပေါ်မှာ မှောက်နေလိုက်တယ်။ မိန်းမက ကိုယ်ဝန်နဲ့ဆိုတော့ မှောက်နေလို့မရဘူးတော့ ထပြေးတယ်။ အဲ့ဒီမှာ လက်မောင်းကို…
Read Moreနိုင်ငံတော်သမ္မတနဲ့ မန္တလေးတိုင်းတာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ သတင်းမီဒီယာတွေ သတင်းယူခွင့်မရ
မန္တလေး၊ ဩဂုတ် ၂-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ မန္တလေးတိုင်းတာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ သတင်းမီဒီယာသမားတွေကို ဓာတ်ပုံရိုက်အပြီး ခန်းမအပြင် ထွက်ခိုင်းခဲ့ပါတယ်။ “သမ္မတမိန့်ခွန်းပြောတာလောက်တော့ သတင်းယူလို့ရမယ်ထင်နေတာ၊ တကယ်တမ်းကျ ဓာတ်ပုံလောက်ပဲရိုက်လို့ရပြီး တစ်မိနစ်ပြည့်အောင် ခန်းမထဲမှာမနေလိုက်ရဘူး။ အဲ့ဒီအပေါ်မှာ ပွဲစီစဉ်တဲ့သူတွေက မီဒီယာတွေအပေါ်မှာ ထားတဲ့သဘောထားကို သိရတာပေါ့ဗျာ။ စတုတ္ထမဏ္ဍိုင်လို့ပြောတဲ့ မီဒီယာနဲ့ သူတို့က ပူးပေါင်းလိုစိတ်မရှိဘူးဆိုတာ သိလိုက်ရပါတယ်။ အရင်အစိုးရလက်ထက်၊ သမ္မတဦးသိန်းစိန်လက်ထက်တုန်းကဆိုရင် လွတ်လပ်စွာသတင်းယူလို့ ရခဲ့ပါတယ် ” လို့ မန္တလေးမြို့ခံ သတင်းထောက် ကိုမြတ်(ကလေး)က ပြောပါတယ်။ တွေ့ဆုံပွဲကို ဒီနေ့ သြဂုတ် ၂ ရက် မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မန္တလေးကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ မန္တလေးမြို့ကို ရောက်ရှိချိန်မှာ သတင်းရယူနိုင်ဖို့ ဝင်ခွင့်ကဒ်တွေ ထုတ်ပေးတဲ့အကြောင်းကိုလည်း မနေ့ညနေ ၃နာရ်ီလောက်ကမှ သိရှိခဲ့ရသလို…
Read Moreမောင်တောအငူမော်ကားလမ်းမှာတပ်မတော်ကားတန်းကိုမိုင်းဆွဲတိုက်ခိုက်
ရသေ့တောင်၊သြဂုတ်၁-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊မြောက်ပိုင်းဒေသရသေ့တောင်မြို့နယ်အငူမော်ကျေးရွာနှင့်မောင်တောမြို့သို့ဆက်သွယ်ဖောက်လုပ်ထားတဲ့ကားလမ်းအတွင်းယနေ့နံနက်ပိုင်း၇နာရီဝန်းကျင်လောက်ကတပ်မတော်ကားတန်းတစ်ခုမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပါတယ်။ အဲ့ဒီကားတန်းဟာအငူမော်ဘက်ကနေမောင်တောဘက်သို့သွားနေတဲ့ကားတန်းဖြစ်ပြီးရသေ့တောင်မြို့နယ်အောင်ဗလကျေးရွာနဲ့ဒုံးပိုက်ကျေးရွာအကြားတပ်မတော်ကားတန်းအနီးမှာပေါက်ကွဲခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့တပ်မတော်ဘက်ကပြောပါတယ်။ “ကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရတာဟုတ်ပါတယ်။မနက်ပိုင်း၇နာရီဝန်းကျင်လောက်ကဖြစ်တာပါ။ဘာမှတော့မဖြစ်ဘူး။အေအေဘက်ကနေပြီးတော့တိုက်ခိုက်တာဖြစ်ပါတယ်။”လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးပထမတန်းဗိုလ်မှူးကြီးဝင်းဇော်ဦးကအတည်ပြုပြောကြားပါတယ်။ အခုလိုတပ်မတော်ကားတန်းကိုမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အတွက်အဲ့ဒီအနီးအနားမှာရှိတဲ့ကျေးရွာသားတွေအနေနဲ့တစ်စုတစ်ခုဖြစ်ပွားလာမှာကိုစိုးရိမ်ကြောက်လန့်နေကြတာဖြစ်ပါတယ်။ “ကျွန်တော်တို့ကတော့မိုင်းဆွဲတိုက်ခိုက်တာလားတော့မသိဘူး။ပေါက်ကွဲသံတော့ကြားလိုက်ရတယ်။ဘယ်လိုအခြေအနေရှိလဲဆိုတာလဲမသိဘူး။ရွာတွေကိုဝင်ပြီးတော့ဖမ်းလားဆီးလားဖြစ်မှာကိုပဲစိုးရိမ်နေကြပါတယ်။ရွာသားတွေကတော့ဘယ်မှလဲမသွားရဲကြဘူးဖြစ်နေတယ်။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဒါ့အပြင်ဒီရက်ပိုင်းအတွင်းပုဏ္ဏားကျွန်းမြို့နယ်နဲ့ရသေ့တောင်မြို့နယ်တွေအတွင်းမှာမိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာတပ်မတော်နဲ့AA တို့အကြားတိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။ #voiceofmyanmar #ရသေ့တောင် #တပ်မတော်ယာဉ်တန်းမိုင်းဆွဲတိုက်ခံရ
Read Moreမင်းတုန်းမြို့မှာ H1N1 ပိုး စတွေ့
မင်းတုန်း-သြဂုတ် ၁-၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းတုန်းမြို့ကကောင်းမှန်ဘော်ဒါဆောင်မှာနေတဲ့ နဝမတန်းကျောင်းသူ၂ဦးရဲ့ရောဂါကို သြဂုတ် ၁ရက်မနက်၁၁နာရီခန့်ကစစ်ဆေးတာမှာH1N1ရောဂါပိုးတွေ့လို့ မကွေးတိုင်းဆေးရုံကြီးကို ချက်ချင်းလွှဲပေးလိုက်ရတယ်လို့ ဆေးရုံအသိုင်းအဝိုင်းကသိရပါတယ်။ “ပထမစတွေ့တဲ့ ကလေးမလေးက ထန်းညှောင့်တင်ရွာကဒီမှာဘော်ဒါနေပြီး ကျောင်းတက်နေတာရောဂါပိုးတွေ့တာ၂ယောက်ဟုတ်တယ်၁၅နှစ်အရွယ်မ—- နောက်တယောက်က ထန်းညှောင့်တင်ရွာက ၉တန်းကျောင်းသူမ —”လို့ပရဟိတအဖွဲ့ကဦးမြင့်အောင်ကပြောပါတယ်။ ပို့တွေ့ကျောင်းသူ၂ဦးကိုမင်းတုန်းမြို့ကပရဟိတအဖွဲ့ကမကွေးဆေးရုံကိုနေ့လည်၁၂နာရီခန့်မှာလိုက်လံပို့ဆောင်ပေးနေတယ်လို့သိရပါတယ် ။ “ဟုတ်တယ်ပိုးတွေ့တာမှန်ပါတယ်ကိုးတန်းအရွယ်မိန်းကလေး၂ယောက်ပါပိုးတွေ့တာပါအခြေအနေမဆိုးသေးပါဘူးမကွေးကိုလွှဲလိုက်တယ်အခုအလုပ်အရမ်းများနေလို့ပါနော်” လို့မင်းတုန်းဆေးရုံအုပ် ဒေါက်တာထွန်းလင်းအောင်က အတည်ပြုဖြေကြားပေးပါတယ်။ မင်းတုန်းမြို့ဟာလူဦးရေ ၅သောင်းခန့်သာရှိပြီး ကျောင်းပညာရေးဟာလမ်းပမ်းအခက်အခဲတွေကြောင့်မြို့ပေါ်ကဘော်ဒါကျူရှင်တွေမှာ ကျောင်းအိပ်ကျောင်းစားနဲ့နေထိုင်ပြီး အထက်တန်းကျောင်းကိုတက်ကြရတာဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ H1N1 ရောဂါပိုးကြောင့် နိုင်ငံတဝှမ်းမှာ ၈၁ ဦး သေဆုံးပြီးဖြစ်တယ်လို့ ကျမ္မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ #voiceofmyanmar #မင်းတုန်း #H1N1
