ပုသိမ် Myanmar Knitting အထည်ချုပ်စက်ရုံဆန္ဒပြခေါင်းဆောင် ၈ ဦး အရေးယူခံရ

ပုသိမ် စက်တင်ဘာ၂-၂၀၁၉ ကိုအောင် (VOM)   ဒီနေ့နံနက်ပိုင်းမှာ ပုသိမ်စက်မူဇုံမှာရှိတဲ့ မြန်မာနစ်တင်း Myanmar Knitting သိုးမွှေး အထည်ချုပ်စက်ရုံက အလုပ်သမား၅၀၀ကျော်ဟာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။   ဆန္ဒဖော်ထုတ်ပွဲမှာအလုပ်သမားတွေဘက်က တောင်းဆိုချက်၄၅ချက်တောင်းဆိုဆန္ဒပြခဲ့ကြပေမယ့် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးကနေ အလုပ်သမားအချင်းချင်း ကူညီရိုင်းပင်းရေးအဖွဲ့မှ ဒေါ်ခခနှင့် အလုပ်သမားခေါင်းဆောင်အမျိုးသမီး၎ဦး အမျိုးသား၃ဦး စုစုပေါင်း၈ဦး ကိုငြိမ်းစုစီပုဒ်မ ၁၉နဲ့အရေးယူခဲ့ပါတယ်။     လက်ရှိအချိန်မှာ ဆန္ဒပြ သူ စက်ရုံလုပ်သား၇ဦး နဲ့ ကူညီသူ ဒေါ်ခခတို့ကို ပုသိမ်မြို့မစခန်းမှာ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မူးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီ ပုဒ်မ၁၉ဖြင့်အမူဖွင့်ကာ ခေါ်ယူစစ်ဆေးနေပါတယ်။   စက်ရုံဘက်ကတော့ တာဝန်ရှိသူတွေအစည်းအဝေးလုပ်ဆုံးဖြတ်မှာဖြစ်ပြီး ဒီနေ့အစည်းအဝေးပြုလုပ်နေတာကြောင့် ဆုံးဖြတ်ချက်ကိုလည်း သတင်းထုတ်ပြန်ပေးမယ်လို့သိရပါတယ်။   #voiceofmyanmar  #ပုသိမ် # Myanmar Knitting #အလုပ်သမားဆန္ဒပြ

Read More

အရပ်သားတွေ သေဆုံးမှုအတွက် တာဝန်ရှိသူကို အရေးယူဖို့ ရှမ်းမြောက် အရပ်ဖက် လူမှုအဖွဲ့အစည်း ၂၆ဖွဲ့က တောင်းဆို

စက်တင်ဘာ ၂၊ ၂၀၁၉ VOM   ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) က တောင်းဆိုလိုက်ပါတယ်။   ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား အနည်းဆုံး ၈ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တာကြောင့်၊ အရပ်သားတွေ သေဆုံးမှုအတွက် တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပြီး အပြစ်ပေးဖို့ တောင်းဆိုတယ်လို့ ဒီနေ့မှ HST-NSS အဖွဲ့က ထုတ်ပြန်ကြေငြာပါတယ်။   “နှစ်ဖက်တပ်ဖွဲ့တွေက ပြည်သူကို ကာကွယ်ပေးဖို့၊ တရားမျှတမှုရှိဖို့ ဆိုပြီး ဖွဲ့ထားကြတယ်။ ဒါပေမယ့် ကြားက ဒေသခံပြည်သူတွေကို ပစ်မှတ်ထားပြီးပစ်နေသလိုမျိုး၊ ထင်ရာမြင်ရာရမ်းပစ်နေသလို ဖြစ်တော့ ဒေသခံတွေ နစ်နာလွန်းလှပါပြီ။…

Read More

ဟောင်ကောင်မှာ အလယ်တန်းကျောင်းသားတွေပါ ဆန္ဒပြနေ

ဟောင်ကောင်၊ စက်တင်ဘာ-၂-၂၀၁၉ မျိုးဆက် (VOM)   ဟောင်ကောင်မှာ နှစ်ရက်ကြာ အထွေထွေသပိတ်ဆင်နွှဲမှုကို စက်တင်ဘာ ၂ ရက်နေ့မှာစတင်နေပြီး ဒီနှစ်ပညာသင်နှစ်ရဲ့ ပထမဆုံးကျောင်းတက်ရမယ့်နေ့မှာဘဲ ဟောင်ကောင်မှာရှိတဲ့ အလယ်တန်းနဲ့ တက္ကသိုလ်တွေက ကျောင်းသားတွေဟာ ဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့ပါတယ်။   ဒီဆန္ဒပြမှုမှာ စာသင်ကျောင်း ၂၀၀ ကျော်က အလယ်တန်းကျောင်းသား ခန့်မှန်းခြေ တစ်သောင်း လောက်ပါဝင်ခဲ့ပါတယ်။ ကျောင်းသားတွေ ဆန္ဒပြမှုဟာ နှစ်ရက်ကြာအထွေထွေသပိတ်ဆင်နွှဲဖို့နဲ့ ဆန္ဒပြရာမှာဒီထက်ပိုပြီး ပါဝင်ကြဖို့ တိုက်တွန်းခဲ့ပြီးနောက် ဖြစ်ပွားလာတာဖြစ်ပါတယ်။   ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ပြီးခဲ့တဲ့ သီတင်းပတ်တွေက အဆိုးရွားဆုံးအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ စနေနေ့က ဆန္ဒပြပွဲတွေမှာတော့ ဆန္ဒပြသူတွေဟာ ဓါတ်ဆီဗုံးပစ်တာတွေ၊ မီးရှို့တာတွေနဲ့ ပါလီမန်အဆောက်အဦးကို တိုက်ခိုက်တာတွေလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့က လူစုခွဲဖို့ကြိုးစားရာမှာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ၊ မီးသတ်ကားတွေကိုအသုံးပြုခဲ့ပြီး ကျည်အစစ်နဲ့ သေနတ်ပစ်ဖောက် သတိပေးမှုတွေပါ လုပ်ခဲ့ရပါတယ်။   ဒီနေ့မနက်ပိုင်းမှာတော့ ဟောင်ကောင်အလယ်ပိုင်းမှာရှိတဲ့ အီဒင်ဘာ့နန်းတော်မှာ ဟောင်ကောင်အလယ်တန်းကျောင်းတွေက…

Read More

တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်မှာ သရုပ်ဖေါ်တင်ဆက်​မှု​ကြောင့်​ တရားစွဲခံထားရသူနှစ်ဦးကို အမိန့်ချ

မြစ်ကြီးနား၊ စက်တင်ဘာ ​​၂- ၂၀၁၉ ဖြူဖြူ (VOM)     တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်အထိမ်းအမှတ်မှာ သရုပ်ဖေါ်တင်ဆက်ပြသလို့ ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ မဆိုင်းနူးပန်နဲ့ ကိုပေါလုတို့ကို ​ငွေဒဏ်​သုံး​သောင်း ဒါမှမဟုတ်​  ​ထောင်​ဒဏ်​ ၁၅ ရက်​စီ ကျခံဖို့ ဒီ​နေ့ စက်​တင်​ဘာ ၂ ရက်​မှာ မြစ်​ကြီးနားမြို့နယ်​ တရားရုံးက​နေ အမိန့်​ချမှတ်​လိုက်​ပါတယ်​။   စွပ်​စွဲခံထားရသူနှစ်​ဦးရဲ့ တရားရုံးအမိန့်​အ​ပေါ် ခံယူချက်​နဲ့ပတ်​သက်​ပြီး “အထိမ်းအမှတ်​လုပ်​တာ ဆန္ဒပြတာမဟုတ်​​တော့ သူတို့အ​နေနဲ့ အပြစ်​မရှိဘူးလို့ ခံယူတယ်​။ အဲလို အပြစ်​မရှိတာကို အပြစ်​ရှိတယ်​ဆိုပြီး ဆုံးဖြတ်​တဲ့အ​ပေါ်မှာ လက်​မခံတဲ့အတွက်​ ဒီ​ငွေဒဏ်​ကို မ​ဆောင်​နိုင်​ဘူး​ပေါ့။ ​ငွေဒဏ်​မ​ဆောင်​ရင်​​တော့ ထောင်​ဒဏ်​သွားရတာ​ပေါ့။” လို့  မဆိုင်းနူးပန်တို့ရဲ့ရှေ့နေ ဦးမာခါးက ပြောပါတယ်။   ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်​ကစပြီး ဖြစ်ပေါ်လာခဲ့တဲ့ တပ်မတော်နဲ့…

Read More

လက်ဘနွန်နယ်စပ်မှာ ဟစ်ဇဘိုလာအဖွဲ့နဲ့ အစ္စရေးစစ်ဘက်တို့ အပြန်အလှန်ပစ်ခတ်ပြီး စစ်ရေးတင်းမာနေ

ဂျေရုဆလင်၊ သြဂုတ်-၂-၂၀၁၉ မျိုးဆက် (VOM)   လက်ဘနွန် ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေနဲ့ အစ္စရေးစစ်ဘက်တို့အကြား လက်ဘနွန်နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကြပြီး စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေပါတယ်။     ဟစ်ဇ်ဘိုလာအဖွဲ့ဟာ နယ်စပ်တစ်လျှောက်မှာရှိတဲ့ အစ္စရေးစစ်ဘက် အဆောက်အဦးတွေနဲ့ မော်တော်ယာဉ်တွေကို ပစ်မှတ်ထားပြီး တင့်ကားဖျက်ဒုံးကျည်တွေနဲ့ စက်တင်ဘာ ၁ ရက်က တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့အပတ်က လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်ကို အစ္စရေးတို့က မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာကို လက်တုန့်ပြန်တာလို့ ဆိုပါတယ်။     ဒီလိုတိုက်ခိုက်ခဲ့တာကြောင့် လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇဘိုလာတွေရဲ့နေရာတွေကို အမြောက်တွေနဲ့ အချက်တစ်ရာကျော်ပြန်ပစ်ခဲ့တယ်လို့  အစ္စရေးစစ်ဘက်ကပြောပါတယ်။   နယ်စပ်တစ်လျှောက်မှာတော့ အဖြူရောင်မီးခိုးလုံးတွေထွက်ပေါ်နေပြီး မြေပြင်မှာလည်း မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်နေပါတယ်။     နယ်စပ်တစ်လျှောက်တိုက်ခိုက်မှုမှာ အစ္စရေးစစ်သားတွေ သေဆုံးဓါဏ်ရာရရှိခဲ့တယ်လို့ ဟစ်ဇ်ဘိုလာတို့က အခိုင်အမာပြောဆိုထားပေမယ့် အစ္စရေးစစ်ဘက်က ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ ဟစ်ဇဘိုလာအဖွဲ့ကို နောက်ထပ်တိုက်ခိုက်ဖို့ အသင့်ရှိနေပြီလို့ အစ္စရေးဝန်ကြီးချုပ်…

Read More

မန္တ​လေးတက္ကသိုလ်​​ကျောင်းဝင်းထဲမှာ Food Court ဆောက်တဲ့ကိစ္စ ကျောင်းသား သမဂ္ဂ​တွေဆန္ဒပြ

