တပ်​မ​တော်​နဲ့ ပြည်​သူ စည်းလုံးမှုရှိဖို့  ကာ​ချုပ်​တိုက်​တွန်း

မန္တ​လေး စက်​တင်​ဘာ ၁၁ – ၂၀၁၉

ဖြူဖြူ (VOM)

 

 

နွားကွဲရင်​ ကျားဆွဲနိုင်​တယ်​ဆိုတဲ့စကားပုံ ရှိ​နေ​ပေမယ့်​ မိမိတို့ စည်းစည်းလုံးလုံး ညီညီညွတ်​ညွတ်​ရှိရင်​ ဘယ်​သူမှ ဘာမှမ​ပြောနိုင်​ဘူးလို့ တပ်​မ​တော်​ ကာကွယ်​​ရေး ဦးစီးချုပ်​ ဗိုလ်​ချုပ်​မှူးကြီး မင်း​အောင်​လှိုင်​က ​ပြောပါတယ်​။

 

ဒီ​နေ့ စက်​တင်​ဘာ ၁၁ ရက်​က မန္တ​လေးမြို့ရှိ ဂျွန်းဗလီအခြေခံဘာသာရေးကျောင်းက အစ္စလာမ်​ ဘာသာဝင်​​တွေအတွက်​ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်​တွေနဲ့ စေတနာရှင်ပြည်သူ​တွေက​နေ အလှူငွေနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ ပေးအပ်လှူဒါန်းတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။

 

 

“ကျ​နော်​တို့်အားလုံးဟာ မြန်​မာနိုင်​ငံရဲ့ အရိပ်​အာဝါသ၊ မြန်​မာ့​​ရေ​မြေမှာ အတူတကွ ​နေထိုင်​ကြတဲ့သူ​တွေ ဖြစ်​တဲ့အတွက်​​ကြောင့်​ အားလုံးစည်းစည်းလုံးလုံးနဲ့ တရားဥပ​ဒေနဲ့ အညီ​ပေါ့ ​နေထိုင်​ပြီး တိုင်းပြည်​ရဲ့တိုးတက်​ရာ၊ တိုးတက်​​ကြောင်း လုပ်​​ဆောင်​​ပေးကြဖို့ တိုက်​တွန်းလိုပါတယ်​။ မြန်​မာစကားပုံ ရှိပါတယ်​။  နွားကွဲရင်​ ကျားဆွဲတယ်​ ဆိုသလို​ပေါ့၊ ကျ​နော်​တို့​တွေ စည်းစည်းလုံးလုံးရှိရင်​ ဘယ်​သူမှဘာမှ​ပြောလို့ မရပါဘူး။”လို့  ဗိုလ်​ချုပ်​မှူးကြီး မင်း​အောင်​လှိုင်​က ​ပြောခဲ့တာပါ။

 

ဒါ့အပြင်​ ဘာသာရေးကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ စွမ်းဆောင်မှုတွေ ဖြစ်မလာဖို့လိုတယ်​လို့လည်း ဆိုပါတယ်။

 

 

မြန်​မာနိုင်​ငံဟာ ဗုဒ္ဓဘာသာ အထွတ်​အမြတ်​ထားတဲ့ နိုင်​ငံဖြစ်​​ပေမယ့်​ နိုင်​ငံအတွင်းမှာ ခရစ်​ယာန်​၊ ဟိန္ဒူ၊ အစ္စလာမ်​နဲ့ နတ်​ကိုးကွယ်​မှု​တွေလည်းရှိပြီး နိုင်​ငံသူ နိုင်​ငံသားအားလုံးဟာ ဘာမှအားငယ်​စရာမလိုဘဲ မိမိတို့ယုံကြည်ရာကို လွတ်​လွတ်​လပ်​လပ်​ ကိုးကွယ်​ပိုင်​ခွင့်​ရှိတယ်​လို့ သူက​ပြောပါတယ်​။

 

နိုင်​ငံအတွင်းမှာ တရားဥပ​ဒေနဲ့အညီ ​နေထိုင်​ပြီး ကိုယ့်​တိုင်းပြည်​ ကိုယ့်​​ဒေသအတွက်​ တူညီတဲ့စိတ်​ဓာတ်​​တွေနဲ့  စည်းစည်းလုံးလုံး ညီညီညွတ်​ညွတ်​ ​လုပ်​​ဆောင်​ကြဖို့ အခမ်းအနားမှာ တိုက်​တွန်းခဲ့ပါတယ်​။

 

ဗိုလ်​ချုပ်​မှူးကြီး မင်း​အောင်​လှိုင်​က” ပြည်​သူအချင်းချင်း၊ တပ်​မ​တော်​အချင်းချင်း၊ ပြည်​သူနဲ့ တပ်​မ​တော်​ချင်း စည်းလုံးမှုရှိဖို့ အမြဲတမ်း နှလုံးမူဖို့လိုပါတယ်​။ သိပ်​ပြီးအစွန်းမ​ရောက်​ဘဲ ​ကောင်း​အောင်​လုပ်​မယ်​ဆိုတဲ့ စိတ်​နဲ့ လုပ်​ကြဖို့လိုပါတယ်​။ ကျ​နော်​ကိုယ်​တိုင်​လည်း အစွန်းမ​ရောက်​ပါဘူး။ “လို့ ​ပြောပါတယ်​။

 

ဒီ​နေ့မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မစိုးရိမ်တိုက်ဟောင်း ၊ ဖာသာလဖုန်း ခရစ်ယာန်ကျောင်း တို့မှာလည်းတွေ့ဆုံလှူဒါန်းမှု​တွေ ပြုလုပ်​ခဲ့တယ်​လို့ သိရပါတယ်​။

 

 

#voiceofmyanmar #မန္တ​လေး #တပ်​မ​တော်​ #ဗိုလ်​ချုပ်​မှူးကြီး မင်း​အောင်​လှိုင်​ #ဂျွန်းဗလီ

Related posts

Leave a Comment

VOM News

FREE
VIEW