တရားရုံးကဦး​ဆောင်​​စေ့စပ်​​ဆွေး​နွေးတဲ့ကိစ္စ စမ်းသပ်​​နေတာ အောင်​မြင်​ရင်​ ​အခြားတရားရုံး​တွေမှာလည်းတိုးချဲ့မယ်

မန္တ​လေးစက်​တင်​ဘာ၁၂- ၂၀၁၉ ဖြူဖြူ(VOM)   တရားရုံးအချို့မှာ​ရှေ့​ပြေးအဖြစ်​ စမ်းသပ်​​ဆောင်​ရွက်​​နေတဲ့တရားရုံးကဦး​ဆောင်​​စေ့စပ်​​ဆွေး​နွေးခြင်းကိစ္စ​အောင်​မြင်​ရင်​ ​နောက်​ပိုင်းမှာတိုင်းနဲ့ပြည်​နယ်​အသီးသီးရှိတရားရုံး​တွေမှာလည်းတိုးချဲ့လုပ်​ကိုင်​သွားမယ်​လို့ဒီ​နေ့စက်​တင်​ဘာ၁၂ရက်​ကကျင်းပတဲ့ဒုတိယအကြိမ်​မန္တ​လေးတိုင်းလွှတ်​​တော်​၁၅ကြိမ်​​မြောက်ပုံမှန်​အစည်းအ​ဝေးကသိရပါတယ်​။       Court Lead Mediation (တရားရုံးမှဦး​ဆောင်​ ​စေ့စပ်​​ဆွေး​နွေးခြင်း)ကိစ္စကိုလက်​ရှိမှာ​နေပြည်​​တော်​ဒက္ခိဏခရိုင်​တရားရုံး၊တပ်​ကုန်းမြို့နယ်​တရားရုံး၊ပဲခူးတိုင်း​တောင်​ငူခရိုင်​တရားရုံး၊​တောင်​ငူမြို့နယ်​တရားရုံး​တို့မှာစမ်းသပ်​ကာလအဖြစ်​ ​၂၀၁၉ခုနှစ်မတ်​လ၁ရက်​က​စပြီးတစ်​နှစ်​သတ်​မှတ်​ကာစတင်​ကျင့်​သုံး​​နေတာဖြစ်​ပါတယ်​။     “​အောင်​မြင်​မှုအ​ပေါ်မူတည်​ပြီး​တော့ဆက်​လက်​လုပ်​​ဆောင်​ရမယ့်​အစီအစဉ်​​တွေကိုလုပ်​ထုံးလုပ်​နည်းနဲ့အညီနည်းလမ်းတကျချမှတ်​ဖို့အစီအစဉ်​ရှိပါတယ်​။”လို့မန္တ​လေးတိုင်းတရားလွှတ်​​တော်​တရားသူကြီးချုပ်​ဦးစိုးသိန်းက​ပြောပါတယ်​။       တရားရုံးအချို့မှာစမ်းသပ်​ကျင့်​သုံး​နေပြီးဖြစ်​​တဲ့Court Lead Mediation (တရားရုံးမှဦး​ဆောင်​ ​စေ့စပ်​​ဆွေး​နွေးခြင်း)ကိစ္စကိုကျယ်​ကျယ်​ပြန့်​ပြန့်​သိရှိလိုတာနဲ့ပတ်​သက်​ပြီးမန္တ​လေးတိုင်းချမ်းမြသာစည်​မြို့နယ်​မဲဆန္ဒနယ်​အမှတ်​၁တိုင်းလွှတ်​​တော်​ကိုယ်​စားလှယ်​ဦးတင်​​အောင်​က​မေးမြန်းစဉ်​ ​ကောင်းမွန်​တဲ့​ဆောင်​ရွက်​ချက်​ဖြစ်​လို့တိုးချဲ့လုပ်​ကိုင်​ဖို့ရှိမရှိအ​ပေါ်အဲဒီလို​ဖြေကြားခဲ့တာပါ။       “ဒီကိစ္စဟာအင်​မတန်​​ကောင်းတဲ့အရာဖြစ်​ပါတယ်​။  ဒါဟာတရားရုံး​တွေမှာလည်းမလိုအပ်​ဘဲအမှုကြန့်​ကြာခြင်း​တွေမရှိ​တော့ဘူး။အမှု​တွေမြန်​ဆန်​ဖို့လည်းဖြစ်​မယ်​။ဥပ​ဒေကိုနားမလည်​လို့တရားစွဲတဲ့သူ​တွေလည်းမိမိရဲ့အမှုနဲ့ပတ်​သက်​တဲ့တရားမျှတမှု​တွေကိုလွယ်​လင့်​တကူရှာ​ဖွေနိုင်​တာဖြစ်​တဲ့အတွက်​ဒီလုပ်​ငန်းကိုကျ​နော်​တို့အား​ပေးပါတယ်​။”လို့ဦးတင်​​အောင်​က​မေးခွန်းမေးမြန်းစဉ်​မှာ​ထောက်​ခံ​ကြောင်း​ပြောဆိုခဲ့ပါတယ်​။       နိုင်​ငံတကာတရားရုံး​တွေက​​တော့​စေ့စပ်​ညှိနှိုင်း​ပေးတာ​တွေ​ဆောင်​ရွက်​​ပေး​နေသလိုတရားခွင်​ရဲ့ပုံစံသဏ္ဍာန်​လိုမဟုတ်​ဘဲတရားမျှတမှုကိုရှာ​ဖွေကြတဲ့လုပ်​ငန်း​တွေလုပ်​​ဆောင်​​နေကြပြီးဒါကိုကမ္ဘာအနှံ့မှာလည်းထိ​ရောက်​မှုရှိတဲ့အငြင်းပွားမှု​ဖြေရှင်း​ရေးစနစ်​အဖြစ်​သတ်​မှတ်​ထားတာ​ဖြစ်​ပါတယ်​။         ဒါ​ကြောင့်​ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​က​နေနှစ်​ဖက်​အမှုသည်​များအကြားမှာဖြစ်ပွား​နေတဲ့အငြင်းပွားမှု​တွေကိုဥပ​ဒေနဲ့အညီ​စေ့စပ်​​ဖြေရှင်းခြင်းဖြင့်​သ​ဘောတူညီမှုကိုရရှိ​စေဖို့ဆိုပြီး​တော့တရားရုံးကဦး​ဆောင်​တဲ့​စေ့စပ်​​ဖြေရှင်း​ရေးစနစ်​ကိုအ​ကောင်​အထည်​ ​ဖော်​​ဆောင်​ရွက်​ဖို့ဂျပန်​အပြည်​ပြည်​ဆိုင်​ရာပူး​ပေါင်း​ဆောင်​ရွက်​​ရေး​အေဂျင်​စီနဲ့ပူး​ပေါင်းပြီး​ဆောင်​ရွက်​ခဲ့တယ်​လို့သိရပါတယ်​။     “​စေ့စပ်​ညှိနှိုင်းမှုလုပ်​တဲ့​နေရာမှာတရားရုံးကအမိန့်​ချသလိုဘယ်​သူနိုင်​​စေ၊ဘယ်​သူရှုံး​စေအမိန့်​ချတာမဟုတ်​ဘဲနှစ်​ဖက်​​အမှုသည်​​တွေသ​ဘောဆန္ဒကိုကျ​နော်​တို့ညှိနှိုင်း​ပေးရုံသက်​သက်​ပဲဖြစ်​ပါတယ်​။”လို့ဦးစိုးသိန်းက​ပြောပါတယ်​။     ဒီလို​ဆောင်​ရွက်​ရာမှာ​စေ့စပ်​​ဖြေရှင်း​ရေးအရာရှိဟာအမှုစစ်​တရားသူကြီး၊အဲဒီတရားရုံးကတရားသူကြီး​တွေမဟုတ်​ဘဲတခြားတရား​ရေးကတရားသူကြီး​တွေက​စေ့စပ်​ညှိနှိုင်း​ပေးမှာဖြစ်​ပါတယ်​။   Court Lead Mediation တရားရုံးမှဦး​ဆောင်​ ​စေ့စပ်​​ဆွေး​နွေးခြင်းမှာတရားရုံးကို​ရောက်​လာတဲ့အမှု​တွေထဲက​နေတရားမအမှု​တွေကို​စေ့စပ်​ညှိနှိုင်း​ဆောင်​ရွက်​​ပေး​နေတာဖြစ်​ပြီးအဲဒီထဲကမှ​ငွေ​ရေး​ကြေး​ရေးပြသနာ၊ကူးသန်း​ရောင်းဝယ်​​ရေးပြသနာ၊မိသားစုပြဿနာ​တွေကိုသာ​စေ့စပ်​ညှိနှိုင်း​ပေး​နေတာလို့ ဦးစိုးသိန်းကဆိုပါတယ်။     လက်​ရှိစမ်းသပ်​ကျင့်​သုံး​နေတဲ့​ တရားရုံး​လေးခုရဲ့ရလဒ်အ​နေနဲ့၂၅ရာခိုင်​နှုန်း​အောင်​မြင်​မှုရှိ​နေပြီးအလားအလာ​ကောင်းတယ်​လို့သိရပါတယ်​။ဒီစမ်းသပ်​တရားရုံး​အောင်​မြင်​မှုအ​ခြေအ​နေ​တွေကြည့်​ပြီးCourt Lead…

Read More

အဆုံးသတ်နိုင်ဖွယ်မရှိသေးသည့်အမေရိကန်-အာဖဂန် အကြာရှည်ဆုံးစစ်ပွဲ 

မျိုးဆက်(VOM)     ၂၀၀၁ခုနှစ်စက်တင်ဘာ၁၁ရက်တွင်နယူးယောက်ရှိကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံနှင့်ဝါရှင်တန်ဒီစီရှိပင်တဂွန်စစ်ဌာနချုပ်တို့ကိုအယ်လ်ခိုင်ဒါအဖွဲ့ကတိုက်ခိုက်ခဲ့ပြီးနောက်စတင်ခဲ့သည့်အမေရိကန်၏အာဖဂန်စစ်ပွဲမှာ၁၈နှစ်ကြာကာလအတွင်းချဉ်းနှင်းလာပြီဖြစ်သည်။     လူသုံးထောင်နီးပါးသေဆုံးခဲ့သည့်တိုက်ခိုက်မှုအတွက်ဦးဆောင်ခဲ့သူအယ်လ်ခိုင်ဒါအကြမ်းဖက်ခေါင်းဆောင်အိုစမာဘင်လာဒင်ကိုလွှဲပြောင်းပေးရေးအာဖဂန်နစ္စတန်တွင်အစိုးရဖြစ်နေသည့်တာလီဘန်တို့ကိုတောင်းဆိုသော်လည်းပယ်ချအပြီးတွင်သမ္မတဂျော့ဒဗလျူဘုရှ်ကစစ်ရေးအရလက်တုံ့ပြန်ခဲ့ပြီးအာဖဂန်စစ်ပွဲစခဲ့လေသည်။     လက်ရှိအချိန်ထိအာဖဂန်စစ်ပွဲကြောင့်နေတိုးတပ်ဖွဲ့ဝင်၃၅၀၀နီးပါးကျဆုံးခဲ့ပြီး၎င်းတို့ထဲမှ၂၃၀၀ကျော်မှာအမေရိကန်တပ်ဖွဲ့ဝင်များဖြစ်ကာ၂၀၁၉ခုနှစ်အထိစစ်ရေးအသုံးစရိတ်ဒေါ်လာ၉၇၅ဘီလီယံကျော်ကျခံသုံးစွဲခဲ့ရသဖြင့်အမေရိကန်အနေဖြင့်လည်းအဖက်ဖက်မှအထိနာစေသည်။     ကာလရှည်စစ်ပွဲအဆုံးသတ်ရေးအမေရိကန်၏ကနဦးချဉ်းကပ်မှုမှာတာလီဘန်အဖွဲ့နှင့်လက်ရှိအုပ်ချုပ်နေသည့်အာဖဂန်အစိုးရအကြားစေ့စပ်ညှိနှိုင်းပေးရေးဖြစ်သည်။သို့သော်သမ္မတဂါနီဦးဆောင်သည့်လက်ရှိအာဖဂန်အစိုးရသည်အနောက်အုပ်စုကတင်မြောက်ထားသည့်ရုပ်သေးအစိုးရဟုတာလီဘန်တို့ကသမုတ်ပြီးတွေ့ဆုံဆွေးနွေးရေးကိုအကြိမ်ကြိမ်ပယ်ချခဲ့ခြင်းကြောင့်ရွေးချယ်ခွင့်မရှိတော့သည့်အမေရိကန်အနေဖြင့်တာလီဘန်များနှင့်ဆွေးနွေးခြင်းပြုခဲ့ရသည်။     အဆိုပါကာလရှည်စစ်ပွဲဆင်နွှဲနေခြင်းအတွက်အမေရိကန်ပြည်သူများကအပြည့်အ၀ထောက်ခံခြင်းမရှိတော့သလိုအစိုးရအနေဖြင့်လည်းစစ်ပွဲအဆုံးသတ်ရေးဦးတည်လုပ်ဆောင်နေပြီးလွန်ခဲ့သည့်နှစ်ကတည်းကအချက်လေးချက်အပေါ်အခြေခံကာတာလီဘန်များနှင့်ကြိမ်ဖန်များစွာဆွေးနွေးခဲ့သည်။   အယ်လ်ခိုင်ဒါနှင့်အိုင်အက်စ်ကဲ့သို့သောစစ်သွေးကြွအဖွဲ့များကိုတာလီဘန်တို့ကအာဖဂန်တွင်အခြေချလှုပ်ရှားခွင့်မပြုရေး၊အမေရိကန်နှင့်နေတိုးတပ်ဖွဲ့ဝင်များအာဖဂန်မြေမှအပြီးတိုင်းရုပ်သိမ်းရေး၊အမေရိကန်-တာလီဘန်-အာဖဂန်အစိုးရတို့အကြားသုံးပွင့်ဆိုင်ဆွေးနွေးရေးနှင့်နိုင်ငံအတွင်းအပစ်အခတ်ရပ်ဆဲရေးတို့ဖြစ်သည်။     ဆွေးနွေးပွဲကာလများအတွင်းအမေရိကန်အပါအ၀င်နေတိုးတပ်ဖွဲ့ဝင်များအာဖဂန်မြေမှရုပ်သိမ်းမည့်အချိန်ကာလကိုမကြေညာသေးသရွေ့မည်သည့်ကတိက၀တ်မှပေးမည်မဟုတ်ကြောင်းတာလီဘန်ကိုယ်စားလှယ်များက  အခိုင်အမာပြောဆိုထားသည်။     နှစ်ဘက်အကြားအာဖဂန်စစ်ပွဲအဆုံးသတ်ရေးဆွေးနွေးမှုများတွင်ကာတာနိုင်ငံဒိုဟာမြို့တွင်ပြုလုပ်သောကိုးကြိမ်မြောက်အစည်းအဝေးအပြီးသဘောတူညီချက်မူကြမ်းတစ်ရပ်ကိုစက်တင်ဘာလဆန်းတွင်ပထမဆုံးအကြိမ်ထုတ်ပြန်နိုင်ခဲ့သည်။     မူကြမ်းအရ  တပ်ဖွဲ့ဝင်၅၄၀၀ကိုရုပ်သိမ်းပေးသွားမည်ဟုအမေရိကန်ဘက်ကသဘောတူထားသည်။လက်ရှိတွင်အာဖဂန်၌တပ်ဖွဲ့ဝင်၁၄၀၀၀နီးပါးရှိနေပြီးရုပ်သိမ်းရေးသဘောတူညီချက်အတွက်  ဒေါ်နယ်ထရန့်အတည်ပြုရန်လိုအပ်နေသေးသည်။     ယင်းသို့တပ်ဖွဲ့ဝင်များကို  ရုပ်သိမ်းပေးခြင်းအတွက်အပြန်အလှန်အားဖြင့်  တာလီဘန်တို့သည်အယ်ခိုင်ဒါနှင့်အိုင်အက်စ်ကဲ့သို့သောအကြမ်းဖက်အဖွဲ့များကိုနိုင်ငံအတွင်းအခြေချလှုပ်ရှားခြင်းများကိုခွင့်မပြုရေးအာမခံရတော့မည်ဖြစ်သည်။     တာလီဘန်တို့အစဉ်တစ်စိုက်တောင်းဆိုခဲ့သည့်အတိုင်းတပ်ဖွဲ့ဝင်များရုပ်သိမ်းရေးအမေရိကန်ကကနဦးသဘောတူခဲ့ခြင်းမှာထင်သလောက်အောင်မြင်ခြင်းမရှိသည့်၁၈နှစ်ကြာအာဖဂန်စစ်ပွဲအတွင်းမှသိက္ခာရှိစွာဆုတ်ခွာရေးအတွက်ပြင်ဆင်လာပုံရသည်။     သို့သော်တပ်ဖွဲ့ဝင်များရုပ်သိမ်းလိုက်ပါကစစ်သွေးကြွများပြန်လည်ခေါင်းထောင်လာပြီးအမေရိကန်နှင့်မဟာမိတ်များကိုတိုက်ခိုက်လာနိုင်ခြေနှင့်ပတ်သက်ပြီးအနောက်အုပ်စုကတွက်ဆနေသည့်အပြင်တာလီဘန်တို့၏အကြမ်းဖက်မှုများပိုမိုမြင့်တက်လာမည်ကိုလည်းအာဖဂန်ပြည်သူများကစိုးရိမ်နေကြသည်။     လက်ရှိတွင်အာဖဂန်နစ္စတန်၌၂၂၉ခရိုင်ကိုအစိုးရကထိန်းချုပ်ထားပြီး၅၉ခရိုင်ကိုတာလီဘန်တို့ကထိန်းချုပ်ထားကာကျန်၁၁၉ခရိုင်ကိုမည်သည့်ဘက်ကမျှထိန်းချုပ်ထားနိုင်ခြင်းမရှိကြောင်းအစီရင်ခံစာများတွင်ဖော်ပြသည်။ယင်းမှာအစိုးရအဖြစ်မှ၂၀၀၁ခုနှစ်တွင်ပြုတ်ကျခဲ့သော်လည်းလက်ရှိအချိန်တွင်အာဖဂန်ရှိနယ်မြေများကိုပိုမိုထိန်းချုပ်ထားနိုင်ခဲ့သည့်သဘောဖြစ်သည်။     နိုင်ငံတွင်းပဋိပက္ခဖြစ်ပွားနေသည့်တာလီဘန်နှင့်အာဖဂန်အစိုးရကြားတွင်  ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့မရှိပေ။  လက်တွေ့ဆွေးနွေးမည်ဆိုပါကအာဖဂန်အစိုးရဟောင်းဖြစ်သည့်တာလီဘန်တို့ကလည်းနယ်မြေစိုးမိုးပိုင်ဆိုင်ရေးနှင့်အာဏာခွဲဝေမှုများကိုလက်ရှိအစိုးရအားတောင်းဆိုလာနိုင်သည်။     ထို့ကြောင့်အာဖဂန်စစ်မြေပြင်မှသိက္ခာရှိစွာဆုတ်ခွာရေးအမေရိကန်အတွက်နောက်ထပ်စိန်ခေါ်မှုမှာတာလီဘန်နှင့်အာဖဂန်အစိုးရအကြားတွေ့ဆုံဆွေးနွေးရေးဖြစ်ပြီး  အန္တိမပန်းတိုင်မှာသုံးဦးသုံးဖလှယ်တွေ့ဆုံကာအပစ်အခတ်ရပ်စဲရေးပင်ဖြစ်သည်။     စစ်ပွဲအဆုံးသတ်လိုသည့်အမေရိကန်အနေဖြင့်နှစ်ဘက်အကြားမဖြစ်မနေကြားပွဲစားလုပ်နေရပုံရှိပြီှးတပ်ဖွဲ့ဝင်များရုပ်သိမ်းရေးအပါအ၀င်တာလီဘန်တို့နှင့်သဘောတူညီချက်မူကြမ်းတစ်ရပ်ကိုစက်တင်ဘာလဆန်း၌ထုတ်ပြန်နိုင်ခဲ့ခြင်းက  ထင်သာမြင်သာတိုးတက်မှုတစ်ရပ်ဟုဆိုနိုင်သည်။     သို့သော်ယင်းသဘောတူညီချက်ထုတ်ပြန်အပြီးမကြာမီတာလီဘန်ထိပ်တန်းခေါင်းဆောင်များ၊အာဖဂန်သမ္မတဂါနီတို့နှင့်စက်တင်ဘာ၈ရက်တွင်အမေရိကန်နိုင်ငံမေရိလန်း၌သီးခြားစီပြုလုပ်မည့် …

Read More

တာလီဘန်တွေကို အပြင်းအထန်တိုက်ခိုက်တော့မယ်လို့ ဒေါ်နယ်ထရန့်ကြေညာ

နယူးယောက်၊စက်တင်ဘာ-၁၂-၂၀၁၉ မျိုးဆက်(VOM)     တာလီဘန်တွေကိုအမေရိကန်ကအပြင်းအထန်တိုက်ခိုက်သွားတော့မယ်လို့  အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအာဖဂန်စစ်ပွဲဖြစ်စေဖို့တွန်းပို့ခဲ့သည့်9/11 တိုက်ခိုက်မှု၁၈နှစ်ကြာနှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကိုစက်တင်ဘာ၁၁ရက်ကပြုလုပ်ခဲ့ရာမှာကတိပြုပြောဆိုလိုက်ပါတယ်။     သမိုင်းဝင်ဖြစ်လာနိုင်တဲ့ အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဖျက်သိမ်းခဲ့တဲ့ဒေါ်နယ်ထရန့်ဟာ  အမေရိကန်မြေပေါ်က  အသေအပျောက်အများဆုံးအကြမ်းဖက်တိုက်ခိုက်မှုကြောင့်သေဆုံးသွားသူများအတွက်အောက်မေ့ဖွယ်အခမ်းအနားကိုနယူးယောက်နဲ့ဝါရှင်တန်တို့မှာပြုလုပ်ပြီးနောက်  တာလီဘန်တို့နဲ့ပတ်သက်ပြီးထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။     9/11 တိုက်ခိုက်မှုမှာ  သေဆုံးခဲ့တဲ့  လူ၃၀၀၀နီးပါးအတွက်ပင်တဂွန်မှာပြုလုပ်တဲ့ဂုဏ်ပြုအခမ်းအနားမှာဒေါ်နယ်ထရန့်ကမိန့်ခွန်းပြောကြားခဲ့ပြီးတာလီဘန်တို့အပေါ်စစ်ရေးအရတိုက်ခိုက်ခြေမှုန်းရေးတွေကိုမကြုံစဖူးအရှိန်မြှင့်လုပ်ဆောင်မယ်လို့သူကကြေညာခဲ့ပါတယ်။     ဒီလိုထိုးစစ်ဆင်နွှဲဖို့နဲ့ပတ်သက်ပြီးချက်ချင်းရှင်းစွာမရှိရသေးပါဘူ။ဒါပေမယ့်ပြီးခဲ့တဲ့  သီတင်းပတ်ကအမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှုအတွက်လက်တုံ့ပြန်မှုအဖြစ်တာလီဘန်တို့နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဖျက်သိမ်းလိုက်ပြီးနောက်မှာထိုးစစ်ဆင်ဖို့အမိန့်ထုတ်ခဲ့တယ်လို့ဒေါ်နယ်ထရန့်ကပြောပါတယ်။     ဒါ့အပြင်စစ်သွေးကြွတွေဟာ  အမေရိကန်မှာတိုက်ခိုက်မှုတွေထပ်မံလုပ်ဆောင်နိုင်တယ်လို့လည်းထရန့်ကသတိပေးပြောဆိုပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲဖျက်သိမ်းလိုက်တာကြောင့်အာဖဂန်မြေမှာအမေရိကန်သာပိုအထိနာမယ်လို့တာလီဘန်အဖွဲ့ကထုတ်ဖော်ပြောဆိုထားပါတယ်။     Ref : CNA Photo : AFP  

Read More

မိုးဆိုရင် ပဲခူးဟာ ရေအမြဲကြီးလို့ နောင်ရေမကြီးဖို့ ကော်မတီဖွဲ့ဆောင်ရွက်နေ

ပဲခူးစက်​တင်​ဘာ၁၂-၂၀၁၉ မိုးယံ(VOM)     ပဲခူးတိုင်းပဲခူးမြို့မှာ  ပဲခူးမြစ်​​ရေဟာစက်​တင်​ဘာ၁၂မနက်​၆နာရီခွဲ တိုင်းတာချက်​အရစိုးရိမ်​​ရေမှတ်​ အထက်​ ၁၉စင်​တီမီတာ​ကျော်​လွန်​​နေပြီးဆက်​လက်​မြင့်​တက်​​နေတာကြောင့် ရပ်ကွက်တချို့ ရေဝင်နေပါတယ်။   ​ရေကြီးနေ​တဲ့ လူ​နေအိမ်​တွေက မိသားစုတွေ စား​ဝတ်​​နေ​ရေးအခက်​အခဲဖြစ်​​နေပြီးစာသင်​​ကျောင်း၂၅​ကျောင်း ပိတ်​ထားရတယ်​လို့ ပဲခူးအ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနကသိရပါတယ်​။   ပဲခူးမြို့မှာယခုအချိန်​ထိကယ်​ဆယ်​​ရေးစခန်းဖွင့်​ထားခြင်းမရှိ​သေးဘဲနီးစပ်​ရာဘုန်းကြီးကျောင်းတွေမှာ​ရွှေ့​ပြောင်း​နေထိုင်​ကြတယ်​လို့ ကျွန်းသာယာရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးဦးမျိုး​ဇော်​ထွဋ်​က​   “ သူတို့​နေ​ရေးထိုင်​​ရေးအဆင်​​ပြေ​စေဖို့်​ အ​နောက်​​ရွှေနံ့သာ​ကျောင်းတိုက်​မင်္ဂလာ​ဇေယျုံစာသင်​တိုက်​ငြိမ်းချမ်း​ဇေယျာစာသင်​တိုက်​ဒက္ခိဏာသာခါ ဘုန်း​တော်​ကြီးကျောင်း​တွေမှာယာယီ​နေထိုင်​ဖို့စီစဉ်​​ပေးထားပါတယ်​အိမ်​​ထောင်​စု​ပေါင်း၁၆၄စုလူဦး​ရေ၇၂၀နေထိုင်​​နေပါတယ်​” လို့​ပြောပါတယ်​။   ​ရေကြီး​ရေလျှံမှုနဲ့ပတ်​သက်​ပြီး ပြင်ဆင်နေတဲ့အနေအထားကို  ပဲခူးတိုင်းအစိုးရအဖွဲ့လယ်/ဆည်​ဝန်​ကြီးဦး​အောင်​​ဇော်​နိုင်​ကအခုလို​ပြောပါတယ်​။   “ အနိမ့်​ပိုင်းဖြစ်​လို့ မိုး​ဟေ့ဆို​ရေကဝင်​မှာဘဲ  စိုးရိမ်​​ရေမှတ်​ဖြစ်​လို့​နေ​ရေးထိုင်​​ရေးအခက်​အခဲဖြစ်​ရင်​ကယ်​ဆယ်​​ရေးစခန်း​တွေဖွင့်​​ပေးမှာပါ၊ ဒါကလတ်​တ​လော​ဆောင်​ရွက်​ရမယ့်​ပလန်ပါ​ရေရှည်​​ဆောင်​ရွက်​ရမယ့်​ပလန်​က​တော့ဒီ​နေရာ​တွေကို​ရေမကြီးဖို့ပဲခူးတိုင်း​ဒေသကြီးအစိုးရက​ရေကြီးနစ်​မြုပ်​မှု​ ကာကွယ်​​ရေး​ကော်​မတီဖွဲ့ပြီး ​ဆောင်​ရွက်​​နေပါတယ်​လို့” ​ဆိုပါတယ်​။   ပဲခူးတိုင်းအ​နောက်​ခြမ်းလက်​ပံတန်းမြို့နယ်​မှာ စာသင်​​ကျောင်း၁၄​ကျောင်း မင်းလှမြို့နယ်​မှာ ၁၉​ကျောင်း၊ နတ္တလင်းမြို့နယ်​မှာ၃​ကျောင်း၊ စုစု​ပေါင်း၃၆​ကျောင်း၊ ပဲခူးအ​ရှေ့ခြမ်း ပဲခူးခရိုင်​မှာ၂၅​ကျောင်းပိတ်​ထားရတယ်​လို့ ပဲခူးတိုင်း​ပညာ​ရေးမှူးရုံးမှသိရပါတယ်​။   #voiceofmyanmar #ပဲခူးရေကြီး

Read More

ဂျပန်နိုင်ငံမှာမုန်တိုင်းတိုက်ပြီးနှစ်ရက်ကြာချိန်ထိအိမ်ခြေသုံးသိန်းခွဲနီးပါးဓါတ်အားပြတ်တောက်နေ

တိုကျို၊စက်တင်ဘာ-၁၂-၂၀၁၉ မျိုးဆက်(VOM)   ဂျပန်နိုင်ငံအင်အားပြင်းတိုက်ဖွန်းမုန်တိုင်းဖာဇိုင်တိုက်ခတ်ပြီးနှစ်ရက်ကြာချိန်ထိတိုကျိုအနီးချီဘာပြည်နယ်မှာရှိတဲ့အိမ်ထောင်စု၃၄၀၀၀၀ဟာလျှပ်စစ်ဓါတ်အားပြတ်တောက်နေဆဲဖြစ်ပါတယ်။     ပြည်နယ်အတွင်းလျှပ်စစ်ဓါတ်အားအပြည့်အ၀ပြန်လည်ရရှိဖို့တွက်စက်တင်ဘာ၁၃ရက်အထိလုပ်ဆောင်သွားရမယ်လို့တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီကပြောပါတယ်။     ဒေသခံတွေဟာလျှပ်စစ်ဓါတ်အားပြတ်တောက်မှုနဲ့ရင်ဆိုင်နေရတဲ့အပြင်တယ်လီဖုန်းဆက်သွယ်ရေးမကောင်းတာမျိုးတွေလည်းဖြစ်ပေါ်နေတယ်လို့ကီမစ်ဆုမြို့တော်ဝန်ကအခြေအနေကိုထုတ်ဖော်ပြောဆိုပါတယ်။     အပျက်အစီးတွေဟာငလျင်လှုပ်ခတ်သွားတဲ့ပုံစံမျိုးဖြစ်နေပြီးဒေသခံတွေအတွက်အမှန်တကယ်အရေးကြီးတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ဆက်လက်ပူပြင်းနေတဲ့ရာသီဥတုကြောင့်အခြေအနေဟာပိုမိုဆိုးရွားနေပြီးဒေသခံတွေဟာလေအေးပေးစက်တွေအသုံးမပြုနိုင်တဲ့အပြင်ရေပေးဝေမှုပြတ်တောက်တွေလည်းဖြစ်ပေါ်နေပါတယ်။       ချီဘာစီရင်စုအတွင်းမှာအပူမြှင့်တက်မှုဒါဏ်ခံစားရပြီးလူနှစ်ဦးသေဆုံးသွားပါတယ်။ချီဘာမြို့နဲ့ဝန်းကျင်ဒေသတွေအတွက်စက်တင်ဘာ၁၂ရက်မှာလျှပ်စစ်ဓါတ်အားပြန်လည်ရရှိရဖို့မျှော်လင့်ထားကြောင်း၊ဒါပေမယ့်နာရီတာ၊ကီဆာရာဇူမြို့အပါအ၀င်အခြားဒေသတွေမှာတော့လျှပ်စစ်ဓါတ်အားပြန်လည်ရရှိဖို့နှစ်ရက်ထက်မနည်းအချိန်ယူရဦးမှာဖြစ်တယ်လို့တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီတာဝန်ရှိသူတွေကထုတ်ဖော်ပြောဆိုပါတယ်။     Ref & Photo : NHK   #voiceofmyanmar#ဂျပန် #လျှပ်စစ်ပြတ်တောက်  

Read More

ပဲခူးတိုင်းဝန်ကြီးချုပ်ကတိအတိုင်း အကောင်အထည်ဖေါ်မပေးသေးလို့ မိုးညိုမှာ ဆန္ဒပြ

မိုးညိုစက်​တင်​ဘာ၁၂-၂၀၁၉ မိုးယံVOM   ပဲခူးတိုင်းဝန်​ကြီးချုပ်​အနေနဲ့ မြို့မ​ရှောက်​ပင်​ထုံးအင်းပယ်​ဖျက်​​ပေးမည်​ဖြစ်​​ကြောင်း​ပြောထားတဲ့ ကတိစကားကို အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​ပေးဖို့  ပဲခူးတိုင်းမင်းလှမြို့နယ်​မိုညိုမြို့မှာဒီ​နေ့မနက်၉နာရီကရေလုပ်​သားအင်​အားငါးရာဝန်းကျင်​နဲ့ ဆန္ဒဖော်​ထုတ်​ခဲ့ကြပါတယ်​။   “ ဇွန်​လ၂၃ရက်က ​ပဲခူးတိုင်းဝန်​ကြီးချုပ်​နဲ့​ ဒေသခံ​တွေ ​တွေ့ဆုံပွဲမှာ ​ရေလုပ်​သား​တွေက မိရိုးဖလာဘိုးစဉ်​​ဘောင်​ဆက်​ရှာ​ဖွေစား​သောက်​ခဲ့တဲ့ လှိုင်​မြစ်​လို့​ခေါ်တဲ့မြစ်​မခမြစ်​ကြို မစ်​အဖြစ်​သတ်​မှတ်​ပေးပါလို့​တောင်းဆိုချက်​ကို ဝန်​ကြီးချုပ်​ကယခင်​အစိုးရကဘာ​တွေပဲလုပ်လုပ်​ လက်​ရှိဒီမိုက​ရေစီ​ပြောင်းလဲ​နေတဲ့​ခေတ်​မှာ မြစ်​အဖြစ်​သတ်​မှတ်​ပြီး မြို့မ​ရှောက်​ပင်​ထုံးအင်းကိုအင်းအဖြစ်​စွန့်​လွှတ်​​ပေးမယ်​ဆိုပြီး​ပြောဆိုသွားပါတယ်။ ​ဒါကိုနှုတ်​မိန့်​တင်​မဟုတ်​ဘဲတရားဝင်​စာနဲ့အမိန့်​ထုတ်​​ပေးဖို့ ​ရေလုပ်​သား​တွေအတွက်​ ဘုံငါးဖမ်းကွက်​ပြုလုပ်​​ပေး​စေချင်​လို့ အခုလိုဆန္ဒထုတ်​​ဖော်​ရတာပါလို့”  ဦး​ဆောင်​သူဦး​မျိုးသန့်​က​ပြောပါတယ်​။   ​ဒေသခံပြည်​သူတွေဟာမြစ်​မခမြစ်​ကို အမှီပြုပြီး အသက်​​မွေးဝမ်း​ကျောင်းပြု​နေကြရသူ​တွေဖြစ်​လို့ အင်းအဖြစ်​သတ်​မှတ်​မယ်​ဆိုရင်​ ငွေရှိသူက လေလံဆွဲမှာမို့  လက်လုပ်လက်စားတွေအတွက် စားဝတ်​နေ​ရေး  အခက်​အခဲဖြစ်​ကြရ​ကြောင်းနဲ့ မြို့မ​ရှောက်​ပင်​ထုံးအင်းဟာ ဧကတစ်​ရာပဲရှိပေမယ့်​ တကယ်​တမ်းဧက​လေး​ထောင်​​ကျော်​​လောက်​သတ်​မှတ်​ထားတယ်လို့  ရေလုပ်သားတွေက ဆိုကြပါတယ်။   ​အဲဒီမှာတစ်​ပိုင်​တစ်​နိုင်​ငါးရှာ​ဖွေစား​သောက်​ကြတဲ့​ရေလုပ်​သား၁၂ဦးကို ပုဒ်​ပ၄၄၇နဲ့ တ​ရားစွဲထားတာ လ​ပေါင်း၃၀နီးပါးဖြစ်​​နေပြီ​ဖြစ်​​ကြောင်း အခုချိန်​မှာငါးရစ်​ငါးသန်​ကာလလွန်​​မြောက်​သွားပြီဆို​တော့​ ထိန်​​တောအုပ်​စု၊ ကြို့ပင်​သာအုပ်​စု၊ အင်း​တော်လုပ်​အုပ်​စု​၊ ပေါက်​ကုန်းအုပ်​စု၊ ညောင်​ဝိုင်း​ကျေးရွာအုပ်​စုတွေက​ တရားစွဲခံထားရတဲ့ သူ​တွေလိုဖြစ်​မှာစိုးတယ်​ လို့်​လည်း​ရေလုပ်​သား​တွေက​ပြောဆိုပါတယ်​။   ​ရေလုပ်​သား​တွေနဲ့​ဒေသခံ​တွေဟာမိုးညိုမြို့နယ်​မြို့မရပ်​ကွက်​မြို့ဦး​အောင်​ဆုပန်​ဘုရား​ရှေ့ကစတင်​ပြီးမဟာသုမင်္ဂလာ​ကြေးသွန်းဘုရားကြီးအထိလှိုင်​မြစ်​(ခ)မြစ်​မခမြစ်​အား လက်​လုပ်​လက်​စားဆင်းရဲသား​ရေလုပ်​သားများဘုံငါးဖမ်းကွက်​ရရှိ​ရေး၊ ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်​ကြီးချုပ်​မှမိန့်​ကြား​ပြောဆိုခဲ့​သောမြို့မ​ရှောက်​ပင်​ထုံးအင်းပယ်​ဖျက်​​ပေးမည်​ဖြစ်​​ကြောင်း​ပြောဆိုဂတိစကားအ​ကောင်​အထည်​ ​ဖော်​​ဆောင်​ရွက်​​ပေး​ရေး၊  မိုးညိုမြို့နယ်​…

Read More

ဖမ်းခံထားရတဲ့ ဧရာဝတီတိုင်း ဒုလွှတ်တော်ဥက္ကဋ္ဌရဲ့ အာမခံအတွက် ဆရာဝန်ကိုစစ်ဆေး

ပုသိမ်၊ စက်တင်ဘာ ၁၁-၂၀၁၉ ကိုအောင်(VOM)     ငွေကြေးအလွဲသုံးစားမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ဧရာဝတီလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ဘက်က အချုပ်လွတ် ကျန်းမာရေးအာမခံလျှောက်ထားမူအတွက် တင်သွင်းတဲ့ ဆရာဝန်ကို ဒီနေ့မှာတရားရုံးမှာစတင်စစ်ဆေးခဲ့ပါတယ်။     ဦးစံမင်းအောင်ကို လက်ရှိကုသပေးနေတဲ့ ပုသိမ်ဆေးရုံမှ ဒေါက်တာဇာရှိန်း က ဦးစံမင်းအောင် ဟာ ဘယ်ဘက်ကျောက်ကပ်မကောင်း ကျောက်တည်နေပီး တီဘီရောဂါ နလုံးသွေးကြောကျဉ်းရောဂါနဲ့ လိပ်ခေါင်းရောဂါတွေခံစားနေရပီး အထူးကုဆရာဝန်တွေနဲ့ပြသင့်တယ်လို့ထွက်ဆိုခဲ့ပါတယ်။   “ကျွန်တော့်အမူသည်ဟာ ဖျားနေတာ အပူက ၁၀၆နဲ့၅ရက်ရှိနေပြီ ကျန်းမာရေးတော်တော်မကောင်းတာ ဆရာဝန်ကတော့ အထူးကုနဲ့ပြသင့်တယ်လို့ထွက်ဆိုတဲ့အတွက် အာမခံရမယ်လို့ထင်ပါတယ်” လို့ ဦးစံမင်းအောင်ရဲ့ ရှေ့နေ ဦးခင်မောင်ဦးကပြောပါတယ်။   ပုသိမ်မြို့နယ်တရားသူကြီးဒေါ်ခင်မြတ်မြတ်ထွန်းကတော့ ကျန်းမာရေးအာမခံအတွ ကြားဖြတ်အမိန့်ကို လာမည့်အောက်တိုဘာ၁၃ရက်နေ့မှာ ချမှတ်မယ်လို့ပြန်လည်ချိန်းဆိုလိုက်ပါတယ်။   ဦးစံမင်းအောင်ဟာ ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း တစ်ထောင့်ငါးရာရှစ်ဆယ်ကို အသုံးပြုပြီး တိုင်းလွှတ်တော်အတွက် ကားငါးစီးဝယ်ယူခဲ့ရာမှာ…

Read More

တပ်​မ​တော်​နဲ့ ပြည်​သူ စည်းလုံးမှုရှိဖို့  ကာ​ချုပ်​တိုက်​တွန်း

မန္တ​လေး စက်​တင်​ဘာ ၁၁ – ၂၀၁၉ ဖြူဖြူ (VOM)     နွားကွဲရင်​ ကျားဆွဲနိုင်​တယ်​ဆိုတဲ့စကားပုံ ရှိ​နေ​ပေမယ့်​ မိမိတို့ စည်းစည်းလုံးလုံး ညီညီညွတ်​ညွတ်​ရှိရင်​ ဘယ်​သူမှ ဘာမှမ​ပြောနိုင်​ဘူးလို့ တပ်​မ​တော်​ ကာကွယ်​​ရေး ဦးစီးချုပ်​ ဗိုလ်​ချုပ်​မှူးကြီး မင်း​အောင်​လှိုင်​က ​ပြောပါတယ်​။   ဒီ​နေ့ စက်​တင်​ဘာ ၁၁ ရက်​က မန္တ​လေးမြို့ရှိ ဂျွန်းဗလီအခြေခံဘာသာရေးကျောင်းက အစ္စလာမ်​ ဘာသာဝင်​​တွေအတွက်​ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်​တွေနဲ့ စေတနာရှင်ပြည်သူ​တွေက​နေ အလှူငွေနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ ပေးအပ်လှူဒါန်းတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။     “ကျ​နော်​တို့်အားလုံးဟာ မြန်​မာနိုင်​ငံရဲ့ အရိပ်​အာဝါသ၊ မြန်​မာ့​​ရေ​မြေမှာ အတူတကွ ​နေထိုင်​ကြတဲ့သူ​တွေ ဖြစ်​တဲ့အတွက်​​ကြောင့်​ အားလုံးစည်းစည်းလုံးလုံးနဲ့ တရားဥပ​ဒေနဲ့ အညီ​ပေါ့ ​နေထိုင်​ပြီး တိုင်းပြည်​ရဲ့တိုးတက်​ရာ၊ တိုးတက်​​ကြောင်း…

Read More

ကျပ်သိန်း ၇ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ကလေးမြို့မှာ ဖမ်းမိ

  ကလေး စက်တင်ဘာ ၁၁-၂၀၁၉ နန်းကလျာ (VOM)   ဆိုင်ကယ်နဲ့ သယ်လာတဲ့ ကျပ်သိန်း ၇ ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ပေါ် မှာ  ဖမ်းဆီးရမိခဲ့ပါတယ်။   ဆေးပြားတွေကို ဆိုင်ကယ်နဲ့ သယ်ဆောင်လာသူ ဟာဆိုရင် ကလေးမြို့ မြို့လှရပ်ကွက်မှာနေထိုင်တဲ့ အသက် (၄၂)နှစ် အရွယ် ဦးရွာလ်ဒုသောင် ဖြစ်ပါတယ်။သူ့ကို စက်တင်ဘာလ ၁၀ ရက်နေ့  ညနေ ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က ကလေးမြို့ တောင်ဖီလာရပ်ကွက် အမှတ်(၇)နယ်မြေ အတွင်းမှာ ရှိတဲ့ လိုင်မုန်းလမ်းမပေါ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။   ဆိုင်ကယ်ပေါ်မှာ တင်ဆောင်လာတဲ့ ဆာလာအိတ်နှစ်အိတ်ကို မသင်္ကာလို့ ဖွင့်ဖောက်စစ်ဆေးတဲ့ အခါမှာ ငွေကျပ်သိန်း ခုနှစ်ထောင်သုံးရာကိုးဆယ့်ငါးသိန်း တန်ဖိုးရှိတဲ့ WY…

Read More

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန် ရာထူးမှထုတ်ပယ်ခံရ

ဝါရှင်တန်၊ စက်တင်ဘာ-၁၁-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ သဘောထားတင်းမာတဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။   ၎င်းဟာ  မိမိနဲ့ သဘောထား လုံးဝမတိုက်ဆိုင်ဘူးလို့လည်း မစ္စတာထရန့်က ပြောကြားပါတယ်။ ဂျွန်ဘော်တန်ကို  ရာထူးမှနှုတ်ထွက်ဖို့ မိမိဘက်က တောင်းဆိုခဲ့ပြီး ယနေ့မနက်ပိုင်းမှာ သူရဲ့နှုတ်ထွက်စာကို  မိမိကိုလာပေးခဲ့တယ်လို့  ထရန့်က တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။     လစ်လပ်သွားတဲ့ အမျိုးသားလုံခြုံရေးအကြံပေးနေရာအတွက် လမယ့်သီတင်းပတ်မှာ  အစားထိုးခန့်အပ်မှုပြုလုပ်မယ်လို့ သူကဆိုပါတယ်။ မစ္စတာဘော်တန်ကတော့ ရာထူးကနေ နှုတ်ထွက်လိုက်တာကို အတည်ပြုခဲ့ပြီး တစ်ချိန်ချိန်မှာ ဒီလိုဖြစ်လာမယ်ဆိုတာကို မျှော်လင့်ထားတယ်ဆိုပါတယ်။     အာဖဂန်နစ္စတန်အရေးကစပြီး အီရန်မူဝါဒအထိ နိုင်ငံခြားမူဝါဒရေးရာ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ၎င်းနဲ့ သမ္မတတို့အကြား သဘောထားမတိုက်ဆိုင်ဘူးလို့ ဘော်တန်ကဆိုပါတယ်။   မစ္စတာဘော့တန်ဟာ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ၂၀၁၈ခုနှစ်ဧပြီလမှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မိုက်ကယ်ဖလင်းနဲ့ …

Read More
VOM News

FREE
VIEW