မန္တ​လေး၊ စက်​တင်​ဘာ ၂ – ၂၀၁၉ ဖြူဖြူ (VOM)     မန္တ​လေးတက္ကသိုလ်​​ကျောင်းဝင်းထဲမှာ Food Court ​ဆောက်​လုပ်​မှုနဲ့ ပတ်​သက်​ပြီး တင်​ဒါစည်းမျဉ်း၊ စည်းကမ်းအတိုင်း ​ဆောင်​ရွက်​ခြင်းမရှိသလို ပညာ​ရေးဝန်​ကြီးဋ္ဌာနနဲ့ အဆင့်​မြင့်​ပညာဦးစီးဌာနရဲ့ ခွင့်​ပြုချက်​မရရှိဘဲ ​ဆောက်​လုပ်​လို့ဆိုပြီး ဒီ​နေ့ စက်​တင်​ဘာ ၂ ရက်​မနက်​ပိုင်းမှာ ​ကျောင်းသားသမဂ္ဂအဖွဲ့ဝင်​တချို့က​နေ သပိတ်​​မှောက်​ ဆန္ဒပြခဲ့ကြပါတယ်​။   ဒါ့အပြင်​ Food Court ​ဆောက်​လုပ်​ဖို့ အစည်းအ​ဝေး​တွေ လုပ်​​ဆောင်​ရာမှာလည်း ​စီမံခန့်​ခွဲ​ရေးအပိုင်းမှာပါဝင်​တဲ့ ​ကျောင်းသားသမဂ္ဂ​တွေကို ပွင့်​လင်းမြင်​သာချပြတာမရှိဘဲ သမဂ္ဂ​တွေရဲ့ လက်​မှတ်​​တွေ အတုအ​ယောင်​လုပ်​ပြီး သ​ဘောတူညီခဲ့တာကိုလည်း ရှိခဲ့တဲ့အတွက်​ စုံစမ်းစစ်​​ဆေး​ရေး ဖွဲ့စည်းပြီး စစ်ဆေး​ပေးဖို့ ​တောင်းဆိုခဲ့ကြပါတယ်။     ​ကျောင်းသားသမဂ္ဂ​တွေအ​နေနဲ့ အခုလို သပိတ်​​မှောက်​ ဆန္ဒပြ မလုပ်​​ဆောင်​ခင်​မှာ ​ကျောင်းတာဝန်​ရှိသူ​တွေနဲ့ ​ဆွေး​နွေးခဲ့သလို ပြီးခဲ့တဲ့ တစ်​ပတ်​​ကျော်​က နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံး၊…

Read More

ကန့်ကွက်ခံရတဲ့ မင်းတပ်ခရိုင် အန်အယ်လ်ဒီ ပါတီရုံးဆက်ဆောက်မည်

မင်းတပ်စက်တင်ဘာ၂-၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ်မင်းတပ်မြို့ပေါ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မင်းတပ်ခရိုင်ပါတီရုံးတည်ဆောက်နေတာနဲ့ပတ်သက်ပြီး ဒေသခံအချို့ကကန့်ကွက်မှုတွေရှိနေပေမယ့်တည်ဆောက်မှုကိုဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။   ချင်းပြည်နယ်လွှတ်တော်ဒုဥက္ကဌ တစ်ဦးလည်းဖြစ်မင်းတပ်မြို့နယ်ရဲ့ပါတီဥက္ကဌလည်း ဖြစ်သူဦးတိတ်ထန်းက ခုလိုပြောပါတယ်။   “မိုးတွင်းဖြစ်တဲ့အတွက်ကြောင့်မိုးကလည်းတအားရွာတဲ့အတွက်ကြောင့်ယာယီရပ်ဆိုင်းမယ်ဆိုတဲ့သတင်းပဲကြားရတယ်။မိုးမရွာဘူးဆိုရင်တော့ပိုက်ဆံကလည်းသိန်း၇၀ပတ်ဝန်းကျင်ကုန်နေပြီဆိုတော့ ဆောက်လုပ်ရေးကော်မတီအနေနဲ့ဆက်ပြီးမှ ဆောက်မယ်လို့ ပြောသံကြားပါတယ်။ေ ရစမ်းဦးဆိုတဲ့ဟာကဒီနေရာမှာရှိတဲ့သူတွေကကန့်ကွက်တာမဟုတ်ပဲတစ်ဦးတစ်ယောက်တည်းကကန့်ကွက်တဲ့အပိုင်းရောက်တယ်။ မကြာသေးခင်ကကွင်းဆင်း မေးမြန်းတဲ့အခါမှာတစ်ဦးတစ်ယောက်မိသားစုတစ်စုကပဲကန့်ကွက်တဲ့သဘောဆိုပြီးကွင်းဆင်းသူတွေ ပြောလို့သိရတယ်။ ဒါကြောင့်ဘာပဲဖြစ်ဖြစ်မိုးကုန်ပြီဆိုရင်တော့ဒီဟာကိုစပြီး ပြန်ဆောက်မယ်လို့သိရတယ်”။     မင်းတပ်ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမင်းတပ်မြို့စံပြရပ်ကွက်ကွက်စိတ်(၉) ဦးဝမ္မသူမောင်လမ်း မြေကွက်အမှတ်(၆၄)နေရာမှာ၂၀၁၉ခုနှစ်သြဂုတ်လကနေစတင်တည်ဆောက်နေခဲ့တာဖြစ်ပါတယ်။   စတင်တည်ဆောက်ချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီရဲ့တရာဝင်ခွင့်ပြုချက်နဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်အဆောက်အဦး ဆောက်နေတဲ့ နေရာဟာရပ်ကွက်နေပြည်သူတွေအသုံးပြုနေကြတဲ့ မြေအောက်ရေထွက်ရှိရာ ရေစမ်းဦးဖြစ်တာကြောင့် မြို့ပေါ်နေတဲ့ ပြည်သူတွေကကန့်ကွက်ခဲ့တာကြောင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။   အဲ့ဒီလိုစစ်ဆေးတဲ့အခါမှာ မြေအောက်ရေထွက်ရှိတာကို တွေ့ရှိရတာကြောင့်အဆောက်အဦးတည်ဆောက်မှုကိုယာယီရပ်နားဖို့ဆိုပြီးသြဂုတ်လ၉ရက်နေ့မှာ မြို့နယ်စည်ပင်သာယာကော်မတီကနေစာထုတ်တားမြစ်ခဲ့တာဖြစ်ပါတယ်။   ဒီလိုတားမြစ်ခဲ့ပြီးတဲ့ နောက်မှာတော့ဆက်လက်တည်ဆောက်ရန်သင့်မသင့်ဆိုတာနဲ့ပတ်သက်ပြီးဌာနဆိုင်ရာတာဝန်ရှိသူတွေကွင်းဆင်းစစ်ဆေးပြီးတဲ့အခါမှာမူလနေရာမှာပဲဆက်ဆောက်ဖို့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။     #voiceofmyanmar #မင်းတပ် #ခရိုင်အန်အယ်လ်ဒီပါတီရုံး

