ဟောင်ကောင်မှာ အလယ်တန်းကျောင်းသားတွေပါ ဆန္ဒပြနေ

ဟောင်ကောင်၊ စက်တင်ဘာ-၂-၂၀၁၉

မျိုးဆက် (VOM)

 

ဟောင်ကောင်မှာ နှစ်ရက်ကြာ အထွေထွေသပိတ်ဆင်နွှဲမှုကို စက်တင်ဘာ ၂ ရက်နေ့မှာစတင်နေပြီး ဒီနှစ်ပညာသင်နှစ်ရဲ့ ပထမဆုံးကျောင်းတက်ရမယ့်နေ့မှာဘဲ ဟောင်ကောင်မှာရှိတဲ့ အလယ်တန်းနဲ့ တက္ကသိုလ်တွေက ကျောင်းသားတွေဟာ ဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

 

ဒီဆန္ဒပြမှုမှာ စာသင်ကျောင်း ၂၀၀ ကျော်က အလယ်တန်းကျောင်းသား ခန့်မှန်းခြေ တစ်သောင်း လောက်ပါဝင်ခဲ့ပါတယ်။ ကျောင်းသားတွေ ဆန္ဒပြမှုဟာ နှစ်ရက်ကြာအထွေထွေသပိတ်ဆင်နွှဲဖို့နဲ့ ဆန္ဒပြရာမှာဒီထက်ပိုပြီး ပါဝင်ကြဖို့ တိုက်တွန်းခဲ့ပြီးနောက် ဖြစ်ပွားလာတာဖြစ်ပါတယ်။

 

ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ပြီးခဲ့တဲ့ သီတင်းပတ်တွေက အဆိုးရွားဆုံးအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ စနေနေ့က ဆန္ဒပြပွဲတွေမှာတော့ ဆန္ဒပြသူတွေဟာ ဓါတ်ဆီဗုံးပစ်တာတွေ၊ မီးရှို့တာတွေနဲ့ ပါလီမန်အဆောက်အဦးကို တိုက်ခိုက်တာတွေလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့က လူစုခွဲဖို့ကြိုးစားရာမှာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ၊ မီးသတ်ကားတွေကိုအသုံးပြုခဲ့ပြီး ကျည်အစစ်နဲ့ သေနတ်ပစ်ဖောက် သတိပေးမှုတွေပါ လုပ်ခဲ့ရပါတယ်။

 

ဒီနေ့မနက်ပိုင်းမှာတော့ ဟောင်ကောင်အလယ်ပိုင်းမှာရှိတဲ့ အီဒင်ဘာ့နန်းတော်မှာ ဟောင်ကောင်အလယ်တန်းကျောင်းတွေက ကျောင်းသားတွေ စုဝေးခဲ့ကြပါတယ်။ ဒါ့အပြင် အလယ်တန်းကျောင်းအချို့ရဲ့ပြင်ပမှာလည်း လူတန်းရှည်ပုံသဏ္ဍန်နဲ့ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။

 

ဟောင်ကောင်ရှိတရုတ်တက္ကသိုလ်မှာလည်း တက္ကသိုလ်ကျောင်းသား ရာပေါင်းများစုဟာ ဆန္ဒပြဖို့အတွက် စုဝေးနေကြပြီး အလှည့်ကျ ဟောပြောတာတွေ လုပ်ဆောင်နေကြပါတယ်။ ဒီဆန္ဒပြမှုကို ရုပ်သိမ်းဖို့ တက္ကသိုလ်ဘက်က သူတို့ကို ဆက်သွယ်လာပေမယ့် မူလအစီအစဉ်အတိုင်းဘဲ ဆက်လုပ်သွားမယ်လို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကပြောပါတယ်။

 

Ref : BBC

Photo :Reuters

 

#voiceofmyanmar #ဟောင်ကောင် #ဆန္ဒပြပွဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW