ကရင်အာဇာနည်နေ့ဦးဆောင်သူများ ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် တိုင်စာပို့မယ်

ရန်ကုန် ၊အောက်တိုဘာ ၂-၂၀၁၉
သူရိန် (VOM)

ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံရှေ့မှာ (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကိုဦးဆောင် ကျင်းပခဲ့တဲ့အတွက် ငြိမ်းစုစီပုဒ်မနဲ့ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ ဒေါ်နော်အုံးလှ အပါအ၀င် ကရင်လူငယ် လှစောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ သုံးဦကို တရားစွဲဆိုခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ထောင်ဒဏ် ၁၅ရက် အမိန့်ချမှတ်ခဲ့ပါတယ်။

အမိန့်ချအပြီးမှာတော့ ကျောက်တံတားတရားရုံးကနေ မဟာဗန္ဓုလပန်းခြံအထိတိုင်းရင်းသားအခွင့်အရေးတန်းတူရရှိရေးအတွက် ကြွေးကြော်သံများ ကြွေးကြော်ကာ လူအင်အားတစ်ထောင်နဲ့အတူ ချီတက်လမ်းလျောက်ခဲ့ကြပါတယ်။

ကရင်အာဇာနည်နေ့ ကျင်းပတာနဲ့ပတ်သက်ပြီး ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲထောင်ဒဏ်ချမှတ်ခံရတဲ့အတွက်လည်း
တရားစွဲခံရသူတွေက တိုင်စာ ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar#ရန်ကုန်#ကရင်အာဇာနည်နေ့ဦးဆောင်သူများ#ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် တိုင်စာပို့မယ်#

 

Zawgyi Code


သူရိန် (VOM)





Related posts

Leave a Comment

VOM News

FREE
VIEW