Read More

သြဂုတ် ၃၁ ညက လှုပ်တဲ့ ငလျင်ကြောင့် ဘာတွေပျက်စီးခဲ့သလဲ

စက်တင်ဘာ ၁ -၂၀၁၉ တင်ဆက်-စောပြည့်ချမ်းသာ(VOM) ရိုက်ကူး-ရှိုင်းအောင်(VOM) မနေ့ည သြဂုတ် လ ၃၁ ရက်နေ့ မြန်မာ့စံတော်ချိန် ၉ နာရီ ၄၀ မိနစ်အချိန်က အင်အား ၆.၀ ရစ်ခ်ျတာစကေးနဲ့ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရွှေဘို၊ခင်ဦးနဲ့ ရေဦးမြို့နယ်တွေမှာ စေတီပေါင်း ၁၀၀ကျော် ပျက်စီးမှုရှိခဲ့ပါတယ်။ ခင်ဦးတစ်မြို့နယ်တစ်ခုလုံးမှာတော့ စေတီပေါင်း ၃၆ ဆူ၊ ဘုန်းကြီးကျောင်း ၁၁ကျောင်း၊ ဗလီဘုရားကျောင်း ၁ကျောင်း ၊ လူနေအိမ်အဆောက်အဦး ၅ လုံး ၊ ကျေးရွာအုပ်ချူ ပ်ရေးမှူးရုံး ၁ ရုံး စာသင်ကျောင်း ၈ကျောင်းရှိ နံရံနဲ့ အုတ်တံတိုင်းများပြိုကျပျက်စီးခဲ့ပြီး နောက်ထက်ပျက်စီးမှုတွေ စာရင်းစုဆောင်းနေဆဲဖြစ်ပါတယ်။ ငလျင်လှုပ်တဲ့ ဒေသတွေကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ Voice Of Myanmar သတင်းထောက် ရှိုင်းအောင်ရိုက်ကူးပေးပြီး စောပြည့်ချမ်းသာက သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar #ငလျင်…

Read More
VOM News

FREE
VIEW