ပုသိမ် Myanmar Knitting အထည်ချုပ်စက်ရုံဆန္ဒပြခေါင်းဆောင် ၈ ဦး အရေးယူခံရ

ပုသိမ် စက်တင်ဘာ၂-၂၀၁၉

ကိုအောင် (VOM)

 

ဒီနေ့နံနက်ပိုင်းမှာ ပုသိမ်စက်မူဇုံမှာရှိတဲ့ မြန်မာနစ်တင်း Myanmar Knitting သိုးမွှေး အထည်ချုပ်စက်ရုံက အလုပ်သမား၅၀၀ကျော်ဟာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

 

ဆန္ဒဖော်ထုတ်ပွဲမှာအလုပ်သမားတွေဘက်က တောင်းဆိုချက်၄၅ချက်တောင်းဆိုဆန္ဒပြခဲ့ကြပေမယ့် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးကနေ အလုပ်သမားအချင်းချင်း ကူညီရိုင်းပင်းရေးအဖွဲ့မှ ဒေါ်ခခနှင့် အလုပ်သမားခေါင်းဆောင်အမျိုးသမီး၎ဦး အမျိုးသား၃ဦး စုစုပေါင်း၈ဦး ကိုငြိမ်းစုစီပုဒ်မ ၁၉နဲ့အရေးယူခဲ့ပါတယ်။

 

 

လက်ရှိအချိန်မှာ ဆန္ဒပြ သူ စက်ရုံလုပ်သား၇ဦး နဲ့ ကူညီသူ ဒေါ်ခခတို့ကို ပုသိမ်မြို့မစခန်းမှာ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မူးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီ ပုဒ်မ၁၉ဖြင့်အမူဖွင့်ကာ ခေါ်ယူစစ်ဆေးနေပါတယ်။

 

စက်ရုံဘက်ကတော့ တာဝန်ရှိသူတွေအစည်းအဝေးလုပ်ဆုံးဖြတ်မှာဖြစ်ပြီး ဒီနေ့အစည်းအဝေးပြုလုပ်နေတာကြောင့် ဆုံးဖြတ်ချက်ကိုလည်း သတင်းထုတ်ပြန်ပေးမယ်လို့သိရပါတယ်။

 

#voiceofmyanmar  #ပုသိမ် # Myanmar Knitting #အလုပ်သမားဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW