တရုတ်နိုင်ငံတည်ထောင်ခြင်း နှစ်ပါတ်လည်နေ့မှာ ဟောင်ကောင်ဆန္ဒပြသူ ၂၀၀ နီးပါး အဖမ်းခံရ
ဟောင်ကောင်၊ အောက်တိုဘာ-၂-၂၀၁၉ မျိုးဆက် (VOM) ဟောင်ကောင်မှာ လေးလနီးပါးကြာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများဆက်လက်ဖြစ်ပွားနေပြီး အောက်တိုဘာ ၁ ရက်မှာကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ်နေ့မှာ ရဲတပ်ဖွဲ့နဲ့ ဟောင်ကောင်ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့တာကြောင့် ဆန္ဒပြသူတစ်ဦး သေနတ်ပစ်ခံခဲ့ရပြီး လူ ၁၈၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အမျက်ဒေါသထွက်ပြီး လမ်းပေါ်မှာနေရာယူထားတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေကို အသုံးပြုခဲ့တာကြောင့် မနေ့ကဆန္ဒပြမှုတွေမှာ လူ ၁၀၀ ကျော်ဒါဏ်ရာရရှိခဲ့တယ်လို့ ဟောင်ကောင်ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။ ဒါဏ်ရာရသူများထဲမှာ ကျည်ဆံအစစ်နဲ့ ရင်ဘတ်ကိုအပစ်ခံရတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသား တစ်ဦးလည်း ပါဝင်ပြီး လက်ရှိမှာတော့ ဆေးရုံမှာ အခြေအနေကောင်းမွန်လာပြီဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်နေ့မှာ အကြီးအကျယ်ပြုလုပ်ခဲ့တဲ့ ဟောင်ကောင်ဆန္ဒပြပွဲတွေဟာ နိုင်ငံတကာအမြင်မှာ ဒီမိုကရေစီအရေးတိုက်ပွဲဝင်တဲ့ လှုပ်ရှားမှုတွေကို မြင်သာစေဖို့နဲ့ ပေကျင်းကိုရောက်ရှိနေတဲ့ ဟောင်ကောင်ခေါင်းဆောင်တွေ…
Read More
ကရင်အာဇာနည်နေ့ဦးဆောင်သူများ ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် တိုင်စာပို့မယ်
ရန်ကုန် ၊အောက်တိုဘာ ၂-၂၀၁၉ သူရိန် (VOM) ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံရှေ့မှာ (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကိုဦးဆောင် ကျင်းပခဲ့တဲ့အတွက် ငြိမ်းစုစီပုဒ်မနဲ့ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ ဒေါ်နော်အုံးလှ အပါအ၀င် ကရင်လူငယ် လှစောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ သုံးဦကို တရားစွဲဆိုခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ထောင်ဒဏ် ၁၅ရက် အမိန့်ချမှတ်ခဲ့ပါတယ်။ အမိန့်ချအပြီးမှာတော့ ကျောက်တံတားတရားရုံးကနေ မဟာဗန္ဓုလပန်းခြံအထိတိုင်းရင်းသားအခွင့်အရေးတန်းတူရရှိရေးအတွက် ကြွေးကြော်သံများ ကြွေးကြော်ကာ လူအင်အားတစ်ထောင်နဲ့အတူ ချီတက်လမ်းလျောက်ခဲ့ကြပါတယ်။ ကရင်အာဇာနည်နေ့ ကျင်းပတာနဲ့ပတ်သက်ပြီး ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲထောင်ဒဏ်ချမှတ်ခံရတဲ့အတွက်လည်း တရားစွဲခံရသူတွေက တိုင်စာ ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar#ရန်ကုန်#ကရင်အာဇာနည်နေ့ဦးဆောင်သူများ#ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် တိုင်စာပို့မယ်#   Zawgyi Code ကရင်အာဇာနည်နေ့ဦးဆောင်သူများ ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် တိုင်စာပို့မယ် ရန်ကုန် ၊အောက်တိုဘာ ၂-၂၀၁၉ သူရိန် (VOM) ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံရှေ့မှာ (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကိုဦးဆောင် ကျင်းပခဲ့တဲ့အတွက် ငြိမ်းစုစီပုဒ်မနဲ့ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ ဒေါ်နော်အုံးလှ အပါအ၀င်…
Read More
၈ တန်းကျောင်းသူကို ခိုးပြေးတဲ့ ကျောင်းထိုင်ဘုန်းကြီးကို မိခင်ဖြစ်သူက အမှုဖွင့်
Unicode ပြည်-အောက်တိုဘာ၂-၂၀၁၉ ဂျန်ကိုးလ် (VOM) ပဲခူးတိုင်း ပြည်ခရိုင်ပေါင်းတလည်မြို့နယ်မှာ ညောင်ကုန်းရွာက အသက်၁၃ နှစ်၅လအရွယ် ၈ တန်းကျောင်းသူကို တရွာတည်းနေ ကျောင်းထိုင်ဆရာတော်က ကားတင်ပြီး ခိုးပြေးခဲ့လို့ မိခင်ဖြစ်သူက ပေါင်းတလည် နယ်မြေရဲခစန်းမှာ အမှုဖွင့်ထားပါတယ်။   စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းကျောင်းသွားချိန် စာသင်ကျောင်းအနီးမှာ ကားနဲ့အသင့်စောင့်နေပြီး ကျောင်းသူကို ပြည်ဘက်ကားလမ်းအတိုင်းခေါ်ဆောင်သွားတာလို့ ကျောင်းတက်ဖေါ် ညီမဝမ်းကွဲက မြင်တွေ့ခဲ့ပြီးမိခင်ဖြစ်သူကို အကြောင်းကြားခဲ့လို့ မိခင်က အမှုဖွင့်ခဲ့တာလို့ ပြောပါတယ်။   အသက်မပြည့်သေးတဲ့ ကလေးကိုခေါ်သွားတဲ့ ဘုန်းကြီးဟာ ပေါင်းတလည်မြို့နယ် သူဋ္ဌေးအုပ်စု ညောင်ကုန်းရွာ ရှမ်းကန်ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် အဂ္ဂဓမ္မ အသက် ၄၀ ဝါ ၂၀ ဖြစ်တယ်လို့ သိရပါတယ်။   “ကျမသမီးလေးကို ပြန်လိုချင်ပါတယ် အသက်ကလည်း မပြည့်သေးဘူး အရမ်းစိတ်ပူနေတယ် အရမ်းစိုးရိမ်မိတယ် ရောင်းစားဘို့ တစ်ဖက်နိုင်ငံပါသွားမှာကိုအရမ်းစိတ်ပူတယ်…
Read More
ဂျပန်ပင်လယ်အတွင်းသို့ တိုက်ချင်းပစ်ဒုံးပျံတွေ မြောက်ကိုရီးယားပစ်ခတ် ဆိုးလ်၊ အောက်တိုဘာ-၂-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေပြန်စမယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ပြီး နာရီအနည်းငယ်အကြာမှာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောပေါ်ကနေ တိုက်ချင်းပစ်ဒုံးပျံတွေ ပစ်လွှတ်ခဲ့ဖွယ်ရှိပါတယ်။ အဲဒီဒုံးပျံတွေကို မြောက်ကိုရီးယားနိုင်ငံ ဝန်ဆန်ဆိပ်ကမ်းအနီးကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဂျပန်ပင်လယ်ထဲမကျရောက်မီအမြင့် ၉၁၀ ကီလိုမီကနေ မိုင် ၂၈၀ အထိခရီးရောက်ခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ တိုက်ချင်းပစ်ဒုံးပျံနည်းပညာအသုံးပြုခြင်းမှ မြောက်ကိုရီးယားကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဆိုပါတယ်။ အမေရိကန်နဲ့ နျူကလီးယားစွန့်လွှတ်ရေး ဆွေးနွေးပွဲတွေကို ယခုသီတင်းပတ်အစောပိုင်းမှာ ပြန်လည်စတင်နိုင်တော့မယ်လို့ ဒုံးပျံတွေမစမ်းသပ်မီနာရီအနည်းငယ်အလိုမှာ မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ဖေဖော်ဝါရီလအတွင်း ဟနွိုင်းမှာ ပြုလုပ်တဲ့ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားပြီးနောက် နျူကလီးယားစွန့်လွှတ်ရေးဆွေးနွေးပွဲတွေဟာ ရပ်တန့်နေခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒီနှစ်အတွင်း…
Read More
မဟတ္တမ ဂန္ဓီရဲ့ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းများ ရောင်းချပေး
                                      Unicode မန္တလေး၊ အောက်တိုဘာ ၂-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း နဲ့ မန္တလေးမြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံကောင်စစ်၀န်ချုပ်ရုံးတို့ပူးပေါင်းပြီး အိန္ဒိယနိုင်ငံ လူထူခေါင်းဆောင် မဟတ္တမ ဂန္ဓီရဲ့ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် မဟတ္တမ ဂန္ဓီ ပုံပါ အထူးတံဆိပ်ခေါင်းများရောင်းချပေးတဲ့အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက မန္တလေးစာတိုက်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ ” အထူးထုတ် တံဆိပ်ခေါင်းတစ်ခုကို ၁၀၀ကျပ်နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ အခုရေ ၁၀သိန်းရောင်းချပေးပါတယ်၊ မန္တလေးစာတိုက်ကြီးအနေနဲ့ အခုရေ ၅သောင်းရောင်းချပေးတာ ဖြစ်ပါတယ်၊ တံဆိပ်ခေါင်းအပြင် ပိုစ့်ကတ်အခု၇၀၀ကိုပါ ရောင်းချပေးမှဖြစ်ပါတယ်၊ မဟတ္တမ ဂန္ဓီရဲ့ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် အနေနဲ့ရောင်းချပေးတာ…
Read More
VOM News
FREE
VIEW