Read Moreဘင်လာဒင်ရဲ့သားဖြစ်သူဟမ်ဇားဘင်လာဒင်သေဆုံးပြီ
ဝါရှင်တန်၊သြဂုတ်-၁-၂၀၁၉ မျိုးဆက်(VOM) အယ်လ်ခိုင်ဒါအဖွဲ့တည်ထောင်သူအိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူဟမ်ဇားဘင်လာဒင်ဟာလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းမှာသေဆုံးသွားပြီလို့ထောက်လှမ်းရေးတာဝန်ရှိသူတွေကိုကိုးကားပြီးအမေရိကန်သတင်းဌာနတွေကဖော်ပြပါတယ်။ ဟမ်ဇားဘင်လာဒင်သေဆုံးတဲ့နေရာနဲ့အချိန်ကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒီကိစ္စနဲ့ပတ်သက်လို့အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ကတော့မှတ်ချက်ပေးတာမျိုးမရှိပါဘူး။ အသက်၃၀အရွယ်ရှိပြီလို့ယူဆရတဲ့ဟမ်ဇားဘင်လာဒင်ဟာအမေရိကန်နဲ့အခြားနိုင်ငံတွေကိုတိုက်ခိုက်ဖို့အတွက်တိုက်တွန်းတဲ့အသံနဲ့ရုပ်သံမက်ဆေ့ခ်ျတွေကိုထုတ်လွှင့်ခဲ့ပါတယ်။ သူ့ကိုဖမ်းဆီးနိုင်ရေးသတင်းအချက်အလက်ပေးနိုင်မယ်ဆိုရင် ဒေါ်လာတစ်သန်းပေးမယ်လို့အမေရိကန်အစိုးရက ဖေဖော်ဝါရီလအတွင်း ကမ်းလှမ်းခဲ့ပါတယ်။သူသေဆုံးသွားပြီးဆိုတဲ့သတင်းကိုအမည်မဖော်လိုတဲ့အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတွေကိုကိုးကားပြီးအင်န်ဘီစီ၊နယူးယောက်တိုင်းမ်၊စီအင်န်အင်န်အပါအ၀င်အမေရိကန်သတင်းဌာနတွေမှာကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားပါတယ်။ ဒါပေမယ့်အယ်လ်ခိုင်ဒါအဖွဲ့ဘက်ကတော့အတည်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ပြီးခဲ့တဲ့နှစ်နှစ်ကအမေရိကန်ပါဝင်တဲ့စစ်ဆင်ရေးတစ်ခုအတွင်းမှာသေဆုံးခဲ့တာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပြီးတိကျတဲ့အချိန်နေရာကိုတော့ရှင်းရှင်းလင်းလင်းဖော်ပြထားတာမရှိပါဘူး။ Ref : BBC Photo : CIA #voiceofmyanmar #အိုစမာဘင်လာဒင် #ဟမ်ဇားဘင်လာဒင် #ဘင်လာဒင်သားသေဆုံး
Read Moreပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် (၈)ဦးကို စည်ပင်ဥက္ကဋ္ဌဟောင်းက စွဲဆိုထားတဲ့အမှု မနက်ဖြန် ကနဦးစစ်ဆေးမယ်။
သာယာဝတီ-သြဂုတ် ၁-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းအပါအဝင်(၈)ဦးကို သာယာဝတီခရိုင် သာယာဝတီမြို့နယ် စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းအောင်က ပြီးခဲ့တဲ့မေလ၁၇ရက်နေ့က နေပြည်တော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ တရားစွဲထားတဲ့အမှု သြဂုတ်၂ရက်နေ့မှာကနဦး ကြားနာစစ်ဆေးသွားမှာဖြစ်ပါတယ်။ တိုင်းတန်းထားသူ ဦးကျော်ဆန်းအောင် ပြောပြတာက `ကျနော့်အနေနဲ့အမှုမှန်ပေါ်စေချင်ပါတယ်ဖြစ်စဉ်အမှန်အတိုင်းဖြစ်ဖို့နဲ့တရားရေးက စစ်မှန်စွာဖြေရှင်းဆောင်ရွက်ပေးဖို့် အမှန်တရားပေါ်ထွက်လာဖို့မျှော်လင့်ပါတယ်လို့” ပြောပါတယ်။ “ ပြည်ထောင်စုတရားသူကြီး(၃)ဦးပါအဖွဲ့ကကနဦးကြားနာစစ်ဆေးမှုလုပ်မှာပါ၊ ဒီအမှုမှာဆက်လက်စုံစမ်းအရေးယူဖို့အကြောင်းရှိလားမရှိလားဆိုတာလျှောက်လဲချက်ပေးရမှာပါ၊ ဝန်ထမ်းတစ်ယောက်ရဲ့ နိုင်ငံဝန်ထမ်းဥပဒေပါအခွင့်အရေးတွေ ဆုံးရှုံးနေတာနိုင်ငံသားတစ်ယောက်ရဲ့ ခုခံချေပခွင့်တွေဆုံးရှုံးနေတာတွေကိုအာဏာပေးစာချွန်တော်ထုတ်ဆင့်ပေးဖို့အတွက်ကို လက်ခံပါတယ်ဆိုတဲ့ဟာ အကြောင်းပေါ်ပေါက်တယ်ဆိုရင်တရားရုံးကဒီဟာကိုဖြေရှင်းပေးဖို့အတွက်လျောက်ထားခံရသူများကိုဆင့်ဆိုမှာပါကြားနာစစ်ဆေးဖို့သင့်ရင်လက်ခံမှာပါကြားနာစစ်ဆေးဖိုမသင့်ရင်တော့ပယ်မှာပါလို့´တရားလွှတ်တော်ရှေ့နေဦးမင်းသက်ဇင်ကVOMကိုပြောပါတယ်။ ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုပြီးရာထူးကထုတ်ပယ်ခံရတဲ့အပေါ် မှာ ကာယကံရှင်က ငွေကြေးအလွဲသုံးစားလုပ်တာမရှိတဲ့အကြောင်း သက်သေတွေလည်းရှိပါတယ်၊ တိုင်းအစိုးရကဖွဲ့စည်းပေးတဲ့အဖွဲ့ဝင်ငါးဦးပါရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ကဥပဒေနဲ့အညီခုခံချေပခွင့်သက်သေတင်ပြခွင့်မပေးဘဲတစ်ဘက်သတ်ဆုံးဖြတ်ခဲ့တယ်ဒါကြောင့်တိုင်းအစိုးရဝန်ကြီးချုပ်လယ်/ဆည်ဝန်ကြီးစည်ပင်ဝန်ကြီးအပါအဝင် ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ပါဝန်ထမ်းငါးဦးပေါင်းရှစ်ဦးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့တရားစွဲဆိုခဲ့သူ ဦးကျော်ဆန်းအောင် ကပြောပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအဲဒီအမှုကိုရာဇဝတ်အထွေထွေအမှုအမှတ်၃၆/၂၀၁၉နဲ့ လက်ခံခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့လယ်/ဆည်ဝန်ကြီးကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့်အစည်းအဝေးရှိလို့်ဆိုပြီး ဖုန်းဖြေဆိုမပေးတဲ့အတွက် တရားစွဲခံရသူတွေဘက်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။ #voiceofmyanmar #ပဲခူးတိုင်း #ဝန်ကြီးချုပ်ကိုတရားစွဲ #စည်ပင်ဥက္ကဋ္ဌဟောင်း
Read More