ပုသိမ်-စက်တင်ဘာ၁၄-၂၀၁၉ ကိုအောင်(VOM) ၂၀၂၀မှာ ဧရာဝတီတိုင်းနဲ့ရှမ်းပြည်နယ်မှာရှိတဲ့ ကိုယ်ဝန်ဆောင်စဉ်မှ အသက်၂နစ်ထိ ကလေးငယ်တွေကို ငွေကြေးထောက်ပံပေးဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။ နိင်ငံတော်ရံပုံငွေနဲ့ ကမ္ဘာ့ဘဏ်ချေးငွေပေါင်းစပ်ပီး ကိုယ်ဝန်ဆောင်စဉ်ကာလမှအသက်၂နစ်ထိ ရက်ပေါင်း၁၀၀၀အတွက်ထောကိပံပေးဖို့စီစဉ်နေတာလို့လည်းသိရပါတယ်။ ၂၀၁၈/၂၀၁၉ဘဏ္ဏာရေးနစ်မှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ချင်းပြည်နယ် ရခိုင်ပြည်နယ် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ထောက်ပံ့ပေးနေပြီး ၂၀၂၀မှာဧရာဝတီတိုင်း နဲ့ရှမ်းပြည်နယ်ကို တိုးချဲ့ထောက်ပံ့ပေးဖို့စီစဉ်လိုက်တာလို့သိရပါတယ်။ ရက်ပေါင်း၁၀၀၀ထောက်ပံ့ပေးမယ့်အစီအစဉ်ကို ၂၀၂၀ခုနှစ်မှာ ဧရာဝတီတိုင်းမှာ၂၄ဒသမ၆ဘီလီယံ ရှမ်းပြည်နယ်မှာ၂၄ဒသမ ၈ဘီလီယံလျာထားသတ်မှတ်ထားပီး တစ်ဦးလျှင် တစ်လတစ်သောင်းခွဲနူန်းအပြင် ကျန်းမာရေးနဲ့အာဟာရဆိုင်ရာမိသားစုစီမံကိန်းနဲ့လူမူရေးဆိုင်ရာ ပံ့ပိုးမူတွေပါဝင်တယ်လို့သိရပါတယ်။ #voiceofmyanmar #လူကယ်ပြန် #ကလေးငယ်ထောက်ပံ့ရေး
Read MoreDay: September 14, 2019
စစ်ကိုင်းမှာ ဘုန်းကြီး အချင်းချင်း ဓားထိုးမှု ဖြစ်
စစ်ကိုင်း၊စက်တင်ဘာ ၁၄-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့ မီးရထားရပ်ကွက်၊ မုံရွာတေဇောတာရုံကျောင်းတိုက်မှာ စက်တင်ဘာ ၁၃ရက် မနက်ပိုင်းက ဘုန်းကြီးအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့တယ်လို့ မီးရထား ရပ်ကွက် ကဒေသခံတွေ ထံ က နေသိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ နံနက် ၆နာရီ ခန့်က စစ်ကိုင်းမြို့ မီးရထားရပ်ကွက် မုံရွာတေဇောတာရုံ ကျောင်း ဝန်း ထဲ နေထိုင်တဲ့ မဇင်မာလှိုင်က နေအိမ်အတွင်းအိပ်နေတုန်း အိမ်နောက်ဖေးမှာ ဆိုင်ကယ်လဲသံ နဲ့အတူ အဲ့ဒီကျောင်းဝန်းထဲနေတဲ့ မောင်ဝမ်းကွဲဖြစ်သူဦးဇင်း ဂန္ဓမာ အသက် (၃၂)ဝါတော် (၁၂)ဝါ က ”မင်းကိုငါဘာလုပ်လို့တုန်း” ပြောသံကြားလိုက်ရပြီး ကျောင်းတိုက်ရှေ့မြေပြင် မှာ မောင်ဖြစ်သူဦးဇင်းမှာလဲကျနေပြီး တစ်ကျောင်းတည်းနေတဲ့ ဦးဇင်း နန္ဒသီဟ အသက် ၃၂နှစ် ဝါတော် (၁၂)ဝါ က ဓားဦးချွန်ဖြင့်ထိုးနေတဲ့အတွက်…
Read MoreKIA ထိန်းချုပ်နယ်မြေကလွဲလို့ မြစ်ကြီးနားခရိုင်အတွင်း အခြေခံမဲစာရင်းကောက်ယူပြီးစီး
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄-၂၀၁၉ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူစာရင်းကောက်ယူမှု ဩဂုတ်လကစ ပြုလုပ်ခဲ့ရာ KIA ထိန်းချုပ်နယ်မြေတွေကလွဲလို့ အားလုံးစာရင်းကောက်ပြီးနေပြီလို့ မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကပြောသည်။ လူဦးရေစာရင်း အားလုံးကောက်ထားတဲ့အထဲက အသက် ၁၈ နှစ်ပြည့်ပြီးသူတွေကို ကွန်ပျူတာစာရင်းသွင်းနေတာတွေကလည်း စက်တင်ဘာအကုန်တွင် ပြီးမည်သိရသည်။ မြစ်ကြီးနားခရိုင်အတွင်းမြို့နယ် ၆ ခုရှိရာမှာ KIA ထိန်းချုပ်နယ်မြေတွေကိုသာ ကောက်ယူဖို့ ကျန်ရှိတယ်လို့ ပြောပါတယ်။ ကချင်ပြည်နယ် တစ်ခုလုံးအတွက် မဲစာရင်းကောက်ယူမရတဲ့ နေရာတွေကို အားလုံးတိတိကျကျ မပြောနိုင်ပေမယ့် အတက်နိုင်ဆုံး တိကျပြည့်စုံအောင် ဆောင်ရွက်မယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းကပြောပါတယ်။ လက်ရှိမြစ်ကြီးနားခရိုင်အတွင်း လူဦးရေစာရင်းကောက်ယူရာမှာ ၄၄၄၅၉၄ ဦး ရှိပြီး အဲဒီအထဲက အသက်…
Read More၇နှစ်အရွယ် ဒုတိယတန်းကျောင်းသူကို သားမယားပြုကျင့်မှု နတ္တလင်းမှာဖြစ်
နတ္တလင်း -စက်တင်ဘာ၁၄-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းသာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာအုပ်စုမန်းကျည်းပင်ကျေးရွာမှာမနေ့ညနေ၅နာရီဝန်းကျင်လောက်ကလယ်စာရင်းငှါးလုပ်သူကအလုပ်ရှင်ရဲ့သမီးအသက်၇နှစ်အရွယ်ရှိဒုတိယတန်းကျောင်းသူကိုသားမယားပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့တောင်ညိုရဲကင်းက သိရပါတယ်။ စာရင်းငှားအလုပ်သမားကအလုပ်ရှင်ရဲ့သမီး၇နှစ်အရွယ်ကလေးမကိုသားမယားပြုကျင့်နေတာမျက်မြင်တွေ့ခဲ့တဲ့သူက ရဲကင်းစခန်းမှာ သက်သေထွက်ဆိုထားပါတယ်။ “ ကျွန်တော် ဦး—ကိုဖုန်းအားသွင်းဖို့သွားတာမှာလမ်းမှာဦး—အိမ်ကလယ်စာရင်းငှါးလုပ်တဲ့အောင်မင်းနိုင်ကပေါက်ပြားထမ်းပြီးရှေ့ကသွားတယ် နောက်ကဦး—သမီးလေးကတီကောင်တွေထည့်ထားတဲ့အိတ်ကိုကိုင်ပြီးလမ်းရဲ့ဘယ်ဖက်ချုံပုတ်ထဲဝင်သွားတယ်။ ကျနော်လည်းလမ်းဆက်လျောက်လာတာကလေးမလေးရဲ့အော်တဲ့အသံကိုကြားလိုက်ရတယ်အဲ့ဒါနဲ့ချုံပုတ်ထဲသွားကြည့်တော့ကလေးမလေးကို သားမယားကျင့်တာ မြင်တွေ့ရတာပဲလို့”ကိုခင်ဇော်ထွန်းကပြောဆိုပါတယ်။ အောင်မင်းနိုင်အားကိုခင်ဇော်ထွန်းမှဖမ်းဆီးခေါ်ဆောင်လာစဉ်ရွာအနီးမှာထွက်ပြေးသွားတယ်လို့ပြောဆိုပါတယ်။ `”ငါးမျှားဖို့တီကောင်တူးမယ်ဆိုလို့လိုက်သွားတာပါရွာအပြင်ချုံပုတ်နားမှာခဏနားမယ်ဆိုပြီးသားအယားပြုကျင့်ခဲ့တယ်လို့”ကလေးမလေးကသူ့ဖခင်ဦး—ကိုပြောပြာတယ်လို့ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့(ပ)၄၉/၂၀၁၉ရာဇသတ်ကြီးပုဒ်မ၃၇၆နဲ့ဖွင့်ထားပြီး အသက်၁၇နှစ်ရှိဦးအောင်အောင်ရဲ့သားအောင်မင်းနိုင်ကိုတောင်ညိုဆည်ရဲကင်းမှူးဒုရဲအုပ်စိုးပိုင်နဲ့အဖွဲ့မှည၁၂နာရီကကျောက်ခွက်ကျေးရွာအုပ်စုထန်းတောကျေးရွာလမ်းအနီးမှာဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။ #voiceofmyanmar #နတ္တလင်း #ပဲခူးတိုင်း #သက်ငယ်မုဒိမ်း
Read More