တရုတ်နိုင်ငံတည်ထောင်ခြင်း နှစ်ပါတ်လည်နေ့မှာ ဟောင်ကောင်ဆန္ဒပြသူ ၂၀၀ နီးပါး အဖမ်းခံရ

ဟောင်ကောင်၊ အောက်တိုဘာ-၂-၂၀၁၉
မျိုးဆက် (VOM)

ဟောင်ကောင်မှာ လေးလနီးပါးကြာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများဆက်လက်ဖြစ်ပွားနေပြီး အောက်တိုဘာ ၁ ရက်မှာကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ်နေ့မှာ ရဲတပ်ဖွဲ့နဲ့ ဟောင်ကောင်ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့တာကြောင့် ဆန္ဒပြသူတစ်ဦး သေနတ်ပစ်ခံခဲ့ရပြီး လူ ၁၈၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အမျက်ဒေါသထွက်ပြီး လမ်းပေါ်မှာနေရာယူထားတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေကို အသုံးပြုခဲ့တာကြောင့် မနေ့ကဆန္ဒပြမှုတွေမှာ လူ ၁၀၀ ကျော်ဒါဏ်ရာရရှိခဲ့တယ်လို့ ဟောင်ကောင်ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။
ဒါဏ်ရာရသူများထဲမှာ ကျည်ဆံအစစ်နဲ့ ရင်ဘတ်ကိုအပစ်ခံရတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသား တစ်ဦးလည်း ပါဝင်ပြီး လက်ရှိမှာတော့ ဆေးရုံမှာ အခြေအနေကောင်းမွန်လာပြီဖြစ်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်နေ့မှာ အကြီးအကျယ်ပြုလုပ်ခဲ့တဲ့ ဟောင်ကောင်ဆန္ဒပြပွဲတွေဟာ နိုင်ငံတကာအမြင်မှာ ဒီမိုကရေစီအရေးတိုက်ပွဲဝင်တဲ့ လှုပ်ရှားမှုတွေကို မြင်သာစေဖို့နဲ့ ပေကျင်းကိုရောက်ရှိနေတဲ့ ဟောင်ကောင်ခေါင်းဆောင်တွေ အရှက်ရစေဖို့အတွက် ရည်ရွယ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီဟောင်းဖြစ်တဲ့ ဟောင်ကောင်မှာ သံသယရှိသူတရားခံကိုတရုတ်ပြည်မကြီးဆီ လွှဲပြောင်းစီရင်တာကို ခွင့်ပြုတဲ့ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေကြောင့် ဆန္ဒပြမှုတွေစတင်ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိမှာ ဒီဥပေဒကို ရုပ်သိမ်းလိုက်ပြီဖြစ်ပေမယ့် ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲအသွင်ကို တစ်ဖြည်းဖြည်းပြောင်းလဲလာနေပါတယ်။
Ref : CNA
Photo : AFP
#voiceofmyanmar#ဟောင်ကောင်# တရုတ်နိုင်ငံတည်ထောင်ခြင်းနှစ်ပါတ်လည်နေ့မှာ#ဟောင်ကောင်ဆန္ဒပြသူ၂၀၀နီးပါးအဖမ်းခံရ#

 

Zawgyi Code

တရုတ္နိုင္ငံတည္ေထာင္ျခင္း နွစ္ပါတ္လည္ေန႔မွာ ေဟာင္ေကာင္ဆႏၵျပသူ ၂၀၀ နီးပါး အဖမ္းခံရ

ေဟာင္ေကာင္၊ ေအာက္တိုဘာ-၂-၂၀၁၉
မ်ိဳးဆက္ (VOM)

ေဟာင္ေကာင္မွာ ေလးလနီးပါးၾကာ အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲမ်ားဆက္လက္ျဖစ္ပြားေနျပီး ေအာက္တိုဘာ ၁ ရက္မွာက်ေရာက္တဲ႔ တရုတ္ျပည္သူ႔သမၼတနိုင္ငံတည္ေထာင္ျခင္း နွစ္ပတ္လည္အထိမ္းအမွတ္ေန႔မွာ ရဲတပ္ဖြဲ႔နဲ႔ ေဟာင္ေကာင္ဆႏၵျပသူေတြအၾကား ပဋိပကၡေတြျဖစ္ပြားခဲ႔တာေၾကာင္႔ ဆႏၵျပသူတစ္ဦး ေသနတ္ပစ္ခံခဲ႔ရျပီး လူ ၁၈၀ ေက်ာ္ကို ရဲတပ္ဖြဲ႔က ဖမ္းဆီးလုိက္ပါတယ္။
အမ်က္ေဒါသထြက္ျပီး လမ္းေပၚမွာေနရာယူထားတဲ႔ ဆႏၵျပသူေတြကို လူစုခြဲဖို႔ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုးေတြနဲ႔ မီးသတ္ပိုက္ေတြကို အသံုးျပဳခဲ႔တာေၾကာင္႔ မေန႔ကဆႏၵျပမႈေတြမွာ လူ ၁၀၀ ေက်ာ္ဒါဏ္ရာရရိွခဲ႔တယ္လို႔ ေဟာင္ေကာင္ေဆးရံုအာဏာပိုင္ေတြက ေျပာပါတယ္။
ဒါဏ္ရာရသူမ်ားထဲမွာ က်ည္ဆံအစစ္နဲ႔ ရင္ဘတ္ကိုအပစ္ခံရတဲ႔ အသက္ ၁၈ နွစ္အရြယ္ ေက်ာင္းသား တစ္ဦးလည္း ပါဝင္ျပီး လက္ရိွမွာေတာ႔ ေဆးရံုမွာ အေျခအေနေကာင္းမြန္လာျပီျဖစ္ပါတယ္။
တရုတ္ျပည္သူ႔သမၼတနိုင္ငံတည္ေထာင္ျခင္း နွစ္ ၇၀ ျပည္႔အထိမ္းအမွတ္ေန႔မွာ အၾကီးအက်ယ္ျပဳလုပ္ခဲ႔တဲ႔ ေဟာင္ေကာင္ဆႏၵျပပြဲေတြဟာ နိုင္ငံတကာအျမင္မွာ ဒီမိုကေရစီအေရးတိုက္ပြဲ၀င္တဲ႔ လႈပ္ရွားမႈေတြကို ျမင္သာေစဖုိ႔နဲ႔ ေပက်င္းကိုေရာက္ရိွေနတဲ႔ ေဟာင္ေကာင္ေခါင္းေဆာင္ေတြ အရွက္ရေစဖုိ႔အတြက္ ရည္ရြယ္ျပဳလုပ္ခဲ႔ၾကတာျဖစ္ပါတယ္။
ျဗိတိသွ်ကိုလိုနီေဟာင္းျဖစ္တဲ႔ ေဟာင္ေကာင္မွာ သံသယရိွသူတရားခံကိုတရုတ္ျပည္မၾကီးဆီ လႊဲေျပာင္းစီရင္တာကို ခြင္႔ျပဳတဲ႔ အျငင္းပြားဖြယ္ တရားခံလႊဲေျပာင္းေရး ဥပေဒေၾကာင္႔ ဆႏၵျပမႈေတြစတင္ေပၚေပါက္ခဲ႔ပါတယ္။ လက္ရိွမွာ ဒီဥေပဒကို ရုပ္သိမ္းလိုက္ျပီျဖစ္ေပမယ္႔ ဒီမိုကေရစီအေရး ေတာင္းဆိုတဲ႔ ဆႏၵျပပြဲအသြင္ကို တစ္ျဖည္းျဖည္းေျပာင္းလဲလာေနပါတယ္။
Ref : CNA
Photo : AFP
#voiceofmyanmar#ေဟာင္ေကာင္# တရုတ္နိုင္ငံတည္ေထာင္ျခင္းနွစ္ပါတ္လည္ေန႔မွာ#ေဟာင္ေကာင္ဆႏၵျပသူ၂၀၀နီးပါးအဖမ္းခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW