ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ လူသတ်မှုတွေမှာ မြန်မာလုပ်သားတွေဘက်က အကူညီပေးဖို့ မြန်မာအစိုးရကိုစာပို့ပေမယ့် အကြောင်းမပြန်

ရန်​ကုန်​ ၊စက်တင်ဘာ၂၃-၂၀၁၉

သူရိန် (VOM)

 

ထိုင်းနိုင်ငံမှာဖြစ်တဲ့လူသတ်မှု​တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တာဝန်​ရှိသူ​တေဆီ စာပို့ထား​ပေမယ့်​ အကြောင်းမပြန်သေးဘူးလို့ ရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေတဲ့ဦးထူးချစ်က ဒီကနေ့စက်တင်ဘာလ၂၃ရက်နေ့ ရန်ကုန်မြို့ Lotte ဟိုတယ်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

 

 

ပြီးခဲ့တဲ့၂၀၁၄ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းစူရပ်ဌာနီခရိုင်၊ ကော့တောင်မှာဖြစ်ပွားခဲ့တဲ့ကမ္ဘာလှည့်ခရီးသည်၂ဦးသတ်ဖြတ်ခံရမှုနဲ့၂၀၁၅ခုနှစ်ထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့မှာအသက်၁၇နှစ်အရွယ်ထိုင်းကျောင်းသူတစ်ဦးသတ်ဖြတ်ခံရမှုတွေမှာ လိုက်ပါကူညီပေးခဲ့တဲ့  ထိုင်းရှေ့နေများကောင်စီမှရှေ့နေတွေကသတင်းစာရှင်းလင်းပွဲ ဒီကနေ့လုပ်ခဲ့တာဖြစ်ပါတယ်။

 

 

“ ကိုယ့်နိုင်ငံသားတစ်ယောက်အနေနဲ့မတရားဖမ်းဆီးခံရတာသေချာနေတယ်ဆိုရင် အစိုးရဘက်ကနေကူညီဆောင်ရွက်ပေးပါလို့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံထားတဲ့စာတွေသွားပို့ထားပါတယ်။ လက်ခံယူထားတဲ့သူတွေရဲ့ နာမည်နဲ့ လက်ခံယူခဲ့တဲ့ရက်စွဲတွေအတိအကျရှိထားပါတယ်။ဆိုလိုတာကတော့လူသတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်သမ္မတနဲ့ တာဝန်ရှိသူတွေကိုစာပို့ထားတာမှာ ယနေ့အချိန်အထိအကြောင်းပြန်ထားခြင်းမရှိသေးပါဘူးလို့  “ ဦးထူးချစ်ကပြောပါတယ်​။

 

 

ပြီးခဲ့တဲ့၂၀၁၄ခုနှစ်စက်တင်ဘာလ၁၅ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊စူရပ်ဌာနီခရိုင်၊ကော့တောင်(လိပ်ကျွန်း)ဗြိတိန်နိုင်ငံသားကမ္ဘာလှည့်ခရီးသည်(၂)ဦးသတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာရွေ့ပြောင်းလုပ်သား(၂)ဦးဖြစ်​တဲ့မောင်ဇော်လင်းနဲ့မောင်ဝင်းဇော်ထွန်း(ခ)ဝေဖြိုးတို့ကိုလူသတ်မှု၊မုဒိမ်းမှု၊လုယက်မှု၊အုပ်စုဖွဲ့တိုက်ခိုက်မှု၊ပူးပေါင်းကြံစည်မှု၊တရားမဝင်ခိုးဝင်မှု၊တရားမဝင်နေထိုင်မှုစတဲ့အမှုပေါင်း(၇)မှုနဲ့တရားစွဲခဲ့ပြီးသေဒဏ်​ချမှတ်​ခံခဲ့ရပါတယ်။

 

#voiceofmyanmar #လိပ်ကျွန်းလူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW