သြဂုတ် ၃၁ ညက လှုပ်တဲ့ ငလျင်ကြောင့် ဘာတွေပျက်စီးခဲ့သလဲ

စက်တင်ဘာ ၁ -၂၀၁၉
တင်ဆက်-စောပြည့်ချမ်းသာ(VOM)
ရိုက်ကူး-ရှိုင်းအောင်(VOM)

မနေ့ည သြဂုတ် လ ၃၁ ရက်နေ့ မြန်မာ့စံတော်ချိန် ၉ နာရီ ၄၀ မိနစ်အချိန်က အင်အား ၆.၀ ရစ်ခ်ျတာစကေးနဲ့ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရွှေဘို၊ခင်ဦးနဲ့ ရေဦးမြို့နယ်တွေမှာ စေတီပေါင်း ၁၀၀ကျော် ပျက်စီးမှုရှိခဲ့ပါတယ်။

ခင်ဦးတစ်မြို့နယ်တစ်ခုလုံးမှာတော့ စေတီပေါင်း ၃၆ ဆူ၊ ဘုန်းကြီးကျောင်း ၁၁ကျောင်း၊ ဗလီဘုရားကျောင်း ၁ကျောင်း ၊ လူနေအိမ်အဆောက်အဦး ၅ လုံး ၊ ကျေးရွာအုပ်ချူ ပ်ရေးမှူးရုံး ၁ ရုံး စာသင်ကျောင်း ၈ကျောင်းရှိ နံရံနဲ့ အုတ်တံတိုင်းများပြိုကျပျက်စီးခဲ့ပြီး နောက်ထက်ပျက်စီးမှုတွေ စာရင်းစုဆောင်းနေဆဲဖြစ်ပါတယ်။

ငလျင်လှုပ်တဲ့ ဒေသတွေကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ Voice Of Myanmar သတင်းထောက် ရှိုင်းအောင်ရိုက်ကူးပေးပြီး စောပြည့်ချမ်းသာက သတင်းပေးပို့ထားပါတယ်။
#voiceofmyanmar #ငလျင် #ရွှေဘို #ခင်ဦး #ရေဦး

Related posts

Leave a Comment

VOM News

FREE
VIEW