တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်မှာ သရုပ်ဖေါ်တင်ဆက်​မှု​ကြောင့်​ တရားစွဲခံထားရသူနှစ်ဦးကို အမိန့်ချ

မြစ်ကြီးနား၊ စက်တင်ဘာ ​​၂- ၂၀၁၉

ဖြူဖြူ (VOM)

 

 

တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်အထိမ်းအမှတ်မှာ သရုပ်ဖေါ်တင်ဆက်ပြသလို့ ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ မဆိုင်းနူးပန်နဲ့ ကိုပေါလုတို့ကို ​ငွေဒဏ်​သုံး​သောင်း ဒါမှမဟုတ်​  ​ထောင်​ဒဏ်​ ၁၅ ရက်​စီ ကျခံဖို့ ဒီ​နေ့ စက်​တင်​ဘာ ၂ ရက်​မှာ မြစ်​ကြီးနားမြို့နယ်​ တရားရုံးက​နေ အမိန့်​ချမှတ်​လိုက်​ပါတယ်​။

 

စွပ်​စွဲခံထားရသူနှစ်​ဦးရဲ့ တရားရုံးအမိန့်​အ​ပေါ် ခံယူချက်​နဲ့ပတ်​သက်​ပြီး

“အထိမ်းအမှတ်​လုပ်​တာ ဆန္ဒပြတာမဟုတ်​​တော့ သူတို့အ​နေနဲ့ အပြစ်​မရှိဘူးလို့ ခံယူတယ်​။ အဲလို အပြစ်​မရှိတာကို အပြစ်​ရှိတယ်​ဆိုပြီး ဆုံးဖြတ်​တဲ့အ​ပေါ်မှာ လက်​မခံတဲ့အတွက်​ ဒီ​ငွေဒဏ်​ကို မ​ဆောင်​နိုင်​ဘူး​ပေါ့။ ​ငွေဒဏ်​မ​ဆောင်​ရင်​​တော့ ထောင်​ဒဏ်​သွားရတာ​ပေါ့။” လို့  မဆိုင်းနူးပန်တို့ရဲ့ရှေ့နေ ဦးမာခါးက ပြောပါတယ်။

 

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်​ကစပြီး ဖြစ်ပေါ်လာခဲ့တဲ့ တပ်မတော်နဲ့ KIA တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်ဒုက္ခသည်အဖြစ် ရှိနေပြီး ပညာရေး၊ ကျန်းမာရေးအခက်အခဲ များစွာကြုံတွေ့နေတဲ့အတွက် ရှစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲမှာ စစ်ရှောင်တွေရဲ့ ဒုက္ခကို သရုပ်ဖေါ်ပြလို့ ဦးဆောင်သူ မဆိုင်းနူးပန်နဲ့ ကိုပေါလုတို့ကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ နဲ့ မြစ်ကြီးနားမြို့နယ် အမှတ် ၁ ရဲစခန်းက ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

 

 

အထိမ်းအမှတ်နေ့ လုပ်တာဟာ  ဆန္ဒဖေါ်ထုတ်တာ မဟုတ်ဘဲ အခုလို ငြိမ်းစုစီနဲ့ အရေးယူတယ်ဆိုတာက နောက်ပိုင်းမှာ အထိမ်းအမှတ်ပွဲ​တွေ ကျင်းပတိုင်း ငြိမ်းစုစီနဲ့ ခွင့်ပြုချက်တင်ရမယ်​ဆိုတဲ့သ​ဘော သက်​​ရောက်​​နေပြီး ဒီမိုက​ရေစီ စံချိန်​စံနှုန်းနဲ့ မကိုက်​ညီဘူးလို့ မဆိုင်းနူးပန်တို့ရဲ့ရှေ့နေ ဦးမာခါးက ပြောပါတယ်။

 

 

“ဒီမိုက​ရေစီ အခွင့်​အ​ရေး၊ လူ့အခွင့်​အ​ရေးကို လုံးဝကျဆုံး​နေပြီဆိုတဲ့ဟာကို သက်​​သေပြလိုက်​တဲ့သ​ဘော ဖြစ်​​နေတာ​ပေါ့။” လို့ ဆိုပါတယ်။

 

 

နိုင်​ငံသားအခွင့်​အ​ရေး၊ လူ့အခွင့်​အ​ရေးကို ဆုံးရှုံး​စေတဲ့ ငြိမ်းစုစီ ပုဒ်​မကို ဖျက်​သိမ်းဖို့လိုအပ်​သလို တရားရုံး​တွေမှာလည်း သမာသမတ်​ကျပြီး ဘယ်​သူ့လွှမ်းမိုးမှုမှမရှိ ဆုံးဖြတ်​နိုင်​တဲ့ တရားသူ​တွေကြီး​​တွေရှိဖို့ လိုအပ်​တယ်​လို့ ဦးမာခါးက ​ပြောပါတယ်​။

 

 

မဆိုင်းနူးပန်​နဲ့ ကို​ပေါလုတို့အ​ပေါ် ချမှတ်​လိုက်​တဲ့ ဒီ​နေ့အမိန့်​နဲ့ပတ်​သက်​ပြီး အယူခံဆက်​တက်​သွားမယ်​လို့ သိရပါတယ်​။

 

 

 

#voiceofmyanmar #မြစ်ကြီးနား #ကချင် #တစ်ကျော့ပြန်စစ်ပွဲ #ငြိမ်းစုစီ

 

ဓါတ်ပုံ – Seng Nu Pan facebook

 

 

Related posts

Leave a Comment

VOM News

FREE
VIEW