ဂျပန်ပင်လယ်အတွင်းသို့ တိုက်ချင်းပစ်ဒုံးပျံတွေ မြောက်ကိုရီးယားပစ်ခတ် (ဂ်ပန္ပင္လယ္အတြင္းသို႔တိုက္ခ်င္းပစ္ဒံုးပ်ံေတြေျမာက္ကိုရီးယားပစ္ခတ္)

ဂျပန်ပင်လယ်အတွင်းသို့ တိုက်ချင်းပစ်ဒုံးပျံတွေ မြောက်ကိုရီးယားပစ်ခတ်

ဆိုးလ်၊ အောက်တိုဘာ-၂-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေပြန်စမယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ပြီး နာရီအနည်းငယ်အကြာမှာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောပေါ်ကနေ တိုက်ချင်းပစ်ဒုံးပျံတွေ ပစ်လွှတ်ခဲ့ဖွယ်ရှိပါတယ်။

အဲဒီဒုံးပျံတွေကို မြောက်ကိုရီးယားနိုင်ငံ ဝန်ဆန်ဆိပ်ကမ်းအနီးကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဂျပန်ပင်လယ်ထဲမကျရောက်မီအမြင့် ၉၁၀ ကီလိုမီကနေ မိုင် ၂၈၀ အထိခရီးရောက်ခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလိုလုပ်ဆောင်မှုဟာ တိုက်ချင်းပစ်ဒုံးပျံနည်းပညာအသုံးပြုခြင်းမှ မြောက်ကိုရီးယားကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဆိုပါတယ်။

အမေရိကန်နဲ့ နျူကလီးယားစွန့်လွှတ်ရေး ဆွေးနွေးပွဲတွေကို ယခုသီတင်းပတ်အစောပိုင်းမှာ ပြန်လည်စတင်နိုင်တော့မယ်လို့ ဒုံးပျံတွေမစမ်းသပ်မီနာရီအနည်းငယ်အလိုမှာ မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ဖေဖော်ဝါရီလအတွင်း ဟနွိုင်းမှာ ပြုလုပ်တဲ့ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားပြီးနောက် နျူကလီးယားစွန့်လွှတ်ရေးဆွေးနွေးပွဲတွေဟာ ရပ်တန့်နေခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒီနှစ်အတွင်း ဒုံးပျံစမ်းသပ်မှုတွေဟာ အခုပစ်ခတ်မှုနဲ့ဆိုရင် ၁၁ ကြိမ်မြောက်ဖြစ်ပြီး နောက်ဆုံးပစ်လွှတ်လိုက်တဲ့ ဒုံးပျံရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေး၊ စွမ်းရည်တွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အထူးစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။

Ref : BBC
Photo :Getty Images

#vocieofmyanmar #ဂျပန် #မြောက်ကိုရီးယား

 

Zawgyi

 

ဂ်ပန္ပင္လယ္အတြင္းသို႔တိုက္ခ်င္းပစ္ဒံုးပ်ံေတြေျမာက္ကိုရီးယားပစ္ခတ္

 

ဆိုးလ္၊ေအာက္တိုဘာ-၂-၂၀၁၉

မ်ိဳးဆက္(VOM)

 

အေမရိကန္နဲ႔န်ဴကလီးယားေဆြးေႏြးပြဲေတြျပန္စမယ္လို႔ေျမာက္ကိုရီးယားကထုတ္ျပန္ျပီးနာရီအနည္းငယ္အၾကာမွာေျမာက္ကိုရီးယားေရငုပ္သေဘၤာေပၚကေနတိုက္ခ်င္းပစ္ဒံုးပ်ံေတြပစ္လႊတ္ခဲ႔ဖြယ္ရိွပါတယ္။

 

အဲဒီဒံုးပ်ံေတြကိုေျမာက္ကိုရီးယားနုိင္ငံ၀န္ဆန္ဆိပ္ကမ္းအနီးကေနပစ္လႊတ္ခဲ႔တာျဖစ္ျပီးဂ်ပန္ပင္လယ္ထဲမက်ေရာက္မီအျမင္႔၉၁၀ကီလိုမီကေနမိုင္၂၈၀အထိခရီးေရာက္ခဲ႔တယ္လို႔ေတာင္ကိုရီးယားတာ၀န္ရိွသူေတြကေျပာပါတယ္။

 

ဒီလိုလုပ္ေဆာင္မႈဟာတိုက္ခ်င္းပစ္ဒံုးပ်ံနည္းပညာအသံုးျပဳျခင္းမွေျမာက္ကိုရီးယားကိုပိတ္ပင္ထားတဲ႔ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ဆံုးျဖတ္ခ်က္ေတြကိုခ်ိဳးေဖာက္လိုက္တာျဖစ္တယ္လို႔ဂ်ပန္၀န္ၾကီးခ်ဳပ္ရွင္ဇိုအာေဘးကဆုိပါတယ္။

 

အေမရိကန္နဲ႔န်ဴကလီးယားစြန္႔လႊတ္ေရးေဆြးေႏြးပြဲေတြကိုယခုသီတင္းပတ္အေစာပိုင္းမွာျပန္လည္စတင္နိုင္ေတာ႔မယ္လို႔ဒံုးပ်ံေတြမစမ္းသပ္မီနာရီအနည္းငယ္အလိုမွာေျမာက္ကိုရီးယားကထုတ္ျပန္ခဲ႔ပါတယ္။

 

အေမရိကန္သမၼတေဒၚနယ္ထရန္႔နဲ႔ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအန္တို႔အၾကားေဖေဖာ္၀ါရီလအတြင္းဟႏြိဳင္းမွာျပဳလုပ္တဲ႔ေဆြးေႏြးပြဲသေဘာတူညီခ်က္မရဘဲျပီးဆံုးသြားျပီးေနာက္န်ဴကလီးယားစြန္႔လႊတ္ေရးေဆြးေႏြးပြဲေတြဟာရပ္တန္႔ေနခဲ႔ပါတယ္။

 

ေျမာက္ကိုရီးယားရဲ႕ဒီနွစ္အတြင္းဒံုးပ်ံစမ္းသပ္မႈေတြဟာအခုပစ္ခတ္မႈနဲ႔ဆိုရင္၁၁ၾကိမ္ေျမာက္ျဖစ္ျပီးေနာက္ဆံုးပစ္လႊတ္လိုက္တဲ႔ဒံုးပ်ံရဲ႕ပစ္ခတ္နိုင္တဲ႔အကြာအေ၀း၊စြမ္းရည္ေတြနဲ႔ပတ္သက္ျပီးအာဏာပိုင္ေတြကအထူးစိုးရိမ္ပူပန္ေၾကာင္းထုတ္ေဖာ္ေျပာဆိုထားၾကပါတယ္။

 

Ref : BBC

Photo :Getty Images

 

#vocieofmyanmar #ဂ်ပန္ #ေျမာက္ကိုုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW